• Follow Us on
Latest News

Home လူစားထိုး စာမေးပွဲဖြေခိုင်းတဲ့ ဘင်္ဂလားဒေ့ရှ် လွှတ်တော် အမတ် ကျောင်းထုတ်ခံရ

လူစားထိုး စာမေးပွဲဖြေခိုင်းတဲ့ ဘင်္ဂလားဒေ့ရှ် လွှတ်တော် အမတ် ကျောင်းထုတ်ခံရ

Share this post

ဘင်္ဂလားဒေ့ရှ် အမျိုးသမီးလွှတ်တော်အမတ်တစ်ဦးဟာ စာမေးပွဲကို ရုပ်ချင်းတူတဲ့သူတွေကို ငှားရမ်းပြီး ဖြေဆိုစေခဲ့တဲ့အတွက် ကျောင်းက ထုတ်ပယ်ခံခဲ့ရပါတယ်။

လက်ရှိအာဏာရပါတီရဲ့ လွှတ်တော်အမတ်တစ်ဦးဖြစ်တဲ့ တာမန်နာနူစ်ရက်ဟာ အနည်းဆုံး တက္က သိုလ်စာမေးပွဲ ၁၁ ကြိမ်ကို လူချင်းတူတဲ့သူတွေကို ငှားရမ်းပြီး လိမ်လည်ဖြေဆိုစေခဲ့တာဖြစ်ပြီး ငှားရမ်းခဲ့သူ ၈ ဦးထိရှိခဲ့တယ်လို့သိရပါတယ်။ ]

ပုဂ္ဂလိက ရုပ်သံလိုင်းတစ်ခုရဲ့ ရုပ်သံအစီအစဉ်ထုတ်လွှင့်သူတစ်ဦးက စာမေးပွဲခန်းထဲဝင်ပြီး ရိုက်ကူးရေးပြုလုပ်ခဲ့ရာက နူစ်ရက်ဟန်ဆောင်ထားတဲ့သူရဲ့ ဗီဒီယိုဟာ ပျံ့နှံ့သွားခဲ့ပြီး အဖြစ်မှန်ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။

နူစ်ရက်ဟာ ပြီးခဲ့တဲ့နှစ်က လွှတ်တော်အမတ်အဖြစ် ရွေးချယ်ခံထားရတာဖြစ်ပါတယ်။

Ref; https://www.aljazeera.com

(unicode)
လူစားထိုး စာမေးပွဲဖြေခိုင်းတဲ့ ဘင်္ဂလားဒေ့ရှ် လွှတ်တော် အမတ် ကျောင်းထုတ်ခံရ
————————————————————————-