• Follow Us on

Home လူနေအိမ်များအတွင်း လက်လုပ်စိန်ပြောင်း ကျည်ကျရောက်မှုကြောင့် အမျိုးသမီးတစ်ဦးနှင့် ကလေးတစ်ဦး သေဆုံး

လူနေအိမ်များအတွင်း လက်လုပ်စိန်ပြောင်း ကျည်ကျရောက်မှုကြောင့် အမျိုးသမီးတစ်ဦးနှင့် ကလေးတစ်ဦး သေဆုံး

Share this post

စစ်ကိုင်း ၊ ဖေဖော်ဝါရီ ၂၅ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်တွင် လူနေအိမ်များအတွင်း လက်လုပ်စိန်ပြောင်းကျည်ကျရောက်မှု ကြောင့် အမျိုးသမီးတစ်ဦးအပါအဝင် ကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရပါတယ်။

 

ဖေဖော်ဝါရီ ၂၄ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်အချိန်ခန့်က ဝန်းသိုမြို့နယ်နန်းခမ်းကျေးရွာရှိ နန်းခမ်းရဲကင်း စခန်ကို PDF အဖွဲ့ဝင်များက လက်နက်ငယ်များအပါအဝင် လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အဆိုပါ ပစ်ခတ်သည့် ကျည်များသည် ရဲစခန်းနောက်ဘက်ရှိ ကျေးရွာများအတွင်း ကျရောက်ကာ ရပ်ကွက်နေ ပြည်သူများ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

 

“ဖြစ်တဲ့အချိန်က မနက်အစောကြီးဖြစ်တာ တိုက်ပွဲအချိန်က မိနစ် ၂၀ လောက်တော့ရှိတယ်။ လက်နက်ကြီးသံ တွေရော ကြားရတယ်။

 

ကျေးရွာထဲမှာရှိတဲ့ ကလေးတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးသေတယ်။ ဒီနေ့ အဲ့ဒီကလေးနဲ့ အမျိုးသမီးနဲ့ ကလေးကို သဂြိုလ်မယ်လို့်လည်း သိရပါတယ်” ဟု ဒေသခံတစ်ဦးက ပြောပါတယ်။

 

ပြီးခဲ့သည်ရက်ပိုင်းကလည်း ဘုတလင်မြို့နယ်တွင် လူနေရပ်ကွက်အတွင်း လက်လုပ်စိန်ပြောင်းကျည်ကျ ရောက်မှုကြောင့် ကလေးတစ်ဦး သေဆုံးကာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရပါတယ်။

 

#PeopleMedia #စစ်ကိုင်း #လက်လုပ်စိန်ပြောင်း

 

(unicode)


………………………………………………………………..

 


 


 


 


 


 


 



Share this post