• Follow Us on
Latest News

Home လူတိုင်းအကျုံးဝင် ပညာရေးအစီအစဉ်များဖြင့် နိုင်ငံသားတစ်ဦးတစ်ယောက်မကျန် ပညာသင်ယူခွင့်ရရှိရေးကို အလေးပေးဆောင်ရွက်လျက်ရှိကြောင်း န-စ-ကဥက္ကဋ္ဌ ပြောကြား

လူတိုင်းအကျုံးဝင် ပညာရေးအစီအစဉ်များဖြင့် နိုင်ငံသားတစ်ဦးတစ်ယောက်မကျန် ပညာသင်ယူခွင့်ရရှိရေးကို အလေးပေးဆောင်ရွက်လျက်ရှိကြောင်း န-စ-ကဥက္ကဋ္ဌ ပြောကြား

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၂၉ (People Media)

 

နိုင်ငံတကာအဆင့်မီစေရေးအတွက် စီမံဆောင်ရွက်လျက်ရှိသကဲ့သို့ အထူးပညာရေးအစီအစဉ်နှင့် လူတိုင်း အကျုံးဝင် ပညာရေးအစီအစဉ်များဖြင့် နိုင်ငံသားတစ်ဦးတစ်ယောက်မကျန် ပညာသင်ယူခွင့်ရရှိရေးကို အလေး ပေးဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကပြောသည်။

 

ယမန်နေ့က ကျရောက်ခဲ့သည့် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောဆိုထားသည်။

 

နိုင်ငံသားတိုင်းသည် မျိုးချစ်စိတ်မြင့်မားရေးနှင့် ပြည်ထောင်စုစိတ်ဓာတ် ခိုင်မြဲရေးအတွက် ခိုင်မာသည့်ပညာရေး အခြေခံကောင်းများရှိရန် လိုအပ်ကြောင်း၊ ယနေ့ခေတ်သည် သတင်းအချက်အလက် နည်းပညာခေတ် ဖြစ်သည့်အလျောက် ပြည်ပနိုင်ငံများမှ ထိုးဖောက်ဝင်ရောက်လာသည့် ယဉ်ကျေးမှုများနှင့် အတွေးအခေါ်များ ကို နှိုင်းယှဉ်ဝေဖန်သုံးသပ်ပြီး အမျိုးသားရေး စရိုက်လက္ခဏာများ မပျောက်ပျက်ရန်၊ ခိုင်မာသည့် အမျိုးသား စိတ်ဓာတ်နှင့် စစ်မှန်သည့် ပြည်ထောင်စုစိတ်ဓာတ်၊ မှန်ကန်သော မျိုးချစ်စိတ်ဓာတ်များရှိရန် အထူးလိုအပ် လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

နိုင်ငံတော်အနေဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှု အခြေခံအုတ်မြစ်များကိုချမှတ်နိုင်ခဲ့ပြီး ပြုပြင်ပြောင်းလဲမှုများကို အစွမ်းရှိသမျှ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ပြုပြင် ပြောင်းလဲမှုများတွင် ပညာရေးပြောင်းလဲမှုများသည် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိပြီး နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ပညာရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် အမှီပြုလျက်ရှိနေသဖြင့် ပညာရေးဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် စီမံဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

ထို့အတူ တိုင်းရင်းသားအားလုံး၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ ရိုးရာဓလေ့၊ သမိုင်း အမွေအနှစ်များ၏ အနှစ်သာရများကို တန်ဖိုးထား ထိန်းသိမ်းမြှင့်တင် ပေးလျက်ရှိကြောင်း၊ မှန်ကန်သော အတွေးအခေါ်၊ ကောင်းမွန်သော အကျင့်စာရိတ္တတို့ဖြင့် ပြည့်စုံသည့် လူ့စွမ်းအားအရင်းအမြစ်များကို ပြုစု ပျိုးထောင်ပေးပြီး ခေတ်စနစ်၏ လိုအပ်ချက်များနှင့်အညီ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်နိုင်သော ပညာရေးစနစ်ဖြစ်ပေါ်ရေးအတွက် အမျိုးသားရေးတာဝန်အဖြစ် ဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြား လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

စွမ်းရည်ပြည့်ဝသော ခေတ်ပညာတတ် လူငယ်လူရွယ်များ ပေါ်ထွက်လာရေးအတွက် နိုင်ငံတော်သည် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်နေကြောင်း၊ တိုင်းရင်းသားပြည်သူများအနေဖြင့် အမိနိုင်ငံ တော်ကြီးကို အမှန်တကယ်ချစ်မြတ်နိုးပြီး အချင်းချင်းသံသယစိတ်ကင်းရှင်းစွာဖြင့် အပြန်အလှန် လေးစား ညီညွတ်လျက် အနာဂတ်နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိတ်ကောင်းစေတနာအပြည့် ဇွဲလုံ့လ အပြည့်ဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

 

#PeopleMedia #နစက #အမျိုးသားအောင်ပွဲနေ့

 

(unicode)


…………………………………………………………….

 


 


 


 


 


 


 


 



Share this post