• Follow Us on

Home လူ့အခွင့်အရေးသည် လူသားအားလုံးမွေးရာပါအခွင့်အရေးဖြစ်သော်လည်း သူတစ်ပါး၏ အခွင့်အရေးများကို လေးစားတန်ဖိုးထားပြီး ထိခိုက်မှုမရှိရအောင်ကျင့်သုံးခြင်းမှာ လူ့အခွင့်အရေး၏အနှစ်သာရတစ်ရပ်ဖြစ်ကြောင်း န-စ-ကဥက္ကဋ္ဌ ပြောကြား

လူ့အခွင့်အရေးသည် လူသားအားလုံးမွေးရာပါအခွင့်အရေးဖြစ်သော်လည်း သူတစ်ပါး၏ အခွင့်အရေးများကို လေးစားတန်ဖိုးထားပြီး ထိခိုက်မှုမရှိရအောင်ကျင့်သုံးခြင်းမှာ လူ့အခွင့်အရေး၏အနှစ်သာရတစ်ရပ်ဖြစ်ကြောင်း န-စ-ကဥက္ကဋ္ဌ ပြောကြား

Share this post

နေပြည်တော်၊ ဒီဇင်ဘာလ ၁၀ (People Media)

 

လူ့အခွင့်အရေးသည် လူသားအားလုံးရပိုင်ခွင့်ရှိသည့် ပယ်ဖျက်၍ မရသော မွေးရာပါအခွင့်အရေး ဖြစ်သော် လည်း မိမိတို့၏ အခွင့်အရေးများကို ရရှိခံစားရာတွင် သူတစ်ပါး၏အခွင့်အရေးများကို လေးစားတန်ဖိုးထားပြီး ထိခိုက်နစ်နာဆုံးရှုံးမှု မရှိရလေအောင် ကျင့်သုံးခြင်းမှာလည်း လူ့အခွင့်အရေး၏ အရေးပါသော အနှစ်သာရ တစ်ရပ်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌထံမှ ယနေ့ ကျရောက်သည့် (၇၃) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာတွင် ပြောဆိုထားသည်။

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၊ အခန်း(၈)တွင် နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များကို ပြဋ္ဌာန်းထားသကဲ့သို့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး သဘောတူစာချုပ်များပါ အခွင့်အရေးများကို ရရှိခံစားနိုင်ရေးအတွက် ပြည်တွင်းဥပဒေများကိုလည်း ပြဋ္ဌာန်း ကျင့်သုံးလျက်ရှိကြောင်း န-စ-ကဥက္ကဋ္ဌက ပြောသည်။

 

(၇၃)နှစ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ်မှာ Equality – Reducing inequalities, advancing human rights ဖြစ်ပြီး၊ လူသားအားလုံးသည် လွတ်လပ်သူများအဖြစ် မွေးဖွားလာ ကြပြီး ဂုဏ်သိက္ခာနှင့် အခွင့်အရေးများ တန်းတူရည်တူရှိကြသည်ဟူသည့် ကမ္ဘာ့လူ့အခွင့်အရေးကြေညာ စာတမ်း အပိုဒ်(၁)ပါ ဖော်ပြချက်နှင့်လည်း ဆက်နွှယ်လျက်ရှိကြောင်း၊ တန်းတူညီမျှရေးနှင့် ခွဲခြားဆက်ဆံမှု မရှိရေးတို့သည် လူ့အခွင့်အရေး၏ အခြေခံအကျဆုံးသော အနှစ်သာရများလည်း ဖြစ်သည့်အတွက် ကဏ္ဍ အသီးသီးတွင် မညီမျှ မှုများနှင့် ခွဲခြားဆက်ဆံမှုများ မရှိစေရေး ကမ္ဘာ့နိုင်ငံများနည်းတူ မိမိတို့မြန်မာနိုင်ငံ အနေဖြင့်လည်း ပြည်သူပြည်သားများ၏ လူ့အခွင့်အရေးများ တန်းတူခံစားရရှိနိုင်ရေးနှင့် မညီမျှမှုများ လျော့ကျစေရေးတို့အတွက် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အပါအဝင် အခြားသက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးတို့က ချိတ်ဆက်ပူးပေါင်း၍ အားထုတ်ကြိုးပမ်းလျက်ရှိကြောင်း န-စ-ကဥက္ကဋ္ဌက ပြောသည်။

 

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့အခွင့်အရေးအခြေအနေများ ဟန်ချက်ညီညီ မြင့်မားလာစေရေးအတွက် ပြည်ထောင်စုဝန်ကြီးဌာနများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၊ ပြည်သူများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ သတင်းမီဒီယာအဖွဲ့ အစည်းများအနေဖြင့် တန်းတူညီမျှမှုရှိရေး အားလုံးပါဝင်နိုင်ရေးနှင့် ခွဲခြားဆက်ဆံမှုမရှိရေးစသည့် လူ့အခွင့် အရေး အခြေပြုနည်းလမ်းများကို လေးစားလိုက်နာကျင့်သုံးဆောင်ရွက်ကြရန် အလေးအနက် တိုက်တွန်း ကြောင်း န-စ-ကဥက္ကဋ္ဌက ပြောကြားခဲ့သည်။

 

#PeopleMedia #လူ့အခွင့်အရေး

 

(unicode)


………………………………………………………………

 


 


 


 


 


 


 



Share this post