• Follow Us on

Home လူမ်ိဳးတုန္းသတ္ျဖတ္မႈ စြပ္စြဲခ်က္က ဘဂၤါလီျပႆနာကို ျပန္လည္မီးေမႊးႏိုင္ဟု ICJ တရားသူႀကီးမ်ားကို ေဒၚေအာင္ဆန္းစုၾကည္သတိေပး

လူမ်ိဳးတုန္းသတ္ျဖတ္မႈ စြပ္စြဲခ်က္က ဘဂၤါလီျပႆနာကို ျပန္လည္မီးေမႊးႏိုင္ဟု ICJ တရားသူႀကီးမ်ားကို ေဒၚေအာင္ဆန္းစုၾကည္သတိေပး

Share this post

မန္မာႏိုင္ငံအေပၚ ဘဂၤါလီလူမ်ိဳးတုန္းသတ္ျဖတ္မႈနဲ႔ ဂမ္ဘီယာရဲ႕ စြဲခ်က္တင္မႈကို ဒီဇင္ဘာ ၁၂ ရက္ေန႔မွာ တတိယေျမာက္ေန႔အျဖစ္ ႏိုင္ငံတကာတရားခံုရံုး(ICJ)က ၾကားနာစစ္ေဆးခဲ့ရာမွာ ေဒၚေအာင္ဆန္းစုၾကည္က ျမန္မာႏုိင္ငံအေပၚ လူမ်ိဳးတုန္းသတ္ျဖတ္မႈစြပ္စြဲခ်က္ဟာ ဘဂၤါလီျပႆနာကို ျပန္ၿပီး မီးေမႊးႏိုင္တဲ့ အႏၱရာယ္ရွိ တယ္လို႔ သတိေပးေျပာၾကားခဲ့ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္က ျမန္မာႏိုင္ငံအေပၚ ဂမ္ဘီယာရဲ႕လူမ်ိဳးတုန္းသတ္ျဖတ္မႈစြပ္စြဲခ်က္ကို ခြင့္ျပဳျခင္းက ျပန္လည္ေပါင္းစည္းညီညြတ္ေရးကို ထိခုိက္ပ်က္စီးေစမွာျဖစ္တယ္လို႔ တရားသူႀကီးေတြကို သတိေပးေျပာ ၾကားခဲ့ပါတယ္။

“တရားသူၾကီးမင္းတို႔ရဲ႕ ဥာဏ္အေျမာ္အျမင္ႀကီးတဲ့ ဆံုးျဖတ္ခ်က္ဟာ ျပန္လည္ေပါင္းစည္းညီညြတ္ေရးအတြက္ အေထာက္အကူျဖစ္ေစဖို႔ ေမွ်ာ္လင့္တယ္လို႔“ ICJ တရားသူႀကီးေတြကို ေလွ်ာက္လဲခ်က္ေပးခဲ့ပါတယ္။

တတိယေျမာက္ေန႕ ICJ ရဲ႕ စစ္ေဆးၾကားနာမႈမွာ ျမန္မာႏုိင္ငံက အထူးသျဖင့္ ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ အမ်ိဳးသမီးမ်ားအေပၚ လိင္ပိုင္းဆိုင္ရာ မတရားျပဳက်င့္ခဲ့မႈေတြကို မ်က္ကြယ္ျပဳခဲ့တယ္လို႔ ဂမ္ဘီယာက စြပ္စြဲ ေျပာဆိုသြားခဲ့ပါတယ္။

ဂမ္ဘီယာရဲ႕ ျမန္မာႏိုင္ငံက ဘဂၤါလီအေရးမွာ အေရးေပၚ အေရးုယူေဆာင္ရြက္ေရးအတြက္ တရား႐ုံးရဲ႕ ဆံုး ျဖတ္ခ်က္ဟာ လခ်ီၾကာျမင့္ႏိုင္ၿပီး ICJ ရဲ႕ အမႈတစ္ခုလံုးကို ေနာက္ဆံုးစီရင္ခ်က္ခ်မွတ္မႈဟာ ႏွစ္ခ်ီၾကာျမင့္ဖို႔ ရွိေနပါတယ္။

Ref; CNA

#PeopleMedia

(Unicode)
လူမျိုးတုန်းသတ်ဖြတ်မှု စွပ်စွဲချက်က ဘင်္ဂါလီပြဿနာကို ပြန်လည်မီးမွှေးနိုင်ဟု ICJ တရားသူကြီးများကို ဒေါ်အောင်ဆန်းစုကြည်သတိပေး
………………………………………………………

မြန်မာနိုင်ငံအပေါ် ဘင်္ဂါလီလူမျိုးတုန်းသတ်ဖြတ်မှုနဲ့ ဂမ်ဘီယာရဲ့ စွဲချက်တင်မှုကို ဒီဇင်ဘာ ၁၂ ရက်နေ့မှာ တတိယမြောက်နေ့အဖြစ် နိုင်ငံတကာတရားခုံရုံး(ICJ)က ကြားနာစစ်ဆေးခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုစွပ်စွဲချက်ဟာ ဘင်္ဂါလီပြဿနာကို ပြန်ပြီး မီးမွှေးနိုင်တဲ့ အန္တရာယ်ရှိ တယ်လို့ သတိပေးပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာရဲ့လူမျိုးတုန်းသတ်ဖြတ်မှုစွပ်စွဲချက်ကို ခွင့်ပြုခြင်းက ပြန်လည်ပေါင်းစည်းညီညွတ်ရေးကို ထိခိုက်ပျက်စီးစေမှာဖြစ်တယ်လို့ တရားသူကြီးတွေကို သတိပေးပြော ကြားခဲ့ပါတယ်။

“တရားသူကြီးမင်းတို့ရဲ့ ဥာဏ်အမြော်အမြင်ကြီးတဲ့ ဆုံးဖြတ်ချက်ဟာ ပြန်လည်ပေါင်းစည်းညီညွတ်ရေးအတွက် အထောက်အကူဖြစ်စေဖို့ မျှော်လင့်တယ်လို့“ ICJ တရားသူကြီးတွေကို လျှောက်လဲချက်ပေးခဲ့ပါတယ်။

တတိယမြောက်နေ့ ICJ ရဲ့ စစ်ဆေးကြားနာမှုမှာ မြန်မာနိုင်ငံက အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ မတရားပြုကျင့်ခဲ့မှုတွေကို မျက်ကွယ်ပြုခဲ့တယ်လို့ ဂမ်ဘီယာက စွပ်စွဲ ပြောဆိုသွားခဲ့ပါတယ်။

ဂမ်ဘီယာရဲ့ မြန်မာနိုင်ငံက ဘင်္ဂါလီအရေးမှာ အရေးပေါ် အရေးုယူဆောင်ရွက်ရေးအတွက် တရားရုံးရဲ့ ဆုံး ဖြတ်ချက်ဟာ လချီကြာမြင့်နိုင်ပြီး ICJ ရဲ့ အမှုတစ်ခုလုံးကို နောက်ဆုံးစီရင်ချက်ချမှတ်မှုဟာ နှစ်ချီကြာမြင့်ဖို့ ရှိနေပါတယ်။

Ref; CNA

#PeopleMedia


Share this post