• Follow Us on

Home လူနာအမွတ္ ၁၄၄ အလုပ္လုပ္သည့္စက္႐ုံ၌ အလုပ္သမား ကိုးေထာင္ေက်ာ္ရွိ

လူနာအမွတ္ ၁၄၄ အလုပ္လုပ္သည့္စက္႐ုံ၌ အလုပ္သမား ကိုးေထာင္ေက်ာ္ရွိ

Share this post

ရန္ကုန္၊ ဧၿပီ၊ ၂၅ ရက္

လူနာအမွတ္ ၁၄၄ အလုပ္လုပ္ေသာ ရန္ကုန္တိုင္းေဒသႀကီး၊ လွိုင္သာယာၿမိဳ့နယ္ရွိ ခ်န္းရီဖိနပ္စက္႐ုံ၌ အလုပ္သမား ၉၀၀၀ ေက်ာ္ရွိေၾကာင္းသိရသည္။

လူနာအမွတ္ ၁၄၄ သည္ ထိုစက္႐ုံ၌ စကားျပန္အလုပ္ လုပ္ကိုင္သူျဖစ္ၿပီး ကခ်င္ျပည္နယ္၊ မိုးညႇင္းၿမိဳ့ဇာတိျဖစ္သည္။

လက္ရွိတြင္ ၎ႏွင့္ထိေတြ႕မိခဲ့သူမ်ား(ကြင္းဆက္) ကိုစုံစမ္းမွုမ်ားျပဳလုပ္ေနၿပီးေ ဆာင္ရြက္စရာရွိသည္မ်ားကိုၿမိဳ့နယ္ က်န္းမာေရးဌာနမ်ားျဖင့္ပူးေပါင္းေဆာင္ရြက္ လၽွက္ရွိေၾကာင္း လွိုင္သာယာၿမိဳ့နယ္၊တိုင္းေဒသႀကီး(၂)လႊတ္ေတာ္ကိုယ္စားလွယ္ ဦးျမတ္မင္းသူကေျပာသည္။

” လူနာနဲ႔ထိေတြ႕ခဲ့တဲ့ကြင္းဆက္ေတြရပါၿပီဗ်၊စက္႐ုံမွာေရာ ျပင္ပေဆးခန္းတစ္ခုမွာေ ရာထိေတြ႕ခဲ့တာရွိပါတယ္၊ ဆက္လက္စုံစမ္းေဆာင္ရြက္မွုေတြလုပ္ေနပါတယ္ဗ် ” ဟု၎ကေျပာသည္။

ခ်န္းရီဖိနပ္စက္႐ုံသည္စက္႐ုံတြင္းစစ္ေဆးမွုျပဳလုပ္ၿပီးျဖစ္ေသာေၾကာင့္အလုပ္သမားမ်ာယေန႔ လုပ္ငန္းခြင္သို့ျပန္လည္ဝင္ေရာက္ၾကၿပီျဖစ္ေသာ္လည္း COVID-19 ကူးစက္ခံလူနာေပၚ ထြက္လာသျဖင့္ အလုပ္သမားမ်ားကိုျပန္ခြင့္ျပဳလိုက္ၿပီးစက္႐ုံလည္ပါတ္မွုယာယီရပ္ ဆိုင္းထားေၾကာင္းသိရသည္။

လူနာအမွတ္ ၁၄၄ သည္ယခုလ၊ဧၿပီေလးရက္ကေခ်ာင္းဆိုးျခင္းစတင္ျဖစ္ပြားခဲ့ၿပီး ဧၿပီ ၁၅ ရက္ကရန္ကုန္မွလူမွုကူညီေရးကားစင္းလုံးဌားကာ ေမြးရပ္ဇာတိခ်င္ျပည္နယ္မိုးညႇင္း သို့ျပန္ခဲ့သည္။ COVID-19ေရာဂါလကၡဏာမ်ားေၾကာင့္ ဓါတ္ခြဲနမူနာရယူစစ္ေဆးခဲ့ရာ ယမာန္ေန႔ည ၁၁ နာရီထုတ္ျပန္ေၾကညာခ်က္တြင္ လူနာအမွတ္ ၁၄၄ အျဖစ္ပါဝင္ခဲ့ျခင္းျဖစ္သည္။

ယခုအခါ မိုးညႇင္းေဆး႐ုံမွ ျမစ္ႀကီးနားေဆး႐ုံသို့ပို့ေဆာင္ထားေၾကာင္းသိရသည္။

#PeopleMedia

(unicode)
လူနာအမှတ် ၁၄၄ အလုပ်လုပ်သည့်စက်ရုံ၌ အလုပ်သမား ကိုးထောင်ကျော်ရှိ
……………………………………………………………………….

ရန်ကုန်၊ ဧပြီ၊ ၂၅ ရက်

လူနာအမှတ် ၁၄၄ အလုပ်လုပ်သော ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ ချန်းရီဖိနပ်စက်ရုံ၌ အလုပ်သမား ၉၀၀၀ ကျော်ရှိကြောင်းသိရသည်။

လူနာအမှတ် ၁၄၄ သည် ထိုစက်ရုံ၌ စကားပြန်အလုပ် လုပ်ကိုင်သူဖြစ်ပြီး ကချင်ပြည်နယ်၊ မိုးညှင်းမြို့ဇာတိဖြစ်သည်။

လက်ရှိတွင် ၎င်းနှင့်ထိတွေ့မိခဲ့သူများ(ကွင်းဆက်) ကိုစုံစမ်းမှုများပြုလုပ်နေပြီး ေဆာင်ရွက်စရာရှိသည်များကိုမြို့နယ် ကျန်းမာရေးဌာနများဖြင့်ပူးပေါင်းဆောင်ရွက် လျှက်ရှိကြောင်း လှိုင်သာယာမြို့နယ်၊တိုင်းဒေသကြီး(၂)လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူကပြောသည်။

” လူနာနဲ့ထိတွေ့ခဲ့တဲ့ကွင်းဆက်တွေရပါပြီဗျ၊စက်ရုံမှာရော ပြင်ပဆေးခန်းတစ်ခုမှာ ေရာထိတွေ့ခဲ့တာရှိပါတယ်၊ ဆက်လက်စုံစမ်းဆောင်ရွက်မှုတွေလုပ်နေပါတယ်ဗျ ” ဟု၎င်းကပြောသည်။

ချန်းရီဖိနပ်စက်ရုံသည်စက်ရုံတွင်းစစ်ဆေးမှုပြုလုပ်ပြီးဖြစ်သောကြောင့်အလုပ်သမားမျာယနေ့ လုပ်ငန်းခွင်သို့ပြန်လည်ဝင်ရောက်ကြပြီဖြစ်သော်လည်း COVID-19 ကူးစက်ခံလူနာပေါ် ထွက်လာသဖြင့် အလုပ်သမားများကိုပြန်ခွင့်ပြုလိုက်ပြီးစက်ရုံလည်ပါတ်မှုယာယီရပ် ဆိုင်းထားကြောင်းသိရသည်။

လူနာအမှတ် ၁၄၄ သည်ယခုလ၊ဧပြီလေးရက်ကချောင်းဆိုးခြင်းစတင်ဖြစ်ပွားခဲ့ပြီး ဧပြီ ၁၅ ရက်ကရန်ကုန်မှလူမှုကူညီရေးကားစင်းလုံးဌားကာ မွေးရပ်ဇာတိချင်ပြည်နယ်မိုးညှင်း သို့ပြန်ခဲ့သည်။ COVID-19ရောဂါလက္ခဏာများကြောင့် ဓါတ်ခွဲနမူနာရယူစစ်ဆေးခဲ့ရာ ယမာန်နေ့ည ၁၁ နာရီထုတ်ပြန်ကြေညာချက်တွင် လူနာအမှတ် ၁၄၄ အဖြစ်ပါဝင်ခဲ့ခြင်းဖြစ်သည်။

ယခုအခါ မိုးညှင်းဆေးရုံမှ မြစ်ကြီးနားဆေးရုံသို့ပို့ဆောင်ထားကြောင်းသိရသည်။

#PeopleMedia


Share this post