• Follow Us on

Home လူေပါင္း ၄၀၀၀၀ ေက်ာ္ပါဝင္သည့္ ဗိုင္းရပ္စ္ကာကြယ္ေဆး စမ္းသပ္မႈ ႐ုရွားႏိုင္ငံ လာမည့္အပတ္ စတင္မည္

လူေပါင္း ၄၀၀၀၀ ေက်ာ္ပါဝင္သည့္ ဗိုင္းရပ္စ္ကာကြယ္ေဆး စမ္းသပ္မႈ ႐ုရွားႏိုင္ငံ လာမည့္အပတ္ စတင္မည္

Share this post

ႏိုင္ငံတကာ၊ ၾသဂုတ္ ၂၁

လူေပါင္းေထာင္ခ်ီပါဝင္သည့္ အျငင္းပြားဖြယ္ရာ ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေဆး လက္ေတြ႕စမ္းသပ္မႈမ်ားကို လာမည့္သီတင္းပတ္တြင္ စတင္မည္ဟု ႐ုရွားႏိုင္ငံက ေျပာၾကားလိုက္သည္။

႐ုရွားႏိုင္ငံက ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးတစ္မ်ိဳး မွတ္ပုံတင္သည့္ ကမၻာ့ ပထမဆုံးတိုင္းျပည္ ျဖစ္ လာခဲ့ေၾကာင္း သမၼတ ဗလာဒီမာပူတင္က ယခုလအေစာပိုင္းတြင္ ေျပာၾကားခဲ့ေသာ္လည္း သူ့၏ေၾကညာခ်က္ ကို သိပၸံပညာရွင္မ်ားႏွင့္ ကမၻာ့က်န္းမာေရးအဖြဲ႕အစည္းတို႔က ေဘးအႏၲရာယ္ကင္းမႈ ျပန္လည္သုံးသပ္ရန္လို အပ္ဟုဆိုကာ သတိေပးခဲ့သည္။

“စပြတ္ညစ္ ဗြီ” ဟု အမည္ေပးထားသည့္ အဆိုပါ ဗိုင္းရပ္စ္ကာကြယ္ေဆး၏ ေဘးအႏၲရာယ္ကင္းမႈ စမ္း သပ္မႈမ်ားကို လူေပါင္း ၄၀၀၀၀ ေက်ာ္ ပါဝင္မႈျဖင့္ လာမည့္သီတင္းပတ္တြင္ စတင္မည္ဟု ကာကြယ္ေဆး စီမံကိန္း ကို ေငြေၾကးမတည္သည့္ ႐ုရွားႏိုင္ငံ၏ Sovereign wealth fund အဖြဲ႕က ထုတ္ျပန္ခ်က္တစ္ခု အတြင္း ေျပာၾကားခဲ့သည္။

ေဆးဘက္ပညာရွင္မ်ားအပါအဝင္ ေစတနာ႔အေလ်ာက္ ပါဝင္လိုသူမ်ားျဖင့္ ကာကြယ္ေဆးစမ္းသပ္မႈကို လာမည့္သီတင္းပတ္တြင္ စတင္မည္ဟု ႐ုရွား တိုက္႐ိုက္ ရင္းႏွီးျမႇဳပ္ႏွံမႈ ရန္ပုံေငြအဖြဲ႕၏ အႀကီးအကဲ ကီေရးလ္ဒီမီ ထရီယက္ဗ္က ေျပာၾကားခဲ့သည္။

ကမၻာ့ႏိုင္ငံ ၂၀ ေက်ာ္က ကာကြယ္ေဆးအလုံးေရ တစ္ဘီလီယံေက်ာ္ဝယ္ယူရန္ ေတာင္းဆိုမႈမ်ား ျပဳလုပ္ခဲ့ၿပီး ႐ုရွားႏိုင္ငံက ကာကြယ္ေဆးမ်ားထုတ္လုပ္ရန္ ႏိုင္ငံအမ်ားအျပားႏွင့္ သေဘာတူညီခ်က္မ်ား ရရွိခဲ့သည္ဟု ၎က ေျပာသည္။

႐ုရွားႏိုင္ငံ၌ ကာကြယ္ေဆးမ်ား အစုလိုက္အၿပဳံလိုက္ ထုတ္လုပ္မႈကို ေအာက္တိုဘာလတြင္ စတင္ကာ ႏို ဝင္ဘာ(သို႔မဟုတ္) ဒီဇင္ဘာလတြင္ ပထမဆုံးအႀကိမ္ ျပည္ပသို႔တင္ပို႔မည္ဟု ေမွ်ာ္မွန္းရသည္။

႐ုရွားႏိုင္ငံတြင္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈ ၉၄၂၀၀၀ ေက်ာ္ႏွင့္ ေသဆုံးသူ ၁၆၀၀၀ ေက်ာ္ရွိၿပီး အေမရိကန္၊ ဘရာဇီးႏွင့္ အိႏၵိယႏိုင္ငံတို႔ၿပီးလ်င္ ကမၻာေပၚတြင္ စတုတၳေျမာက္ ကူးစက္မႈအျမင့္ဆုံးတိုင္းျပည္ျဖစ္သည္။

ကိုးကား – ေအအက္ဖ္ပီ

Ref; Russia To Test Coronavirus Vaccine On 40,000 People

#PeopleMedia

(unicode)
လူပေါင်း ၄၀၀၀၀ ကျော်ပါဝင်သည့် ဗိုင်းရပ်စ်ကာကွယ်ဆေး စမ်းသပ်မှု ရုရှားနိုင်ငံ လာမည့်အပတ် စတင်မည်
……………………………………………………

နိုင်ငံတကာ၊ ဩဂုတ် ၂၁

လူပေါင်းထောင်ချီပါဝင်သည့် အငြင်းပွားဖွယ်ရာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး လက်တွေ့စမ်းသပ်မှုများကို လာမည့်သီတင်းပတ်တွင် စတင်မည်ဟု ရုရှားနိုင်ငံက ပြောကြားလိုက်သည်။

ရုရှားနိုင်ငံက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတစ်မျိုး မှတ်ပုံတင်သည့် ကမ္ဘာ့ ပထမဆုံးတိုင်းပြည် ဖြစ် လာခဲ့ကြောင်း သမ္မတ ဗလာဒီမာပူတင်က ယခုလအစောပိုင်းတွင် ပြောကြားခဲ့သော်လည်း သူ့၏ကြေညာချက် ကို သိပ္ပံပညာရှင်များနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းတို့က ဘေးအန္တရာယ်ကင်းမှု ပြန်လည်သုံးသပ်ရန်လို အပ်ဟုဆိုကာ သတိပေးခဲ့သည်။

“စပွတ်ညစ် ဗွီ” ဟု အမည်ပေးထားသည့် အဆိုပါ ဗိုင်းရပ်စ်ကာကွယ်ဆေး၏ ဘေးအန္တရာယ်ကင်းမှု စမ်း သပ်မှုများကို လူပေါင်း ၄၀၀၀၀ ကျော် ပါဝင်မှုဖြင့် လာမည့်သီတင်းပတ်တွင် စတင်မည်ဟု ကာကွယ်ဆေး စီမံကိန်း ကို ငွေကြေးမတည်သည့် ရုရှားနိုင်ငံ၏ Sovereign wealth fund အဖွဲ့က ထုတ်ပြန်ချက်တစ်ခု အတွင်း ပြောကြားခဲ့သည်။

ဆေးဘက်ပညာရှင်များအပါအဝင် စေတနာ့အလျောက် ပါဝင်လိုသူများဖြင့် ကာကွယ်ဆေးစမ်းသပ်မှုကို လာမည့်သီတင်းပတ်တွင် စတင်မည်ဟု ရုရှား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့၏ အကြီးအကဲ ကီရေးလ်ဒီမီ ထရီယက်ဗ်က ပြောကြားခဲ့သည်။

ကမ္ဘာ့နိုင်ငံ ၂၀ ကျော်က ကာကွယ်ဆေးအလုံးရေ တစ်ဘီလီယံကျော်ဝယ်ယူရန် တောင်းဆိုမှုများ ပြုလုပ်ခဲ့ပြီး ရုရှားနိုင်ငံက ကာကွယ်ဆေးများထုတ်လုပ်ရန် နိုင်ငံအများအပြားနှင့် သဘောတူညီချက်များ ရရှိခဲ့သည်ဟု ၎င်းက ပြောသည်။

ရုရှားနိုင်ငံ၌ ကာကွယ်ဆေးများ အစုလိုက်အပြုံလိုက် ထုတ်လုပ်မှုကို အောက်တိုဘာလတွင် စတင်ကာ နို ဝင်ဘာ(သို့မဟုတ်) ဒီဇင်ဘာလတွင် ပထမဆုံးအကြိမ် ပြည်ပသို့တင်ပို့မည်ဟု မျှော်မှန်းရသည်။

ရုရှားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ၉၄၂၀၀၀ ကျော်နှင့် သေဆုံးသူ ၁၆၀၀၀ ကျော်ရှိပြီး အမေရိကန်၊ ဘရာဇီးနှင့် အိန္ဒိယနိုင်ငံတို့ပြီးလျင် ကမ္ဘာပေါ်တွင် စတုတ္ထမြောက် ကူးစက်မှုအမြင့်ဆုံးတိုင်းပြည်ဖြစ်သည်။

ကိုးကား – အေအက်ဖ်ပီ

Ref; Russia To Test Coronavirus Vaccine On 40,000 People

#PeopleMedia


Share this post