• Follow Us on

Home လူသူကင္းမဲ့သည့္ကၽြန္းငယ္ေပၚမွ ဘဂၤါလီမ်ားကို ေ႐ႊ႕ေျပာင္းေပးရန္ ဘဂၤလားေဒ့႐ွ္ကို HRW တိုက္တြန္း

လူသူကင္းမဲ့သည့္ကၽြန္းငယ္ေပၚမွ ဘဂၤါလီမ်ားကို ေ႐ႊ႕ေျပာင္းေပးရန္ ဘဂၤလားေဒ့႐ွ္ကို HRW တိုက္တြန္း

Share this post

ဒါကာ၊ စက္တင္ဘာ ၁၇

ၿပီးခဲ့သည့္လေပါင္းမ်ားစြာကာလအတြင္း လူသူကင္းမဲ့သည့္ကၽြန္းတစ္ကၽြန္းေပၚတြင္ေနရာခ်ထားသည့္ ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပ)မ်ားကို ႏိုင္ငံေတာင္ပိုင္း ေကာ့က္စ္ဘဇားခ႐ိုင္႐ွိဒုကၡသည္စခန္းမ်ားတြင္ ျပန္လည္ေနရာခ်ထားရန္ ဘဂၤလားေဒ့႐ွ္ႏိုင္ငံကို လူ႔အခြင့္အေရးေစာင့္ၾကည့္အဖြဲ႔(HRW)က အဂၤါေန႔တြင္တိုက္တြန္းခဲ့သည္။

ကေလး ၃၃ ေယာက္အပါအ၀င္ ဘဂၤါလီ ၃၀၆ ေယာက္ခန္႔ကို ေမလမွစတင္၍ ႏိုင္ငံေတာင္ပိုင္း႐ွိဘာ႐ွန္ခ်ား ကၽြန္းတြင္ ထိန္းသိမ္းထားသည္။

တတိယႏိုင္ငံတစ္ႏိုင္ငံသို႔ထြက္ေျပးရန္ႀကိဳးစားမႈမ်ားမေအာင္ျမင္ခဲ့ဘဲ သီတင္းပတ္ေပါင္းမ်ားစြာပင္လယ္ျပ င္တြင္ေသာင္တင္ၿပီးေနာက္ သူတို႔ကို ကၽြန္းေပၚသို႔ေ႐ႊ႕ေျပာင္းခဲ့ျခင္းျဖစ္သည္။

လူျပည့္ၾကပ္ေနသည့္ေကာ့က္စ္ဘဇားမွဒုကၡသည္စခန္းမ်ားသို႔ သူတို႔ကိုျပန္မပို႔ျခင္းမွာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ဟု ဘဂၤလားေဒ့႐ွ္အာဏာပိုင္မ်ားက အေၾကာင္းျပထားသည္။

ကၽြန္းေပၚတြင္ ၃ လ ေက်ာ္ေနခဲ့ၿပီးေနာက္ မိသားစုမ်ားႏွင့္ျပန္ဆံုစည္းရန္ ဘဂၤါလီမ်ားက ဆႏၵျပင္းျပေနသည္။

ပထမအဆင့္အေနျဖင့္ ဘဂၤါလီ ၁ သိန္းကိုေနရာခ်ရန္ ႐ြာ ၁၂၀ တည္ေဆာက္ေရးအတြက္ ဘဂၤါလားေဒ့႐ွ္ ႏိုင္ငံက ေဒၚလာ ၂၇၂ သန္းခန္႔သံုးထားသည္။

Ref : Bangladesh urged to evacuate Rohingya from remote islet

#PeopleMedia

(unicode)
လူသူကင်းမဲ့သည့်ကျွန်းငယ်ပေါ်မှ ဘင်္ဂါလီများကို ရွှေ့ပြောင်းပေးရန် ဘင်္ဂလားဒေ့ရှ်ကို HRW တိုက်တွန်း
……………………………………………………….

ဒါကာ၊ စက်တင်ဘာ ၁၇

ပြီးခဲ့သည့်လပေါင်းများစွာကာလအတွင်း လူသူကင်းမဲ့သည့်ကျွန်းတစ်ကျွန်းပေါ်တွင်နေရာချထားသည့် ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြ)များကို နိုင်ငံတောင်ပိုင်း ကော့က်စ်ဘဇားခရိုင်ရှိဒုက္ခသည်စခန်းများတွင် ပြန်လည်နေရာချထားရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(HRW)က အင်္ဂါနေ့တွင်တိုက်တွန်းခဲ့သည်။

ကလေး ၃၃ ယောက်အပါအဝင် ဘင်္ဂါလီ ၃၀၆ ယောက်ခန့်ကို မေလမှစတင်၍ နိုင်ငံတောင်ပိုင်းရှိဘာရှန်ချား ကျွန်းတွင် ထိန်းသိမ်းထားသည်။

တတိယနိုင်ငံတစ်နိုင်ငံသို့ထွက်ပြေးရန်ကြိုးစားမှုများမအောင်မြင်ခဲ့ဘဲ သီတင်းပတ်ပေါင်းများစွာပင်လယ်ပြ င်တွင်သောင်တင်ပြီးနောက် သူတို့ကို ကျွန်းပေါ်သို့ရွှေ့ပြောင်းခဲ့ခြင်းဖြစ်သည်။

လူပြည့်ကြပ်နေသည့်ကော့က်စ်ဘဇားမှဒုက္ခသည်စခန်းများသို့ သူတို့ကိုပြန်မပို့ခြင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဟု ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက အကြောင်းပြထားသည်။

ကျွန်းပေါ်တွင် ၃ လ ကျော်နေခဲ့ပြီးနောက် မိသားစုများနှင့်ပြန်ဆုံစည်းရန် ဘင်္ဂါလီများက ဆန္ဒပြင်းပြနေသည်။

ပထမအဆင့်အနေဖြင့် ဘင်္ဂါလီ ၁ သိန်းကိုနေရာချရန် ရွာ ၁၂၀ တည်ဆောက်ရေးအတွက် ဘင်္ဂါလားဒေ့ရှ် နိုင်ငံက ဒေါ်လာ ၂၇၂ သန်းခန့်သုံးထားသည်။

Ref : Bangladesh urged to evacuate Rohingya from remote islet

#PeopleMedia


Share this post