• Follow Us on

Home လူအမ်ားေဝဖန္ေျပာဆုိေနေသာ ဗုိလ္ခ်ဳပ္ေအာင္ဆန္းႏွင့္ တူညီျခင္းမရွိ သည့္ ဗုိလ္ခ်ဳပ္ေၾကး႐ုပ္ ျပင္ဆင္ရန္ သင့္-မသင့္ကုိ လာမည့္အစည္းေ ဝး၌ ဆုံးျဖတ္မည္

လူအမ်ားေဝဖန္ေျပာဆုိေနေသာ ဗုိလ္ခ်ဳပ္ေအာင္ဆန္းႏွင့္ တူညီျခင္းမရွိ သည့္ ဗုိလ္ခ်ဳပ္ေၾကး႐ုပ္ ျပင္ဆင္ရန္ သင့္-မသင့္ကုိ လာမည့္အစည္းေ ဝး၌ ဆုံးျဖတ္မည္

Share this post

ရန္ကုန္၊ ဇူလိုင္ ၁၃

ရန္ကုန္တုိင္းေဒသႀကီး၊ ေရႊျပည္သာၿမိဳ႕နယ္၌ ထားရွိရန္ စီစဥ္ထားသည့္ ဗုိလ္ခ်ဳပ္ေအာင္ဆန္းေၾကး႐ုပ္သည္ ဗုိလ္ခ်ဳပ္ေအာင္ဆန္းႏွင့္ တူညီျခင္းမရွိေၾကာင္း လူအမ်ားက ေဝဖန္ေျပာဆုိမႈမ်ားေၾကာင့္ ေၾကး႐ုပ္ျပင္ဆင္ရန္ သင့္-မသင့္ကုိ လာမည့္ အစည္းအေဝး၌ ဆုံးျဖတ္မည္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္႐ုပ္တုျဖစ္ေျမာက္ေရးေကာ္မတီ ဥကၠ႒ ဦးသန္းေအာင္ကေျပာသည္။

ေရႊျပည္သာၿမိဳ႕၌ ထားရွိမည့္ ဗုိလ္ခ်ဳပ္ေၾကးရုပ္သည္ ဗုိလ္ခ်ဳပ္ေအာင္ဆန္းႏွင့္ တူညီျခင္းမရွိေၾကာင္း ေဝဖန္မႈ မ်ားေၾကာင့္ ဇူလုိင္(၁၃)ရက္ေန႔၌ ဗုိလ္ခ်ဳပ္ေၾကး႐ုပ္ထု ျဖစ္ေျမာက္ေရးေကာ္မတီဝင္မ်ား အစည္းအေဝး ျပဳ လုပ္ခဲ့ပါတယ္။

အဆုိပါ အစည္းအေဝးရလဒ္အေပၚ people media က ဇူလိုင္ ၁၃ ရက္၌ ေမးျမန္းရာတြင္ ဗိုလ္ခ်ဳပ္႐ုပ္တု ျဖစ္ေျမာက္ေရးေကာ္မတီဥကၠ႒ ဦးသန္းေအာင္က ေအာက္ပါအတုိင္းေျပာဆုိပါတယ္။

“အခုလုပ္တာ ဗိုလ္ခ်ဳပ္ေအာင္ဆန္း႐ုပ္တုေလဗ်ာ။ ပုံတူပန္းခ်ီကားမွမဟုတ္တာ။ ကြၽန္ေတာ္တို႔ကေတာ့ ကြၽန္ ေတာ္တို႔လမ္းစဥ္အတိုင္းေျပာျပတယ္။ ဒါကို သူတို႔ကျပင္ခ်င္ၾကတယ္။ လူေလးငါးဆယ္ေယာက္ပါဗ်ာ။ လူတစ္စုကေပါ့။ ဒီေန႔လာတာကေတာ့ ဘုန္းႀကီးတစ္ပါးထဲပါ။ ဘုန္းႀကီးကို ေျမွာက္ေပးေနၾကတာပါ။ သစၥာ ပါရမီေက်ာင္းက ဆရာေတာ္ကိုေပါ့။ အဓိက ဆရာေတာ္ေနာက္မွာ လက္မည္းႀကီးေတြရွိတယ္။ အဲဒီေတာ့ ကြၽန္ေတာ္တို႔က ျပင္ခ်င္တယ္ဆိုရင္ ဒုတိယအႀကိမ္အစည္းအေဝးမွာလာတက္ပါ။ အရင္ NLD ႐ုံးေဟာင္း ခန္းမႀကီးမွာ ဇူလိုင္လထဲလုပ္မယ္။ အဲဒီမွာဆုံးျဖတ္မယ္။ ျပင္ခ်င္ရင္ျပင္မဲ့သူက အာမခံခ်က္ေတာ့ေပးရမယ္’’ဟု ၎ကေျပာသည္။

လက္ရွိအခ်ိန္၌ ဗုိလ္ခ်ဳပ္ေၾကး႐ုပ္ကုိ ေရႊျပည္သာၿမိဳ႕နယ္ရွိ ၿမိဳ႕နယ္ခန္းမ၌ ယာယီထားရွိလ်က္ရွိသည္။
ဗိုလ္ခ်ဳပ္ေၾကး႐ုပ္တုမ်ားကို လက္ရွိတြင္ၿမိဳ႕နယ္ ပန္းၿခံမ်ားတြင္ထားရွိၿပီး အခ်ိဳ႕မွာ ၿမိဳ႕လယ္ေခါင္ အဝိုင္းပတ္ တြင္ထားရွိကာ အဆိုပါထားရွိမႈမွာ ပါတီမွ မခိုင္းသကဲ့သို႔ ပါတီမူဝါဒလည္းမဟုတ္ေၾကာင္း၊ ဗိုလ္ခ်ဳပ္ကို ခ်စ္ျမတ္ႏုိးသူမ်ားကထားရွိျခင္းသာျဖစ္ေၾကာင္း NLD ပါတီမွ ဗဟိုျပန္ၾကားေရး အတြင္းေရးမႉးမုံ႐ြာေအာင္ရွင္ ကလည္း ေျပာၾကားထားသည္။

#PeopleMedia #ဗုိလ္ခ်ဳပ္ေၾကး႐ုပ္ #ေရႊျပည္သာ

(unicode)
လူအများဝေဖန်ပြောဆိုနေသော ဗိုလ်ချုပ်အောင်ဆန်းနှင့် တူညီခြင်းမရှိ သည့် ဗိုလ်ချုပ်ကြေးရုပ် ပြင်ဆင်ရန် သင့်-မသင့်ကို လာမည့်အစည်း ေဝး၌ ဆုံးဖြတ်မည်
………………………………………………………………………..

ရန်ကုန်၊ ဇူလိုင် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၌ ထားရှိရန် စီစဉ်ထားသည့် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်သည် ဗိုလ်ချုပ်အောင်ဆန်းနှင့် တူညီခြင်းမရှိကြောင်း လူအများက ဝေဖန်ပြောဆိုမှုများကြောင့် ကြေးရုပ်ပြင်ဆင်ရန် သင့်-မသင့်ကို လာမည့် အစည်းအဝေး၌ ဆုံးဖြတ်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်ရုပ်တုဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသန်းအောင်ကပြောသည်။

ရွှေပြည်သာမြို့၌ ထားရှိမည့် ဗိုလ်ချုပ်ကြေးရုပ်သည် ဗိုလ်ချုပ်အောင်ဆန်းနှင့် တူညီခြင်းမရှိကြောင်း ဝေဖန်မှု များကြောင့် ဇူလိုင်(၁၃)ရက်နေ့၌ ဗိုလ်ချုပ်ကြေးရုပ်ထု ဖြစ်မြောက်ရေးကော်မတီဝင်များ အစည်းအဝေး ပြု လုပ်ခဲ့ပါတယ်။

အဆိုပါ အစည်းအဝေးရလဒ်အပေါ် people media က ဇူလိုင် ၁၃ ရက်၌ မေးမြန်းရာတွင် ဗိုလ်ချုပ်ရုပ်တု ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းအောင်က အောက်ပါအတိုင်းပြောဆိုပါတယ်။

“အခုလုပ်တာ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုလေဗျာ။ ပုံတူပန်းချီကားမှမဟုတ်တာ။ ကျွန်တော်တို့ကတော့ ကျွန် တော်တို့လမ်းစဉ်အတိုင်းပြောပြတယ်။ ဒါကို သူတို့ကပြင်ချင်ကြတယ်။ လူလေးငါးဆယ်ယောက်ပါဗျာ။ လူတစ်စုကပေါ့။ ဒီနေ့လာတာကတော့ ဘုန်းကြီးတစ်ပါးထဲပါ။ ဘုန်းကြီးကို မြှောက်ပေးနေကြတာပါ။ သစ္စာ ပါရမီကျောင်းက ဆရာတော်ကိုပေါ့။ အဓိက ဆရာတော်နောက်မှာ လက်မည်းကြီးတွေရှိတယ်။ အဲဒီတော့ ကျွန်တော်တို့က ပြင်ချင်တယ်ဆိုရင် ဒုတိယအကြိမ်အစည်းအဝေးမှာလာတက်ပါ။ အရင် NLD ရုံးဟောင်း ခန်းမကြီးမှာ ဇူလိုင်လထဲလုပ်မယ်။ အဲဒီမှာဆုံးဖြတ်မယ်။ ပြင်ချင်ရင်ပြင်မဲ့သူက အာမခံချက်တော့ပေးရမယ်’’ဟု ၎င်းကပြောသည်။

လက်ရှိအချိန်၌ ဗိုလ်ချုပ်ကြေးရုပ်ကို ရွှေပြည်သာမြို့နယ်ရှိ မြို့နယ်ခန်းမ၌ ယာယီထားရှိလျက်ရှိသည်။
ဗိုလ်ချုပ်ကြေးရုပ်တုများကို လက်ရှိတွင်မြို့နယ် ပန်းခြံများတွင်ထားရှိပြီး အချို့မှာ မြို့လယ်ခေါင် အဝိုင်းပတ် တွင်ထားရှိကာ အဆိုပါထားရှိမှုမှာ ပါတီမှ မခိုင်းသကဲ့သို့ ပါတီမူဝါဒလည်းမဟုတ်ကြောင်း၊ ဗိုလ်ချုပ်ကို ချစ်မြတ်နိုးသူများကထားရှိခြင်းသာဖြစ်ကြောင်း NLD ပါတီမှ ဗဟိုပြန်ကြားရေး အတွင်းရေးမှူးမုံရွာအောင်ရှင် ကလည်း ပြောကြားထားသည်။

#PeopleMedia #ဗိုလ်ချုပ်ကြေးရုပ် #ရွှေပြည်သာ


Share this post