• Follow Us on

Home လူငယ်များကို ရိုးသားကြိုးစားပြီး လောကကိုအလှဆင်နိုင်သူများဖြစ်အောင်ပျိုးထောင်ပေး‌စေလိုကြောင်း ပညာရေးဝန်ကြီးပြောကြား

လူငယ်များကို ရိုးသားကြိုးစားပြီး လောကကိုအလှဆင်နိုင်သူများဖြစ်အောင်ပျိုးထောင်ပေး‌စေလိုကြောင်း ပညာရေးဝန်ကြီးပြောကြား

Share this post

ရန်ကုန်၊ နိုဝင်ဘာ ၉ (People Media)

 

လူငယ်များကို ရိုးသားကြိုးစားပြီး လောကကို အလှဆင်နိုင်သူများဖြစ်အောင် ပျိုးထောင်ပေး‌စေလိုပါကြောင်း၊ မည်သည့် ခွဲခြားမှုမျှမရှိစေဘဲ သင်ယူမှုအခွင့်အလမ်း တပြေးညီရရှိအောင် ဆောင်ရွက်ပေးစေလိုပါကြောင်း၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ပြောသည်။

 

မိတ္ထီလာတက္ကသိုလ်၊ မိတ္ထီလာစီးပွားရေးတက္ကသိုလ်နှင့် မိတ္ထီလာပညာရေးဒီဂရီကောလိပ်တို့၌ နည်းပြသရုပ်ပြ ဆရာဆရာမသစ်လွင်များ ကြိုဆိုပွဲနှင့် မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် အဆိုပါ တက္ကသိုလ်များရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီးမှ တက်ရောက်အမှာစကား ပြော ကြားခဲ့ခြင်းဖြစ်သည်။

 

အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက နိုင်ငံတော်ဝန်ကြီးချုပ်အနေ ဖြင့် ပညာရေးအဆင့်မြှင့်တင်ရေး ဆောင်ရွက်ရန်၊ ဆရာဆရာမများ အရည်အ‌သွေးမြှင့်တင်ရေး ဆောင်ရွက် ရန်နှင့် နိုင်ငံတော်တွင် ပညာတတ်များပေါများအောင် ဆောင်ရွက်ရန် အမြဲလမ်းညွှန်လျက်ရှိပါကြောင်း၊ ဆရာ ဆရာမ များအနေဖြင့် ကျောင်းသားကျောင်းသူများကို သက်ဆိုင်ရာ ဘာသာရပ်များ သင်ကြားပေးရုံသာမက  ကျောင်းသားကျောင်းသူများကလည်း မင်္ဂလာတရား၊ ဂါရဝတရားနှင့်အညီ ပြောဆိုဆက်ဆံတတ်ရေး မြန်မာ့ ယဉ်ကျေးမှုအစဉ်လာများ ဆက်လက်ထိန်းသိမ်း‌စေရေးအတွက်လည်း အလေးထားဆောင်ရွက်ပေးကြစေ လိုပါကြောင်း၊ လူတိုင်းစည်းကမ်းလိုက်နာမှ တိုးတက်မည်ဖြစ်၍ ကျောင်းသားကျောင်းသူများ စည်းကမ်း ကောင်းမွန်အောင် လေ့ကျင့်ပေးစေလိုပါကြောင်း ပြောကြားသည်။

 

ဆရာများသည် ထာဝရဆရာများဖြစ်သကဲ့သို့ ထာဝရစေတနာ့ဝန်ထမ်းများလည်းဖြစ်သဖြင့် မိမိတို့ထက် အသိပညာ အတတ်ပညာ အတွေ့အကြုံ ပိုမိုရင့်ကျက်‌သော ဆရာကြီး ဆရာမကြီးများအ‌ပေါ် ဂါရဝတရား ရှေ့ထား၍ လေးစားစွာပြုမူဆက်ဆံကြရမည်ဖြစ်ပါကြောင်း၊ ဆရာများအနေဖြင့် မိမိကိုယ်ကို ထာဝရကျောင်း သားကြီးများအဖြစ်ခံယူ၍ အမြဲမပြတ် သင်ယူဆည်းပူးလေ့လာနေရမည်ဖြစ်ပါကြောင်း၊ ဆရာများကိုယ်တိုင်စံပြ ထူးချွန်ထက်မြက်နေမှသာ တပည့်များကိုလည်း ထူးချွန်ထက်မြက်အောင် ပြုစုပျိုးထောင်ပေးနိုင်မည်ဖြစ်ပါ ကြောင်း၊ ပြည်ထောင်စုဝန်ကြီးက ပြောသည်။

 

ထိုနောက် ပြည်ထောင်စုဝန်ကြီးက ဆရာသည် စာများများ ဖတ်ရန်လိုအပ်ပြီး စာကြည့်တိုက်၊ အင်တာနက် စသည်များတွင် မိမိတို့ကိုယ်တိုင် လေ့လာပြီး တပည့်များကိုလည်း သင်ကြား‌လေ့ကျင့်ပေးစေလိုပါကြောင်း၊ မိမိတို့တပည့်များအား တစ်ချိန်တွင်မိမိတို့ နေရာ၌ လက်ဆင့်ကမ်း ပေးခဲ့ကြရမည်ဖြစ်၍ ယခုကတည်းက အရည်အသွေးရှိအောင် သင်ကြားပေးကြစေလိုပါကြောင်း၊ ပြောကြားခဲ့သည်။

 

#PeopleMedia #ပညာရေး

 

(unicode)


……………………………………………………….

 


 


 


 


 


 


 



Share this post