• Follow Us on

Home လူစုလူဝေးဖြင့် ဆန္ဒပြမှုများကြောင့် COVID-19 ရောဂါမဖြစ်ပွားနိုင်ဟု အာမမခံဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌပြော

လူစုလူဝေးဖြင့် ဆန္ဒပြမှုများကြောင့် COVID-19 ရောဂါမဖြစ်ပွားနိုင်ဟု အာမမခံဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌပြော

Share this post

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ (People Media)

 

လက်ရှိတွင် COVID-19 ရောဂါစစ်ဆေးမှုများ နည်းပါးခြင်းကြောင့် ရောဂါပိုးတွေ့ရှိမှုသည် နည်းပါးနေသော် လည်း လူစုလူဝေးဖြင့်ဆန္ဒပြမှုများကြောင့် COVID-19 ရောဂါမဖြစ်ပွားလာနိုင်ဟု အာမမခံနိုင်ကြောင်း နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

 

ဖေဖော်ဝါရီ ၂၅ ရက်နေ့က ပြုလုပ်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီမံအုပ်ချုပ်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်က အထက်ပါအတိုင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

 

“လက်တလောအခြေအနေမှာ ရောဂါတွေ့ရှိမှုများ ကျဆင်းသွားပါကြောင်း၊ ယင်းသို့ တွေ့ရှိမှုနည်းပါးခြင်းမှာ စစ်ဆေးမှုနည်းပါးခြင်းကြောင့် တွေ့ရှိမှုနည်းပါးခြင်းဖြစ်နိုင်ကြောင်း ပြီးခဲ့သည့်ရက်သတ္တပတ်များက လူစုလူဝေး ဖြစ်ပွားမှုများကြောင့် COVID-19 ရောဂါမကူးစက်နိုင်ဟု အာမမခံနိုင်ကြောင်း” ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ပြောသည်။

 

COVID 19 ရောဂါကာကွယ်ရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ လုပ်ဆောင်သင့်သည့်ကိစ္စများကို ဆက်လက် လုပ်ဆောင်သွားရန် လိုအပ်ကြောင်း မကြာမီတွင် မြန်မာနိုင်ငံအတွက် ကာကွယ်ဆေးများထပ်မံရောက်ရှိမည် ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

 

“COVID-19 ရောဂါကာကွယ်ဆေးထိုးနှံမှုနှင့်ပတ်သက်သည့်လုပ်ငန်းများကို ဆက်လက်လုပ်ကိုင်နေကြောင်း၊ တစ်ဖက်တွင်လဲ ကာကွယ်ဆေးရရှိရေးအတွက် ကြိုးစားဆောင်ရွက်နေပြီ စာချုပ်အရ ရရှိမည် ကာကွယ်ဆေး များလဲ ထပ်မံရရှိမည်ဖြစ်ကြောင်း ပုဂ္ဂလိက ဆေးဝါးကုမ္ပဏီများကိုလဲ သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ဆေးဝါးတင်သွင်းခွင့်ပြုကြောင်း” ဟု  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြောသည်။

 

လက်ရှိ မြန်မာနိုင်ငံတွင် COVID 19 ရောဂါဖြစ်ပွားမှုကြောင့် လူဦးရေ ၁ ဒသမ ၄ သိန်းကျော် ကူးစက်ခဲ့ပြီး လူဦးရေ ၃၂၀၀ ကျော် သေဆုံးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

 

#PeopleMedia #COVID-19

 

(unicode)

 

လူစုလူဝေးဖွင့ျ ဆန်ဒပွမှုမြားကွောင့ျ COVID-19 ရောဂါမဖွဈပှားနိုငျဟု အာမမခံဟု နိုငျငံတောျစီမံအုပျခြုပျရေး ကောငျစီဥက်ကဋ်ဌပွော
………………………………………………………….








#PeopleMedia #COVID-19


Share this post