• Follow Us on

Home လူ့အခွင့်အရေးအခြေအနေများ ဆိုးရွားမှုကြောင့် သြစတေးလျ Woodside Petroleum ကုမ္ပဏီ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာမည်

လူ့အခွင့်အရေးအခြေအနေများ ဆိုးရွားမှုကြောင့် သြစတေးလျ Woodside Petroleum ကုမ္ပဏီ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာမည်

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၂၇ (People Media)

 

မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်းပြီးတစ်နှစ်ခန့်အကြာတွင် မြန်မာနိုင်ငံတွင်းမှ လူ့အခွင့်အရေးအခြေအနေများဆိုး ရွားမှုကြောင့်  သြစတေးလျနိုင်ငံအခြေစိုက် Woodside Petroleum ကုမ္ပဏီက ၎င်းတို့၏လုပ်ငန်းများကို မြန်မာ နိုင်ငံမှ ရုပ်သိမ်းသွားတော့မည်ဖြစ်ကြောင်း ဇန်နဝါရီလ ၂၁ ရက်နေ့က ကြေညာလိုက်သည်။

 

Woodside Petroleum ကုမ္ပဏီသည် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်သန်း MOGE၊ တရုတ်အမျိုးသား  ရေနံကော်ပိုရေးရှင်း CNPC၊ ပြင်သစ် Total ကုမ္ပဏီတို့နှင့် လုပ်ငန်းများလက်တွဲဆောင်ရွက်နေရာမှ ၎င်း၏လုပ် ငန်းများကို ပြန်လည်ရုပ်သိမ်းရန် စတင်ဆောင်ရွက်နေပြီဖြစ်သည်။

 

မြန်မာနိုင်ငံတွင်း ၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေရေး ကုန်ကျစရိတ် ဒေါ် လာ ၇၁ သန်းနှင့် အခွန်ဆောင်ပြီး အသားတင်အမြတ် ဒေါ်လာ ၁၃၈ သန်းရရှိထားပြီးဖြစ်၍ ၎င်းတို့အဖွဲ့ ပြန် လည်ဆုတ်ခွာမှုကြောင့် ကုမ္ပဏီ၏ ၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် ထိခိုက်နစ်နာမှုမရှိကြောင်း Woodside Petroleum ကုမ္ပဏီကပြောသည်။

 

“မြန်မာနိုင်ငံက လက်ရှိဖြစ်ပွားနေတဲ့အခြေအနေတွေကိုထောက်ရှုလိုက်ရင် A-6 သဘောဝဓာတ်ငွေ့လုပ်ကွက် နဲ့ နိုင်ငံတွင်းက အခြားသောလုပ်ကွက်တွေမှာ ကျွန်တော်တို့ကုမ္ပဏီက ဆက်လက်ပါဝင်ဆောင်ရွက်ဖို့ မစဉ်းစား နိုင်တော့ပါဘူး။” ဟု Woodside Petroleum ကုမ္ပဏီ၏ အမှုဆောင်အရာရှိ မက်ဂျ်အိုနေးလ်က ဇန်နဝါရီလ ၂၁ ရက်နေ့က ပြောသည်။

 

“Woodside Petroleum ကုမ္ပဏီအနေနဲ့ မြန်မာပြည်သူတွေအတွက် အများအပြားလိုအပ်နေတဲ့ စွမ်းအင်ကဏ္ဍ မှာ အလုပ်ဆက်လုပ်ဖို့ မျှော်လင့်ထားပေမဲ့လည်း ဖြစ်နိုင်တဲ့ အခွင့်အလမ်းတွေ မရှိတော့ပါဘူး။” ဟု ၎င်းက ပြောသည်။

 

လွန်ခဲ့သည့်နှစ် ဖေဖော်ဝါရီလအတွင်းက စစ်အာဏာသိမ်းပြီးနောက် ဆန္ဒပြပွဲများအများအပြားပေါ်ထွက်လာသ လို လူ့အခွင့်အရေးဆိုင်ရာစိုးရိမ်ပူပန်မှုများလည်း မြင့်တက်လာသဖြင့် ၎င်းတို့ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံမှ ထွက်ခွာသွားတော့မည်ဖြစ်ကြောင်း Woodside Petroleum ကုမ္ပဏီက ပြောဆိုခဲ့သည်။

 

Ref: Australia’s Woodside Petroleum to exit Myanmar over human rights

 

#PeopleMedia

 

(unicode)


………………………………………………………………

 


 


 


 


 


 


 


 

Ref: Australia’s Woodside Petroleum to exit Myanmar over human rights

 

#PeopleMedia


Share this post