• Follow Us on

Home လူမှုကွန်ရက်တွင် ပျံ့နှံ့လျက်ရှိသည့် တပ်အသင့်နေရာယူခြင်းအား ချက်ချင်းဆောင်ရွက်နိုင်ရေးနှင့် လုံခြုံရေး ကျိုးပေါက်မှုမရှိစေရန် အကြောင်းကြားစာမှာ အတုသာဖြစ်

လူမှုကွန်ရက်တွင် ပျံ့နှံ့လျက်ရှိသည့် တပ်အသင့်နေရာယူခြင်းအား ချက်ချင်းဆောင်ရွက်နိုင်ရေးနှင့် လုံခြုံရေး ကျိုးပေါက်မှုမရှိစေရန် အကြောင်းကြားစာမှာ အတုသာဖြစ်

Share this post

နေပြည်တော်၊ စက်တင်ဘာ ၈ (People Media)

 

လူမှုကွန်ရက်တွင် ပျံ့နှံ့လျက်ရှိသည့် တပ်အသင့်နေရာယူခြင်းအား ချက်ချင်းဆောင်ရွက်နိုင်ရေးနှင့် လုံခြုံရေး ကျိုးပေါက်မှုမရှိစေရန် အကြောင်းကြားစာမှာ အတုသာဖြစ်ကြောင်း တပ်မတော်မှ အဆင့်မြင့်အရာရှိတစ်ဦးမှ အတည်ပြုပြောကြားသည်။

 

အဆိုပါစာ၌ ဌာနချုပ်(မင်္ဂလာဒုံနယ်မြေ)လက်အောက်ခံ ဌာန/ဌာနခွဲများအနေဖြင့် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ လ ၆ ရက်နေ့မှ ၁၁ ရက်နေ့အထိ အရေးကြီးကာလအဖြစ်သတ်မှတ်ထားကြောင်း ရည်ညွှန်းချက်ပါကြေးနန်းစာ အရ ညွှန်ကြားလာသဖြင့် အရာရှိ၊ စစ်သည်များအားလုံးအနေဖြင့် အရေးပေါ်တပ်အသင့်နေရာယူနိုင်ရေးနှင့် အမိန့်ရရှိပါက နာရီဝက်အတွင်း သက်ဆိုင်ရာနယ်မြေအလိုက် နယ်မြေမှူးကြီးများမှ ဦးစီး၍ တပ်အသင့်နေရာယူ ဆောင်ရွက်သွားရေးတို့ကို ကြေးနန်းညွှန်ကြားချက်တစ်စောင် လူမှုကွန်ရက်တွင် ပျံ့နှံ့လျက်ရှိသည်။

 

ထို့အပြင် သက်ဆိုင်ရာနယ်မြေမှူးကြီးများအနေဖြင့် မိမိတို့နယ်မြေတွင်ပါဝင်သော ကင်းရုံများအား လုံခြုံရေး ကျိုးပေါက်မှုမရှိစေရေး ကြပ်မတ်ကွပ်ကဲဆောင်ရွက်သွားရန်ဟူ၍ အကြောင်းကြားကြောင်း ဖော်ပြပါရှိသည်။

 

ယင်းညွှန်ကြားစာမှာ အတုသာဖြစ်ကြောင်း People Media သို့ တပ်မတော်မှ အဆင့်မြင့်အရာရှိတစ်ဦးက အတည်ပြုပြောကြားသည်။

 

#PeopleMedia #သတင်းမှား

 

(unicode)


………………………………………………………………………

 


 


 


 


 


 



Share this post