• Follow Us on
Latest News

Home လူတစ်ယောက်တည်းရဲ့ သဘောထားနဲ့ တိုင်းပြည်ကြီးကို ခေါင်းဆောင်နေတာ မလိုတော့ကြောင်း SNLD ဒု-ဥက္ကဌ ပြောဆို


Share this post

ရန်ကုန်၊ ဒီဇင်ဘာ – ၃၀

 


 

ဦးကိုကိုကြီးဦးဆောင်သော ပြည်သူ့ပါတီဝင်များပါဝင်သော ရွေးကောက်ပွဲအကြိုပြင်ဆင်ရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ စကားဝိုင်းမှာ ဦးစိုင်းညွှန့်လွင်က အထက်ပါအတိုင်းပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။

 


 


 

#PeopleMedia #SNLD

 

(unicode)

လူတစ်ယောက်တည်းရဲ့ သဘောထားနဲ့ တိုင်းပြည်ကြီးကို ခေါင်းဆောင်နေတာ မလိုတော့ကြောင်း SNLD ဒု-ဥက္ကဌ ပြောဆို
…………………………………………………………………………………………………………………

ရန်ကုန်၊ ဒီဇင်ဘာ – ၃၀

လူတစ်ယောက်တည်းရဲ့ သဘောထားနဲ့ တိုင်းပြည်ကြီးကို ခေါင်းဆောင်နေတာ မလိုတော့ကြောင်း SNLD ဒု-ဥက္ကဌ ဦးစိုင်းညွှန့်လွင်က ပြောဆိုလိုက်ပါတယ်။

ဦးကိုကိုကြီးဦးဆောင်သော ပြည်သူ့ပါတီဝင်များပါဝင်သော ရွေးကောက်ပွဲအကြိုပြင်ဆင်ရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ စကားဝိုင်းမှာ ဦးစိုင်းညွှန့်လွင်က အထက်ပါအတိုင်းပြောဆု်ိခဲ့တာလည်း ဖြစ်ပါတယ်။

“၁၉၆၂ ခုနှစ်ကတည်းက တစ်ယောက်ထဲ ခေါင်းဆောင်ခဲ့တယ်။ ဒီနှစ်မှာလည်း တစ်ယောက်တည်း ခေါင်း ဆောင်နေတယ်။ ဒါကို ပြောင်းလဲဖို့ လိုတယ်လို့ ကျွန်တော်ပြောချင်တယ်။ အားလုံးစုပေါင်းခေါင်းဆောင်တာမျိုး ကျွန်တော်တို့ မျှော်လင့်တယ်။ ဖြစ်လည်းဖြစ်စေချင်တယ်။ တစ်ကယ်အရည်အချင်းရှိပြီး တကယ်အနစ်နာခံတဲ့ အစိုးရအဖွဲ့က ခေါင်းဆောင်မျိုးကို လိုချင်တယ်။ လူတစ်ယောက်တည်းရဲ့ သဘောထားနဲ့ တိုင်းပြည်ကြီးကို ခေါင်းဆောင်နေတာ ကျွန်တော်တို့ မလိုတော့ဘူး။ ဘာကြောင့်လဲဆိုတော့ သက်သေရှိပြီးသား။ အားလုံး ဒုက္ခ ရောက်နေတယ်”ဟု ဦးစိုင်းညွှန့်လွင်က အဆိုပါစကားဝိုင်း၌ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

SNLD ပါတီသည် ရှမ်းပြည်နယ်၌ ဒုတိယအင်အားအကောင်းဆုံး တိုင်းရင်းသားနိုင်ငံရေးပါတီတစ်ခုဖြစ်သည်။

#PeopleMedia #SNLD


Share this post