• Follow Us on

Home လူမႈကြန္ရက္တြင္ ပ်ံ႕ႏွံ့ေနေသာ ICRC ေထာက္ပံ့ေရးေရယာဥ္ပစ္ခတ္ခံရမႈ သတင္းမွာ မွန္ကန္မႈမရွိ၊ အဆိုပါစက္ေလွမွာ AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ား စီးနင္းလာသည့္စက္ေလွသာျဖစ္ေၾကာင္း တပ္မေတာ္ သတင္းထုတ္ျပန္

လူမႈကြန္ရက္တြင္ ပ်ံ႕ႏွံ့ေနေသာ ICRC ေထာက္ပံ့ေရးေရယာဥ္ပစ္ခတ္ခံရမႈ သတင္းမွာ မွန္ကန္မႈမရွိ၊ အဆိုပါစက္ေလွမွာ AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ား စီးနင္းလာသည့္စက္ေလွသာျဖစ္ေၾကာင္း တပ္မေတာ္ သတင္းထုတ္ျပန္

Share this post

ေနျပည္ေတာ္၊ ေအာက္တိုဘာ ၂၈
လူမႈကြန္ရက္စာမ်က္ႏွာအခ်ိဳ႕မွ ယေန႔ ေန႔လယ္ပိုင္းတြင္ ရခိုင္ျပည္နယ္၊ ရေသ့ေတာင္ၿမိဳ႕နယ္၊ ေမယုျမစ္အတြင္း ကံျပင္ေက်းရြာအနီး အျပည္ျပည္ဆိုင္ရာ ၾကက္ေျခနီအဖြဲ႕ ICRC ရိကၡာေထာက္ပံ့ေရးေရယာဥ္တစ္စီးအား တပ္မေတာ္မွ ပစ္ခတ္သျဖင့္ မီးေလာင္ပ်က္ဆီးခဲ့ေၾကာင္း သတင္းမ်ားထုတ္ေဝခဲ့သည္။
ျဖစ္စဥ္မွန္မွာ ရေသ့ေတာင္ၿမိဳ႕နယ္၊ ေမယုျမစ္အတြင္း အုပ္ခ်ဳပ္မႈကိစၥရပ္မ်ား ေဆာင္ရြက္ေနသည့္ တပ္မေတာ္စစ္ေရယာဥ္ ၃ စီးသည္ ယေန႔နံနက္ပိုင္းတြင္ ေအာင္ေဇယ်ေက်းရြာမွ ရေသ့ေတာင္ၿမိဳ႕သို႔ ခုတ္ေမာင္းလာစဥ္ ေအာင္ေဇယ် ေက်းရြာ၏ ေတာင္ဘက္မီတာ ၂၀၀၀ ခန႔္အကြာရွိ မင္းကၽြန္းအနီးသို႔အေရာက္ အေနာက္ဘက္ကမ္းမွ အရွိန္ျဖင့္ေမာင္းႏွင္လာေသာ အလ်ားေပ ၄၀ ၊ အနံ ၁၇ ေပခန႔္ရွိ စက္ေလွေပၚမွ AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားက လက္နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္ ေႏွာက္ယွက္ပစ္ခတ္တိုက္ခိုက္ခဲ့သျဖင့္ တပ္မေတာ္စစ္ေရယာဥ္ေပၚတြင္လိုက္ပါလာသည့္ လုံျခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ျပန္လည္ပစ္ခတ္ တိုက္ခိုက္ခဲ့ရာ AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားစီးနင္းလာသည့္ စက္ေလွမွာ မီးစြဲေလာင္၍ ေမယုျမစ္အတြင္း နစ္ျမဳပ္သြားခဲ့ေၾကာင္း တပ္မေတာ္က သတင္းထုတ္ျပန္လိုက္သည္။
၎ျဖစ္စဥ္ႏွင့္ပတ္သက္၍ ICRC မွ တာဝန္ရွိသူမ်ားထံ ဆက္သြယ္ေမးျမန္းခဲ့ရာ အဆိုပါစက္ေလွသည္ ICRC စက္ေလွမဟုတ္ေၾကာင္းသိရွိရၿပီး လူသားခ်င္းစာနာေထာက္ထားမႈ အကူအညီေပးရန္ရွိပါကလည္း သက္ဆိုင္ရာျပန္လည္ညႇိႏွိုင္းေရးေကာ္မတီမ်ားသို႔ ႀကိဳတင္အသိေပးညႇိႏွိုင္းၿပီးမွသာ ပို႔ေဆာင္ေပးလ်က္ရွိသည့္အျပင္ လုံျခဳံေရးအဖြဲ႕မ်ားကလည္း လိုအပ္သည္မ်ား ကူညီပူးေပါင္းေဆာင္ရြက္ေပးလ်က္ရွိပါေၾကာင္းႏွင့္ ICRC ရိကၡာေထာက္ပံ့ေရးေရယာဥ္ ပစ္ခတ္ခံရသည္ဆိုသည့္ လူမႈကြန္ရက္တြင္ပ်ံ႕ႏွံ့ေနေသာ သတင္းမွားသာျဖစ္ေၾကာင္း တပ္မေတာ္သတင္းထုတ္ျပန္ခ်က္၌ ေဖာ္ျပပါရွိသည္။
#PeopleMedia #ICR
(unicode)
လူမှုကွန်ရက်တွင် ပျံ့နှံ့နေသော ICRC ထောက်ပံ့ရေးရေယာဉ်ပစ်ခတ်ခံရမှု သတင်းမှာ မှန်ကန်မှုမရှိ၊ အဆိုပါစက်လှေမှာ AA အကြမ်းဖက်သောင်းကျန်းသူများ စီးနင်းလာသည့်စက်လှေသာဖြစ်ကြောင်း တပ်မတော် သတင်းထုတ်ပြန်
===================
နေပြည်တော်၊ အောက်တိုဘာ ၂၈
လူမှုကွန်ရက်စာမျက်နှာအချို့မှ ယနေ့ နေ့လယ်ပိုင်းတွင် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မေယုမြစ်အတွင်း ကံပြင်ကျေးရွာအနီး အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ ICRC ရိက္ခာထောက်ပံ့ရေးရေယာဉ်တစ်စီးအား တပ်မတော်မှ ပစ်ခတ်သဖြင့် မီးလောင်ပျက်ဆီးခဲ့ကြောင်း သတင်းများထုတ်ဝေခဲ့သည်။
ဖြစ်စဉ်မှန်မှာ ရသေ့တောင်မြို့နယ်၊ မေယုမြစ်အတွင်း အုပ်ချုပ်မှုကိစ္စရပ်များ ဆောင်ရွက်နေသည့် တပ်မတော်စစ်ရေယာဉ် ၃ စီးသည် ယနေ့နံနက်ပိုင်းတွင် အောင်ဇေယျကျေးရွာမှ ရသေ့တောင်မြို့သို့ ခုတ်မောင်းလာစဉ် အောင်ဇေယျ ကျေးရွာ၏ တောင်ဘက်မီတာ ၂၀၀၀ ခန့်အကွာရှိ မင်းကျွန်းအနီးသို့အရောက် အနောက်ဘက်ကမ်းမှ အရှိန်ဖြင့်မောင်းနှင်လာသော အလျားပေ ၄၀ ၊ အနံ ၁၇ ပေခန့်ရှိ စက်လှေပေါ်မှ AA အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှောက်ယှက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်စစ်ရေယာဉ်ပေါ်တွင်လိုက်ပါလာသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ AA အကြမ်းဖက်သောင်းကျန်းသူများစီးနင်းလာသည့် စက်လှေမှာ မီးစွဲလောင်၍ မေယုမြစ်အတွင်း နစ်မြုပ်သွားခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်လိုက်သည်။
၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ ICRC မှ တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းခဲ့ရာ အဆိုပါစက်လှေသည် ICRC စက်လှေမဟုတ်ကြောင်းသိရှိရပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရန်ရှိပါကလည်း သက်ဆိုင်ရာပြန်လည်ညှိနှိုင်းရေးကော်မတီများသို့ ကြိုတင်အသိပေးညှိနှိုင်းပြီးမှသာ ပို့ဆောင်ပေးလျက်ရှိသည့်အပြင် လုံခြုံရေးအဖွဲ့များကလည်း လိုအပ်သည်များ ကူညီပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် ICRC ရိက္ခာထောက်ပံ့ရေးရေယာဉ် ပစ်ခတ်ခံရသည်ဆိုသည့် လူမှုကွန်ရက်တွင်ပျံ့နှံ့နေသော သတင်းမှားသာဖြစ်ကြောင်း တပ်မတော်သတင်းထုတ်ပြန်ချက်၌ ဖော်ပြပါရှိသည်။
#PeopleMedia #ICR


Share this post