• Follow Us on

Home လူမည္းအမ်ိဳးသားကို အင္အားအလြန္အကြၽံသုံးထိန္းသိမ္းခဲ့တဲ့ရဲအရာရွိအတြက္ အာမခံေၾကး ေဒၚလာ တစ္သန္းေက်ာ္သတ္မွတ္

လူမည္းအမ်ိဳးသားကို အင္အားအလြန္အကြၽံသုံးထိန္းသိမ္းခဲ့တဲ့ရဲအရာရွိအတြက္ အာမခံေၾကး ေဒၚလာ တစ္သန္းေက်ာ္သတ္မွတ္

Share this post

မင္နီယာပိုလစ္၊ ဇြန္ ၉

တနလၤာေန႔မွာ လူမည္းအမ်ိဳးသားေဂ်ာ့ဖလြိဳက္ကို အင္အားအလြန္အကြၽံသုံး ထိန္းသိမ္းခဲ့တဲ့ရဲအရာရွိကို ႐ုံးထုတ္ စစ္ေဆးခဲ့ၿပီး သူ႔အတြက္ အာမခံေၾကးအျဖစ္ အေမရိကန္ေဒၚလာ ၁.၂ သန္းေက်ာ္သတ္မွတ္လိုက္ပါတယ္။

ေဒၚလာတစ္သန္းေက်ာ္သတ္မွတ္လိုက္တာဟာ စြဲခ်က္ေတြျပင္းထန္မႈနဲ႔ လူေတြရဲ႕အမ်က္တို႔ေၾကာင့္လို႔ အမႈစစ္ ေတြကေျပာပါတယ္။

ဒဲရက္ေခ်ာ္ဗင္ဟာ အဆင့္ ၂ လူသတ္မႈ၊ ႀကိဳတင္ႀကံစည္သတ္ျဖတ္မႈတို႔နဲ႔ စြဲခ်က္တင္ခံထားရၿပီး က်န္တဲ့အရာရွိ ၃ ေယာက္ကိုလည္း ကူညီမႈ၊ လူသတ္မႈမွာပါဝင္ပတ္သက္မႈတို႔နဲ႔ စြဲခ်က္တင္ထားပါတယ္။

ေမလကုန္ပိုင္းမွာ ေဂ်ာ့ဖလြိဳက္ေသဆုံးမႈေၾကာင့္ ကမာၻတဝန္းအသားအေရာင္ခြဲျခားမႈဆန္႔က်င္ဆႏၵျပပြဲေတြ ျဖစ္ ေနၿပီး ရဲေတြျပဳျပင္ေျပာင္းလဲဖို႔လည္း ေတာင္းဆိုေနၾကပါတယ္။

မင္နီယာပိုလစ္မွာ ေမ ၂၅ ရက္က ဖလြိဳက္ကိုထိန္းသိန္းခ်ိန္ ေခ်ာ္ဗင္က လည္ပင္းကို ၉ မိနစ္ေလာက္ၾကာ ေအာင္ ဒူးနဲ႔ ဖိခဲ့တာပါ။

သူနဲ႔ တျခားရဲအရာရွိ ၃ ေယာက္ကို ရဲတပ္ဖြဲ႕ဝင္အျဖစ္ကေန ထုတ္ပယ္ၿပီး စြဲခ်က္ေတြတင္ထားပါတယ္။

ဒဲရက္ကို မင္နီဆိုးတာျပည္နယ္အက်ဥ္းေထာင္မွာ ထိန္းသိမ္းထားၿပီး ဇြန္ ၂၉ ရက္မွာ ဒုတိယ႐ုံးခ်ိန္းသတ္မွတ္ ထားပါတယ္။

Ref : George Floyd murder suspect Derek Chauvin has bail set at $1.25m

#PeopleMedia #International

(unicode)
လူမည်းအမျိုးသားကို အင်အားအလွန်အကျွံသုံးထိန်းသိမ်းခဲ့တဲ့ရဲအရာရှိအတွက် အာမခံကြေး ဒေါ်လာ တစ်သန်းကျော်သတ်မှတ်
………………………………………………………………………

မင်နီယာပိုလစ်၊ ဇွန် ၉

တနင်္လာနေ့မှာ လူမည်းအမျိုးသားဂျော့ဖလွိုက်ကို အင်အားအလွန်အကျွံသုံး ထိန်းသိမ်းခဲ့တဲ့ရဲအရာရှိကို ရုံးထုတ် စစ်ဆေးခဲ့ပြီး သူ့အတွက် အာမခံကြေးအဖြစ် အမေရိကန်ဒေါ်လာ ၁.၂ သန်းကျော်သတ်မှတ်လိုက်ပါတယ်။

ဒေါ်လာတစ်သန်းကျော်သတ်မှတ်လိုက်တာဟာ စွဲချက်တွေပြင်းထန်မှုနဲ့ လူတွေရဲ့အမျက်တို့ကြောင့်လို့ အမှုစစ် တွေကပြောပါတယ်။

ဒဲရက်ချော်ဗင်ဟာ အဆင့် ၂ လူသတ်မှု၊ ကြိုတင်ကြံစည်သတ်ဖြတ်မှုတို့နဲ့ စွဲချက်တင်ခံထားရပြီး ကျန်တဲ့အရာရှိ ၃ ယောက်ကိုလည်း ကူညီမှု၊ လူသတ်မှုမှာပါဝင်ပတ်သက်မှုတို့နဲ့ စွဲချက်တင်ထားပါတယ်။

မေလကုန်ပိုင်းမှာ ဂျော့ဖလွိုက်သေဆုံးမှုကြောင့် ကမ္ဘာတဝန်းအသားအရောင်ခွဲခြားမှုဆန့်ကျင်ဆန္ဒပြပွဲတွေ ဖြစ် နေပြီး ရဲတွေပြုပြင်ပြောင်းလဲဖို့လည်း တောင်းဆိုနေကြပါတယ်။

မင်နီယာပိုလစ်မှာ မေ ၂၅ ရက်က ဖလွိုက်ကိုထိန်းသိန်းချိန် ချော်ဗင်က လည်ပင်းကို ၉ မိနစ်လောက်ကြာ အောင် ဒူးနဲ့ ဖိခဲ့တာပါ။

သူနဲ့ တခြားရဲအရာရှိ ၃ ယောက်ကို ရဲတပ်ဖွဲ့ဝင်အဖြစ်ကနေ ထုတ်ပယ်ပြီး စွဲချက်တွေတင်ထားပါတယ်။

ဒဲရက်ကို မင်နီဆိုးတာပြည်နယ်အကျဉ်းထောင်မှာ ထိန်းသိမ်းထားပြီး ဇွန် ၂၉ ရက်မှာ ဒုတိယရုံးချိန်းသတ်မှတ် ထားပါတယ်။

Ref : George Floyd murder suspect Derek Chauvin has bail set at $1.25m

#PeopleMedia #International


Share this post