• Follow Us on

Home လူမည္းအမ်ိဳးသားကိုေခါင္းစြပ္ျဖင့္အုပ္သျဖင့္ေသဆံုးၿပီးေနာက္ အေမရိကန္မွရဲတပ္ဖြဲ႔အႀကီးအကဲႏုတ္ထြက္

လူမည္းအမ်ိဳးသားကိုေခါင္းစြပ္ျဖင့္အုပ္သျဖင့္ေသဆံုးၿပီးေနာက္ အေမရိကန္မွရဲတပ္ဖြဲ႔အႀကီးအကဲႏုတ္ထြက္

Share this post

နယူးေယာက္၊ စက္တင္ဘာ ၉

လူမည္းအမ်ိဳးသားတစ္ေယာက္ကို ေခါင္းစြပ္စြပ္ၿပီး လမ္းမေပၚလွဲခ်ခိုင္းခဲ့သျဖင့္ ေသဆံုးမႈေၾကာင့္ ႐က္အေတာ္ၾကာဆႏၵျပမႈမ်ားျဖစ္ၿပီးေနာက္ အေမရိကန္ျပည္ေထာင္စု၊ ႐ိုခ်က္စတာၿမိဳ႕မွရဲတပ္ဖြဲ႕အႀကီးအကဲ အဂၤါေန႔တြင္ႏုတ္ထြက္ခဲ့သည္။

မတ္လတြင္ ဒန္နီရယ္ ပ႐ုဒ္ကိုဖမ္းဆီးမႈျဖစ္ခဲ့ၿပီး ၿပီးခဲ့သည့္တစ္ပတ္တြင္မွ ရဲတပ္ဖြဲ႔၀င္မ်ား၏ခႏၶာကိုယ္တြင္တပ္ဆင္ထားေသာကင္မရာမွတ္တမ္းမ်ားရခဲ့သည့္ သူ႔မိသားစုႏွင့္တက္ႂကြလႈပ္႐ွားသူမ်ားက ထိုျဖစ္ရပ္ကိုေဖာ္ထုတ္ခဲ့ျခင္းျဖစ္သည္။

အရာ႐ွိမ်ားေရာက္ခ်ိန္တြင္ စိတ္ေ၀ဒနာ႐ွိသည့္အသက္ ၄၁ ႏွစ္အ႐ြယ္ပ႐ုဒ္သည္ လက္နက္မဲ့အ၀တ္ဗလာျဖစ္ေနသည္။

အစပိုင္းတြင္ ေျမေပၚေမွာက္ထားရန္ ရဲမ်ားက သူ႔ကိုေျပာခဲ့ၿပီး ေနာက္ပိုင္းတြင္ ေဒါသတႀကီးတံု႔ျပန္လာသျဖင့္ လက္ထိပ္ခတ္ခဲ့သည္။

ထို႔ေနာက္ ပ႐ုဒ္က ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ထားေၾကာင္းေျပာသျဖင့္ တံေတြးျဖင့္ေထြးေနသည္ကိုတားႏိုင္ရန္ ေခါင္းစြပ္စြပ္ထားၿပီး ေခါင္းကို ပလက္ေဖာင္းေပၚတင္ထားခိုင္းျခင္းျဖစ္သည္။ အခ်ိန္အနည္းငယ္အၾကာတြင္ ပ႐ုဒ္ေမ့ေမ်ာခဲ့သည္။

ထိုဖမ္းဆီးမႈတြင္ပါ၀င္ခဲ့သည့္ရဲအရာ႐ွိ ၇ ေယာက္ကို ရာထူးမွရပ္စဲထားၿပီး ထိုျဖစ္ရပ္ႏွင့္ပတ္သက္ၿပီး စံုစမ္းစစ္ေဆးေနသည္ဟု နယူးေယာက္ျပည္နယ္ေ႐ွ႕ေနခ်ဳပ္ကေျပာသည္။

Ref : Rochester police chief resigns after protests over death of black man hooded by officers

#PeopleMedia

(Unicode)
လူမည်းအမျိုးသားကိုခေါင်းစွပ်ဖြင့်အုပ်သဖြင့်သေဆုံးပြီးနောက် အမေရိကန်မှရဲတပ်ဖွဲ့အကြီးအကဲနုတ်ထွက်
………………………………………………………

နယူးယောက်၊ စက်တင်ဘာ ၉

လူမည်းအမျိုးသားတစ်ယောက်ကို ခေါင်းစွပ်စွပ်ပြီး လမ်းမပေါ်လှဲချခိုင်းခဲ့သဖြင့် သေဆုံးမှုကြောင့် ရက်အတော်ကြာဆန္ဒပြမှုများဖြစ်ပြီးနောက် အမေရိကန်ပြည်ထောင်စု၊ ရိုချက်စတာမြို့မှရဲတပ်ဖွဲ့အကြီးအကဲ အင်္ဂါနေ့တွင်နုတ်ထွက်ခဲ့သည်။

မတ်လတွင် ဒန်နီရယ် ပရုဒ်ကိုဖမ်းဆီးမှုဖြစ်ခဲ့ပြီး ပြီးခဲ့သည့်တစ်ပတ်တွင်မှ ရဲတပ်ဖွဲ့ဝင်များ၏ခန္ဓာကိုယ်တွင်တပ်ဆင်ထားသောကင်မရာမှတ်တမ်းများရခဲ့သည့် သူ့မိသားစုနှင့်တက်ကြွလှုပ်ရှားသူများက ထိုဖြစ်ရပ်ကိုဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။

အရာရှိများရောက်ချိန်တွင် စိတ်ဝေဒနာရှိသည့်အသက် ၄၁ နှစ်အရွယ်ပရုဒ်သည် လက်နက်မဲ့အဝတ်ဗလာဖြစ်နေသည်။

အစပိုင်းတွင် မြေပေါ်မှောက်ထားရန် ရဲများက သူ့ကိုပြောခဲ့ပြီး နောက်ပိုင်းတွင် ဒေါသတကြီးတုံ့ပြန်လာသဖြင့် လက်ထိပ်ခတ်ခဲ့သည်။

ထို့နောက် ပရုဒ်က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ထားကြောင်းပြောသဖြင့် တံတွေးဖြင့်ထွေးနေသည်ကိုတားနိုင်ရန် ခေါင်းစွပ်စွပ်ထားပြီး ခေါင်းကို ပလက်ဖောင်းပေါ်တင်ထားခိုင်းခြင်းဖြစ်သည်။ အချိန်အနည်းငယ်အကြာတွင် ပရုဒ်မေ့မျောခဲ့သည်။

ထိုဖမ်းဆီးမှုတွင်ပါဝင်ခဲ့သည့်ရဲအရာရှိ ၇ ယောက်ကို ရာထူးမှရပ်စဲထားပြီး ထိုဖြစ်ရပ်နှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေသည်ဟု နယူးယောက်ပြည်နယ်ရှေ့နေချုပ်ကပြောသည်။

Ref : Rochester police chief resigns after protests over death of black man hooded by officers

#PeopleMedia


Share this post