• Follow Us on

Home လူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များအတွက် ရေရှည်ရန်ပုံငွေရရှိရေးသည်စိန်ခေါ်မှုတစ်ခုဖြစ်လာနိုင် သည့်အတွက် မဟာဗျူဟာရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်ရန် န-စ-က ဒုဥက္ကဋ္ဌမှာကြား

လူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များအတွက် ရေရှည်ရန်ပုံငွေရရှိရေးသည်စိန်ခေါ်မှုတစ်ခုဖြစ်လာနိုင် သည့်အတွက် မဟာဗျူဟာရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်ရန် န-စ-က ဒုဥက္ကဋ္ဌမှာကြား

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၁၅ (People Media)

 

လူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များအတွက် ရေရှည်ရန်ပုံငွေရရှိရေးသည် စိန်ခေါ်မှုတစ်ခုဖြစ်လာ နိုင်သည့်အတွက် ရေရှည်ရန်ပုံငွေရရှိရေး မဟာဗျူဟာတစ်ရပ်ကို ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်၊ ဒုတိယဗိုလ် ချုပ်မှူးကြီး စိုးဝင်းက မှာကြားခဲ့သည်။

 

ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌတက်ရောက် အမှာစကားပြောကြားခဲ့သည်။

 

လက်ရှိတွင် လူမှုဝန်ထမ်းဦးစီးဌာနအနေနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ အကောင်အထည် ဖော်ရာတွင် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် လူမှုရေးဆိုင်ရာ စီမံခန့်ခွဲမှုသတင်းအချက်အလက် စနစ် (Social Management Information System-SMIS) ကို စတင်တည်ဆောက်နေပြီဟု သိရှိရကြောင်း၊ အဆိုပါစနစ်ကို ထိရောက်စွာ အသုံးပြုနိုင်ရန်နှင့် ရေရှည်တည်တံ့နိုင်ရန်အတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌက ပြောသည်။

 

ထပ်မံမြင်တွေ့ခဲ့ရသည့် တိုးတက်ဖြစ်ထွန်းမှုအနေဖြင့် ငွေကြေးအထောက်အပံ့ပေးရေးအစီအစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်သည့်နေရာ၌ Electronic Cash Transfer နည်းလမ်းကို အသုံးပြုပြီး ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် ဆက်လက်စမ်းသပ်ဆောင်ရွက်သွားမည်ဟု သိရကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌက ပြောသည်။

 

ထို့ပြင် လက်ရှိအကောင်အထည်ဖော်ဆဲ ငွေကြေးအထောက်အပံ့ပေးရေးအစီအစဉ်များနှင့် ဆက်လက်တိုးချဲ့ ဆောင်ရွက်သွားရန်ရှိသည့် လူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များအတွက် ရေရှည်ရန်ပုံငွေရရှိရေး သည် စိန်ခေါ်မှုတစ်ခု ဖြစ်လာနိုင်သည့်အတွက် ရေရှည်ရန်ပုံငွေရရှိရေး မဟာဗျူဟာတစ်ရပ်ကို ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မဟာဗျူဟာတစ်ရပ် ရေးဆွဲအကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာနအနေဖြင့် စတင်ဆောင်ရွက်နေပြီဟု သိရှိရကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လက်ရှိ ဘဏ္ဍာရေးနှစ်အတွင်း လူမှုရေးအထောက်အပံ့ဆိုင်ရာဥပဒေ(မူကြမ်း)ပြီးစီးရေးကြိုးပမ်းဆောင်ရွက်သွားစေလိုကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌက ပြောကြားခဲ့သည်။

 

#PeopleMedia #လူကယ်ပြန်

 

(unicode)


……………………………………………………………

 


 


 


 


 


 


 



Share this post