• Follow Us on

Home လူဦးရေ (၁၅) သန်းအတွက် COVID-19 ကာကွယ်ဆေးကို အိန္ဒိယကနေ ဝယ်ယူဖို့ လာမည့်တစ်ပတ်အတွင်း သိရမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

လူဦးရေ (၁၅) သန်းအတွက် COVID-19 ကာကွယ်ဆေးကို အိန္ဒိယကနေ ဝယ်ယူဖို့ လာမည့်တစ်ပတ်အတွင်း သိရမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

Share this post

ရန်ကုန်၊ ဒီဇင်ဘာ – ၂၅ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

လူ (၁၅) သန်းအတွက် COVID-19 ကာကွယ်ဆေးကို အိန္ဒိယနိုင်ငံမှ ဝယ်ယူထားသည့် အခြေအနေအား လာမည့်တစ်ပတ်အတွင်း သိရမည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယမန်နေ့ညက ပြည်သူများအစီရင်ခံတင်ပြသော COVID-19 ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် စပ်လျဉ်းသည့်မိန့်ခွန်းတွင် ပြောသည်။

မြန်မာနိုင်ငံအား ကာကွယ်ဆေးရောက်ရှိပါက COVID-19 ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်ကို လုပ် ဆောင်နိုင်ရန်အတွက် အစီအစဉ်များကိုလဲ ဖော်ဆောင်လျက်ရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

“လူ ၁၅ သန်းအတွက် ကာကွယ်ဆေးဝယ်ယူဖို့အတွက် ကျွန်မတို့အဖွဲ့တစ်ဖွဲ့ အိန္ဒိယနိုင်ငံကို ရောက်နေ ပါတယ်။ ဒီကာကွယ်ဆေးဝယ်ယူရေးကိစ္စနဲ့ပတ်သက်လို့ဆိုရင် နောက်တစ်ပတ်လောက်အတွင်းမှာ တိတိကျကျ သိရပါမယ်”ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကပြောကြားသည်။

COVID-19 ကာကွယ်ဆေးအားရရှိပါက ကျန်းမာရေးဝန်ထမ်းများကို စတင်ထိုးနှံပေးမည်ဖြစ်ပြီး ယင်းနောက် နိုင်ငံနှင့် ပြည်သူများအတွက်အား လိုအပ်ချက်အရ အဆင့်ဆင့်ထိုးနှံနိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကဆိုသည်။

“ဒါက လနဲ့ချီပြီးတော့လည်း ကြာနိုင်ပါတယ်။ ကျွန်မ ထပ်ပြောပါရစေ ဒီကြားထဲမှာ မကူးစက်အောင်လို့ ကိုယ်ဆီကနေ သူများကို မကူးစက်အောင် သူများဆီကလဲ မကူးစက်အောင် သတိနဲ့နေကြဖို့ ကျွန်မအနေနဲ့ ထပ်လောင်းပြီးတော့ မေတ္တာရပ်ခံခြင်ပါတယ်” ဟု နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ကျန်မာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဒီဇင်ဘာ ၂၄ ရက်နေ့ည ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် COVID-19 အတည်ပြုလူနာဦးရေ စုစုပေါင်း ၁၁၉,၇၈၈ ဦးဖြစ်ပြီး သေဆုံးသူဦးရေ ၂၅၃၂ ဦးအထိ ရှိလာကြောင်း ထုတ်ပြန်ထားသည်။

#PeopleMedia #Ministry-of-Health-and-Sport #COVID-19

(unicode)
……………………………………………………………








#PeopleMedia #Ministry-of-Health-and-Sport #COVID-19


Share this post