• Follow Us on

Home လူ႔အခြင့္အေရးႁမွင့္တင္ရန္ ျမန္မာအစိုးရသစ္ႏွင့္ ပူးေပါင္းေဆာင္႐ြက္မည္ဟု အေမရိကန္ေျပာ

လူ႔အခြင့္အေရးႁမွင့္တင္ရန္ ျမန္မာအစိုးရသစ္ႏွင့္ ပူးေပါင္းေဆာင္႐ြက္မည္ဟု အေမရိကန္ေျပာ

Share this post

ဝါ႐ွင္တန္၊ ႏို၀င္ဘာ ၁၁
 
လူ႔အခြင့္အေရးေလးစားရန္ႏွင့္ အားလံုးအတြက္အေျခခံအခြင့္အေရးမ်ားေမြးျမဴရန္ ျမန္မာအစိုးရသစ္ႏွင့္ ဆက္လက္လက္တြဲလုပ္ေဆာင္သြားရန္ေမွ်ာ္မွန္းထားသည္ဟု အေမရိကန္ျပည္ေထာင္စုကေျပာသည္။
 
ကန္႔သတ္မႈမ႐ွိေသာစီးပြားေရးအက်ိဳးျဖစ္ထြန္းမႈႁမွင့္တင္ရန္၊ ေရ႐ွည္ၿငိမ္းခ်မ္းေရးရရန္လည္း အစိုးရသစ္ႏွင့္ပူးေပါင္းေဆာင္႐ြက္သြားမည္ဟုေျပာသည္။
 
ဒီမိုကေရစီ၊ ဖြံ႔ၿဖိဳးမႈႏွင့္ အမ်ိဳးသားရင္ၾကားေစ့ေရးတို႔ကိုလားသည့္ ျမန္မာႏိုင္ငံသားမ်ား၏မိတ္ဖက္အေနျဖင့္ အေမရိကန္ျပည္ေထာင္စုဆက္လက္႐ွိေနမည္ဟု အေမရိကန္ႏိုင္ငံျခားေရး၀န္ႀကီး မိုက္ ပြန္ပီယိုက ျမန္မာအေထြေထြေ႐ြးေကာက္ပြဲအေပၚထုတ္ျပန္ခ်က္တြင္ပါ၀င္သည္။
 
ျမန္မာအေထြေထြေ႐ြးေကာက္ပြဲသည္ ဒီမိုကေရစီအသြင္ကူးေျပာင္းေရးတြင္ အေရးပါေသာေျခလွမ္း တခုျဖစ္ေၾကာင္းလည္း အေမရိကန္ျပည္ေထာင္စုက အသိအမွတ္ျပဳသည္။
 
သို႔ေသာ္လည္း ဖြဲ႔စည္းပံုအေျခခံဥပေဒအရ လႊတ္ေတာ္အတြင္းေ႐ြးေကာက္ခံမဟုတ္ေသာ အမတ္ေနရာ မ်ားကို တပ္မေတာ္အတြက္ ႀကိဳတင္ေနရာယူထားမႈ၊ ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပထား)မ်ား အပါအ၀င္ လူမ်ိဳးစုမ်ားမဲေပးခြင့္ပိတ္ထားမႈ၊ ေ႐ြးေကာက္ပြဲမက်င္းပႏိုင္သည့္ေနရာမ်ား႐ွိေနမႈ၊ တ ဖက္သတ္ႏိုင္ငံသားျဖစ္ခြင့္ေလွ်ာက္ထားမႈႏွင့္ေနထိုင္မႈသက္တမ္းလိုအပ္ခ်က္မ်ားကိုအေျခခံကာ ကိုယ္စား လွယ္ေလာင္းအရည္အခ်င္းမျပည့္၀ေၾကာင္းပယ္ခ်မႈတို႔ကို စိုးရိမ္မိေၾကာင္းလည္း အေမရိကန္ကေျပာ သည္။
 
ေ႐ြးေကာက္ပြဲလုပ္ငန္းစဥ္မ်ားကို ေသေသခ်ာခ်ာေစာင့္ၾကည့္သြားမည္ဟုလည္း အေမရိကန္ကေျပာသည္။
 
Ref : US to work with new Myanmar govt to promote human rights
 
#PeopleMedia
 
(unicode)
လူ့အခွင့်အရေးမြှင့်တင်ရန် မြန်မာအစိုးရသစ်နှင့် ပူးပေါင်းဆောင်ရွက်မည်ဟု အမေရိကန်ပြော
………………………………………….
 
ဝါရှင်တန်၊ နိုဝင်ဘာ ၁၁
 
လူ့အခွင့်အရေးလေးစားရန်နှင့် အားလုံးအတွက်အခြေခံအခွင့်အရေးများမွေးမြူရန် မြန်မာအစိုးရသစ်နှင့် ဆက်လက်လက်တွဲလုပ်ဆောင်သွားရန်မျှော်မှန်းထားသည်ဟု အမေရိကန်ပြည်ထောင်စုကပြောသည်။
 
ကန့်သတ်မှုမရှိသောစီးပွားရေးအကျိုးဖြစ်ထွန်းမှုမြှင့်တင်ရန်၊ ရေရှည်ငြိမ်းချမ်းရေးရရန်လည်း အစိုးရသစ်နှင့်ပူးပေါင်းဆောင်ရွက်သွားမည်ဟုပြောသည်။
 
ဒီမိုကရေစီ၊ ဖွံ့ဖြိုးမှုနှင့် အမျိုးသားရင်ကြားစေ့ရေးတို့ကိုလားသည့် မြန်မာနိုင်ငံသားများ၏မိတ်ဖက်အနေဖြင့် အမေရိကန်ပြည်ထောင်စုဆက်လက်ရှိနေမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက် ပွန်ပီယိုက မြန်မာအထွေထွေရွေးကောက်ပွဲအပေါ်ထုတ်ပြန်ချက်တွင်ပါဝင်သည်။
 
မြန်မာအထွေထွေရွေးကောက်ပွဲသည် ဒီမိုကရေစီအသွင်ကူးပြောင်းရေးတွင် အရေးပါသောခြေလှမ်း တခုဖြစ်ကြောင်းလည်း အမေရိကန်ပြည်ထောင်စုက အသိအမှတ်ပြုသည်။
 
သို့သော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်အတွင်းရွေးကောက်ခံမဟုတ်သော အမတ်နေရာ များကို တပ်မတော်အတွက် ကြိုတင်နေရာယူထားမှု၊ ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)များ အပါအဝင် လူမျိုးစုများမဲပေးခွင့်ပိတ်ထားမှု၊ ရွေးကောက်ပွဲမကျင်းပနိုင်သည့်နေရာများရှိနေမှု၊ တ ဖက်သတ်နိုင်ငံသားဖြစ်ခွင့်လျှောက်ထားမှုနှင့်နေထိုင်မှုသက်တမ်းလိုအပ်ချက်များကိုအခြေခံကာ ကိုယ်စား လှယ်လောင်းအရည်အချင်းမပြည့်ဝကြောင်းပယ်ချမှုတို့ကို စိုးရိမ်မိကြောင်းလည်း အမေရိကန်ကပြော သည်။
 
ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို သေသေချာချာစောင့်ကြည့်သွားမည်ဟုလည်း အမေရိကန်ကပြောသည်။
 
Ref : US to work with new Myanmar govt to promote human rights
 
#PeopleMedia

Share this post