• Follow Us on
Latest News

Home လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးနိုင်ရေး လေးလကြာအပစ်အခတ်ရပ်စဲပေးရန် မြန်မာ နိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန် တောင်းဆို

လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးနိုင်ရေး လေးလကြာအပစ်အခတ်ရပ်စဲပေးရန် မြန်မာ နိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန် တောင်းဆို

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၆ (People Media)

 

အစောဆုံးစက်တင်ဘာလလယ်လောက်တွင် လူသားချင်းစာနာထောက်ထားမှုအကူအညီများ အဆင်ပြေချော မွေ့စွာထောက်ပံ့နိုင်ရေးအတွက် မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့အစည်းများအားလုံး လေးလကြာအပစ်အ ခတ်ရပ်စဲပေးရန် တောင်းဆိုပါကြောင်း အင်တာဗျူးတစ်ခုတွင် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်က ပြောကြားလိုက်သည်။

 

မြန်မာနိုင်ငံခြားရေးဝန်ကြီးဦးဝဏ္ဏမောင်လွင်နှင့် ဗီဒီယိုဆွေးနွေးပွဲတစ်ခု၌တွေ့ဆုံစဉ် ယခုနှစ်ကုန်သည်အထိ အ ပစ်အခတ်ရပ်စဲပေးရန် တောင်းဆိုခဲ့ရာ ယင်းတောင်းဆိုချက်ကို တပ်မတော်ဘက်ကလက်ခံခဲ့ကြောင်း အာဆီယံ အထူးသံတမန် အာရီဝန်ယူဆွတ်က ကျိုဒိုသတင်းဌာနနှင့် သီးသန့်တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။

 

“ဒါဟာ နိုင်ငံရေးနဲ့ပတ်သက်တဲ့အပစ်အခတ်ရပ်စဲမှု မဟုတ်ပါဘူး။ ကျွန်တော်တောင်းဆိုတာက လူသားချင်းစာ နာထောက်ထားမှုအကူအညီပေးမယ့်ဝန်ထမ်းတွေ ဘေးကင်းလုံခြုံစွာဆောင်ရွက်နိုင်အောင် အပစ်အခတ်ရပ်စဲ ပေးဖို့တောင်းဆိုတာပါ။ အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီး ကျွန်တော်တောင်းဆိုတာတွေကို သူတို့ဘက်က သဘောမတူတာမရှိပါဘူး။” ဟု ၎င်းကပြောသည်။

 

မြန်မာနိုင်ငံ နိုင်ငံရေး၊ စီးပွားရေး၊ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေး စသည့်သုံးပွင့်ဆိုင်အကျပ်အတည်းနှင့်ရင်ဆိုင်နေရ သဖြင့် အာဆီယံက မြန်မာနိုင်ငံကို ကူညီရန်ပြင်ဆင်နေသည်။

 

အင်ဒိုနီးရှားအခြေစိုက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အာဆီယံပေါင်းစပ်ညှိနှိုင်းရေးဌာနက မြန်မာနိုင် ငံကို လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးရန် တာဝန်ပေးအပ်လာသဖြင့် အာရီဝန်က “အကြမ်း ဖက်မှုမှန်သမျှအားလုံးရပ်တန့်ပြီး အစွမ်းကုန်သည်းခံကြဖို့ မြန်မာနိုင်ငံက သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးကို ကျွန်တော်တို့ဆက်သွယ်အကြောင်းကြားနေပါတယ်။” ဟု ပြောသည်။

 

ပထမအသုတ်တွင် oxygen compressor များ၊ ကာကွယ်ရေးဝတ်စုံများကဲ့သို့ အပြင်းအထန် နာမကျန်းဖြစ်နေ သော အကူအညီလိုအပ်သည့်ပြည်သူများအတွက် အရေးပေါ်လိုအပ်နေသည့် ဆေးဘက်ဆိုင်ရာပစ္စည်းများပါ ဝင်ပြီး ယင်းပစ္စည်းများအားလုံးကို မြန်မာပြည်သူများထံသို့ရောက်အောင်ပို့ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ တိုင်းရင်းသားလက်နက်ကိုင်များထိန်းချုပ်ထားသည့်နယ်စပ်ဒေသများသို့ ပေးပို့မည့်အကူအညီများ အား အိမ်နီးချင်းထိုင်းနိုင်ငံမှတစ်ဆင့် ကုန်းလမ်းခရီးဖြင့် ပို့ဆောင်သွားမည်ဖြစ်ကြောင်း၊ နောက်တစ်ဆင့်မှာ မြန် မာနိုင်ငံအတွက် ကာကွယ်ဆေးများဝယ်ယူသွားရန်ဖြစ်ကြောင်း ၎င်းကပြောသည်။

 

စစ်အာဏာသိမ်းမှုနောက်ပိုင်းပေါ်ပေါက်လာသော မြန်မာ့အရေးကို ဖြေရှင်းရန်အတွက် ဘုံသဘောတူညီချက်ငါး ရပ်ကို အာဆီယံခေါင်းဆောင်များ သဘောတူညီခဲ့ပြီးနောက် သြဂုတ်လအစောပိုင်းက အာရီဝန်ယူဆွတ်ကို မြန် မာနိုင်ငံဆိုင်ရာအာဆီယံအထူးသံတမန်အဖြစ် ခန့်အပ်လိုက်ခြင်းဖြစ်သည်။

 

Ref: Asean envoy to Myanmar calls for 4-month cease-fire

 

#PeopleMedia

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 


 


 

Ref: Asean envoy to Myanmar calls for 4-month cease-fire

 

#PeopleMedia


Share this post