• Follow Us on
Latest News

Home လူမႈဝန္ထမ္း ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာနမွ လွဴဒါန္းသည့္ ဆန္အိတ္မ်ားအား ရပ္ကြက္/ေက်းရြာ အုပ္စုအလိုက္ ထုတ္ေပး

လူမႈဝန္ထမ္း ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာနမွ လွဴဒါန္းသည့္ ဆန္အိတ္မ်ားအား ရပ္ကြက္/ေက်းရြာ အုပ္စုအလိုက္ ထုတ္ေပး

Share this post

ေခါင္လန္ဖူး၊ ဇူလိုင္ -၂၇

ကခ်င္ျပည္နယ္၊ ပူတာအိုခ႐ိုင္၊ ေခါင္လန္ဖူးၿမိဳ႕‌ေပၚ ရပ္ကြက္မ်ားႏွင့္ ရိကၡာျပတ္လပ္ေနေသာ ေက်းရြာ အုပ္စု (၁၂)အုပ္စု အပါအဝင္ က်န္ေက်းရြာအုပ္စုမ်ား အားလုံးအတြက္ လူမႈဝန္ထမ္း ကယ္ဆယ္ေရးႏွင့္ ျပန္လည္ ေနရာခ်ထားေရးဝန္ႀကီးဌာနမွ ေထာက္ပံ့လွဴဒါန္းခဲ့သည့္ ဆန္အိတ္(၂၀၀၀)အား ရပ္ကြက္/ေက်းရြာ အုပ္စု အလိုက္ ထုတ္ေပးလ်က္ရွိေၾကာင္း သိရသည္။

ေခါင္လန္ဖူးၿမိဳ႕နယ္အတြင္းရွိ ရပ္ကြက္/ေက်းရြာ အုပ္စုမ်ားအတြက္ လူမႈဝန္ထမ္း ကယ္ဆယ္ေရးႏွင့္ ျပန္လည္ ေနရာခ်ထားေရး ဝန္ႀကီးဌာနမွ ေထာက္ပံ့လွဴဒါန္းခဲ့သည့္ ဆန္အိတ္(၂၀၀၀)မွ ဆန္အိတ္(၁၇၇၈)အိတ္ကို ပူတာ အိုၿမိဳ႕မွ ေခါင္လန္ဖူးၿမိဳ႕နယ္ ဖုလုံးေက်းရြာသို႔ ဇြန္လ ၁၁ရက္ေန႔မွ စတင္ကာ ကားျဖင့္ သယ္ယူၿပီး ဖုလြမ္း ေက်း ရြာမွ တစ္ဆင့္ လား၊ ျမင္းမ်ားျဖင့္‌ ေခါင္လန္ဖူးၿမိဳ႕အထိ သယ္‌ေဆာင္ေပးကာ သက္ဆိုင္ရာ ရပ္ကြက္ /ေက်းရြာ အုပ္စုမ်ားသို႔ ဇြန္ လ ၁၇ ေန႔ရက္‌မွ စတင္ ထုတ္ေပးခဲ့ျခင္းျဖစ္သည္။

ကိုဗစ္-၁၉ကာလ အတြင္း ရိကၡာျပတ္လပ္မႈ ႀကဳံေတြ႕ေန သည့္ ရွီလာဒမ္း၊ ရပ္မား၊ ထဖုံး၊ နမ္ခ်ိန္ အုပ္စုမ်ားသို႔ ျမစ္ႀကီးနားမွ ဇြန္လ ၇ ရက္ေန႔က စတင္ကာ ျမစ္ႀကီးနား-ခ်ီေဖြ-ေဆာ့ေလာ္- လမ္းမွ ရပ္မား ေက်းရြာအထိ ကား ျဖင့္ ဆန္အိတ္ (၂၂၂) အိတ္ကို သယ္ယူေထာက္ပံ့‌ ေပးအပ္ခဲ့ၿပီး က်န္ရွိသည့္ ေက်းရြာအုပ္စု ၁၉ အုပ္စုႏွင့္ ၿမိဳ႕‌ ေပၚရပ္ကြက္ (၄) ရပ္ကြက္ အတြက္ကို ပူတာအိုမွ-ဖုလုံးသို႔ ကားျဖင့္ သယ္ကာ ဖုလုံး-ထလားေလာ္- ေခါင္လန္ ဖူး- လမ္းေၾကာင္းမွ လားျဖင့္ ႏွစ္လနီးပါး ဆန္အိတ္ (၁၇၇၈) အိတ္ကို သယ္ယူခဲ့ရၿပီး ယခုအခ်ိန္ထိ က်န္‌ေက်း ရြာအုပ္စု(၅)အုပ္စုသို႔ ဆက္ လက္ထုတ္ေပးလ်က္ရွိေၾကာင္း ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန္႔ခြဲမႈဦးစီးဌာနက ခ႐ိုင္ တာဝန္ခံ ဦးေစာႏြဲ႕ေနေအာင္ထံမွ သိရသည္။

အဆိုပါ ဆန္အိတ္မ်ား ေခါင္လန္ဖူးၿမိဳ႕သို႔ ေရာက္ရွိသည္ႏွင့္ တစ္ၿပိဳင္တည္း ရပ္ကြက္/ေက်းရြာအုပ္စုမ်ားသို႔ ဇြန္လ ၁၇ ရက္မွ စတင္ထုတ္ေပးခဲ့ရာ က်န္ရွိသည့္ ေက်းရြာအုပ္စု(၅)အုပ္စုကို ဇူလိုင္၂၅ ရက္အထိ ဆက္လက္ ထုတ္ေပးလ်က္ရွိေၾကာင္းသိရသည္။

ဖုန္ကန္(ပူတာအို)၊ ၿငိမ္းအိအိၿဖိဳး

#PeopleMedia

(unicode)
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ လှူဒါန်းသည့် ဆန်အိတ်များအား ရပ်ကွက်/ကျေးရွာ အုပ်စုအလိုက် ထုတ်ပေး
……………………………………………………

ခေါင်လန်ဖူး၊ ဇူလိုင် -၂၇

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့‌ပေါ် ရပ်ကွက်များနှင့် ရိက္ခာပြတ်လပ်နေသော ကျေးရွာ အုပ်စု (၁၂)အုပ်စု အပါအဝင် ကျန်ကျေးရွာအုပ်စုများ အားလုံးအတွက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့လှူဒါန်းခဲ့သည့် ဆန်အိတ်(၂၀၀၀)အား ရပ်ကွက်/ကျေးရွာ အုပ်စု အလိုက် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စုများအတွက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနမှ ထောက်ပံ့လှူဒါန်းခဲ့သည့် ဆန်အိတ်(၂၀၀၀)မှ ဆန်အိတ်(၁၇၇၈)အိတ်ကို ပူတာ အိုမြို့မှ ခေါင်လန်ဖူးမြို့နယ် ဖုလုံးကျေးရွာသို့ ဇွန်လ ၁၁ရက်နေ့မှ စတင်ကာ ကားဖြင့် သယ်ယူပြီး ဖုလွမ်း ကျေး ရွာမှ တစ်ဆင့် လား၊ မြင်းများဖြင့်‌ ခေါင်လန်ဖူးမြို့အထိ သယ်ဆောင်ပေးကာ သက်ဆိုင်ရာ ရပ်ကွက် /ကျေးရွာ အုပ်စုများသို့ ဇွန် လ ၁၇ နေ့ရက်မှ စတင် ထုတ်ပေးခဲ့ခြင်းဖြစ်သည်။

ကိုဗစ်-၁၉ကာလ အတွင်း ရိက္ခာပြတ်လပ်မှု ကြုံတွေ့နေ သည့် ရှီလာဒမ်း၊ ရပ်မား၊ ထဖုံး၊ နမ်ချိန် အုပ်စုများသို့ မြစ်ကြီးနားမှ ဇွန်လ ၇ ရက်နေ့က စတင်ကာ မြစ်ကြီးနား-ချီဖွေ-ဆော့လော်- လမ်းမှ ရပ်မား ကျေးရွာအထိ ကား ဖြင့် ဆန်အိတ် (၂၂၂) အိတ်ကို သယ်ယူထောက်ပံ့‌ ပေးအပ်ခဲ့ပြီး ကျန်ရှိသည့် ကျေးရွာအုပ်စု ၁၉ အုပ်စုနှင့် မြို့‌ ပေါ်ရပ်ကွက် (၄) ရပ်ကွက် အတွက်ကို ပူတာအိုမှ-ဖုလုံးသို့ ကားဖြင့် သယ်ကာ ဖုလုံး-ထလားလော်- ခေါင်လန် ဖူး- လမ်းကြောင်းမှ လားဖြင့် နှစ်လနီးပါး ဆန်အိတ် (၁၇၇၈) အိတ်ကို သယ်ယူခဲ့ရပြီး ယခုအချိန်ထိ ကျန်ကျေး ရွာအုပ်စု(၅)အုပ်စုသို့ ဆက် လက်ထုတ်ပေးလျက်ရှိကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ခရိုင် တာဝန်ခံ ဦးစောနွဲ့နေအောင်ထံမှ သိရသည်။

အဆိုပါ ဆန်အိတ်များ ခေါင်လန်ဖူးမြို့သို့ ရောက်ရှိသည်နှင့် တစ်ပြိုင်တည်း ရပ်ကွက်/ကျေးရွာအုပ်စုများသို့ ဇွန်လ ၁၇ ရက်မှ စတင်ထုတ်ပေးခဲ့ရာ ကျန်ရှိသည့် ကျေးရွာအုပ်စု(၅)အုပ်စုကို ဇူလိုင်၂၅ ရက်အထိ ဆက်လက် ထုတ်ပေးလျက်ရှိကြောင်းသိရသည်။

ဖုန်ကန်(ပူတာအို)၊ ငြိမ်းအိအိဖြိုး

#PeopleMedia


Share this post