• Follow Us on

Home လူနာသွားခေါ်သည့် လူနာတင်ယာဉ်မိုင်းခွဲခံ၍ ယနေ့မှစ၍ မည်သည့်လူနာလမ်းကြောင်းမဆိုအကန့်အသတ်မရှိ ရပ်နားမည်ဖြစ်ကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့(မုံရွာ) ထုတ်ပြန်

လူနာသွားခေါ်သည့် လူနာတင်ယာဉ်မိုင်းခွဲခံ၍ ယနေ့မှစ၍ မည်သည့်လူနာလမ်းကြောင်းမဆိုအကန့်အသတ်မရှိ ရပ်နားမည်ဖြစ်ကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့(မုံရွာ) ထုတ်ပြန်

Share this post

မုံရွာ၊ မတ် ၂၃

 

မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့၊ မုံရွာမြို့နယ်ရုံးမှ လူနာသွားခေါ်သည့် လူနာတင်ယာဉ်မိုင်းခွဲခံ၍ ယနေ့မှ စ၍ မည်သည့်လူနာလမ်းကြောင်းမဆို အကန့်အသတ်မရှိရပ်နားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ် ရေးအဖွဲ့(မုံရွာ)မှ ထုတ်ပြန်ထားသည်။

 

“မနေ့ည မြင်းမူမှာ ဆိုင်ကယ်အက်စီးဒန့်ဖြစ်ထားတဲ့ လူနာ အရေးပေါ်ခွဲစိတ်ရမှာမို့ မုံရွာဆေးရုံကြီးကို အရေး ပေါ်ပို့ပေးပါဆိုပြီး အကူအညီတောင်းလို့ သွားခေါ်တာမှာ အသင်းရဲ့ ကားဟာ ကားကွင်းအသစ် မရောက်ခင်မှာ မိုင်းဆွဲခံခဲ့ရတယ်။ မှားဆွဲတာလား၊ ရည်ရွယ်ချက်ရှိရှိဆွဲတာလားဆိုတာ အသိရသေးဘူး။ ရည်ရွယ်ချက်ရှိရှိ ခွဲတာဆိုရင် အသင်းကို လုံးဝရပ်နားလိုက်မှာပါ” ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့၊ မုံရွာမြို့နယ်ရုံး၊ ဥက္ကဋ္ဌ ဦးစိန်ကိုကိုက ပြောသည်။

 

မြင်းမူမှ ဆိုင်ကယ်အက်စီးဒန့်ဖြစ်ထားသော လူနာအား မုံရွာတိုးဂိတ်ထိ သွားရောက်ခေါ်ဆောင်ကာ မုံရွာ ဆေးရုံကြီးသို့ ပို့ဆောင်ရန် ယမန်နေ့ ညပိုင်းက ကွက်ကဲရေးရုံးမှ လူနာတင်ယာဉ်တစ်စီး ထွက်ခဲ့ကြောင်း ထိုသို့ ထွက်ခွာလာရာ ကားသည် ကားကွင်း(အသစ်) မရောက်ခင်တွင် မိုင်းဆွဲခြင်းခံခဲ့ရကြောင်း၊ ယာဉ်ပေါ်လိုက်ပါ လာသူများ ထိခိုက်မှုမရှိသော်လည်း မော်တော်ယာဉ်မှာ အသေးစား ပျက်စီးမှုများ ပျက်စီးခဲ့ကြောင်း သိရသည်။

 

“မှားပြီး မိုင်းဆွဲတယ်။ လုပ်တဲ့အဖွဲ့အစည်းက တာဝန်ယူနိုင်တယ်။ သူတို့က မှားဆွဲတယ်လို့ ဆက်သွယ်ပြော ရင်တော့ ကျွန်တော်တို့ ပြန်ပြီး ပြေးဆွဲသွားမှာပါ” ဟု ဥက္ကဋ္ဌ ဦးစိန်ကိုကိုက ပြောသည်။

 

နောက်နောင်တွင် မိမိတို့ အဖွဲ့သားများအား အသက်အန္တရယ် စိုးရိမ်ရပါသဖြင့် မည်သို့သော ကြောင့် မိုင်းဆွဲ တိုက်ခိုက်သည့် အကြောင်းတစ်စုံတစ်ရာ မသိရှိရစဉ် အချိန်အတွင်း မတ်လ ၂၃ ရက်မှစ၍ ရက်အကန့်မရှိ မည်သည့် လူနာလမ်းကြောင်းမဆို ရပ်နားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

#PeopleMedia

 

(unicode)


………………………………….

 


 


 


 


 


 


 

#PeopleMedia


Share this post