• Follow Us on

Home လူ့အသက်ကို တန်ဘိုးထားရန်နှင့် ဘာသာရေးအဆောက်အအုံများ၊ ဆေးရုံများနှင့် စာသင်ကျောင်းများကို အထူးပင် လေးစားရန် ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် တောင်းဆို

လူ့အသက်ကို တန်ဘိုးထားရန်နှင့် ဘာသာရေးအဆောက်အအုံများ၊ ဆေးရုံများနှင့် စာသင်ကျောင်းများကို အထူးပင် လေးစားရန် ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် တောင်းဆို

Share this post

မန္တလေး၊ ဇန်နဝါရီ ၁၅ (People Media)

 

လူ့အသက်ကို တန်ဘိုးထားရန်နှင့် ဝတ်ပြုကိုးကွယ်မှုဆိုင်ရာ သန့်ရှင်းမြင့်မြတ်သော ဘာသာရေးအဆောက်အ အုံများ၊ ဆေးရုံများနှင့် စာသင်ကျောင်းများကို အထူးပင်လေးစားရန် မြန်မာနိုင်ငံတော် ကက်သလစ်ဆရာတော် ကြီးများအဖွဲ့ချုပ် (စီဘီစီအမ်)မှ တောင်းဆိုလိုက်သည်။

 

(စီဘီစီအမ်)၏ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်မှ ၁၄ ရက်နေ့ထိ ပြုလုပ်သော ပထမအကြိမ် အထွေထွေညီ လာခံမှ သဘောထား ထုတ်ပြန်ချက်ကို ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

 

(စီဘီစီအမ်)သည် နိုင်ငံတော်အတွင်း ဖြစ်ပွားနေသော လက်ရှိအခြေအနေများကြောင့် အင်မတန် ဝမ်းနည်း ကြေကွဲရပါသည်။

 

လူဦးရေ ထောင်ချီ ရွေ့ပြောင်းနေကြရပြီး သန်းနှင့်ချီ၍လည်း ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို ခံစားနေကြရ၍ စီဘီစီအမ်သည် လူမျိုးဘာသာမရွေး ပဋိပက္ခဖြစ်ပွားနေသော အရပ်ဒေသများရှိ အပြစ်မဲ့ပြည်သူများ၊ ပြည်တွင်း ရွေ့ပြောင်းနေထိုင်ရသူများ၊ အထူးသဖြင့် သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ၊ အမျိုးသမီးများ၊ မကျန်းမာသူများ၏ အသက်အိုးအိမ်နှင့် လုံခြုံမှုအတွက် များစွာစိုးရိမ်မိကြောင်း ထုတ်ပြန်ထားသည်။

 

စီဘီစီအမ်အနေဖြင့် ကမ္ဘာတစ်ဝန်းရှိ ကက်သလစ် သာသနာတော်ကြီးနှင့်သာမက ကူညီလှူဒါန်းပေးလိုသော အဖွဲ့အစည်းများနှင့် ဆက်လက် မိတ်သဟာရဖွဲ့၍ မြန်မာပြည်သူပြည်သားများအား ကျောသားရင်သား မခွဲခြား ကူညီသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ စီဘီစီအမ်အနေဖြင့် ဒုက္ခသည်များ၊ ပြည်တွင်းရွှေ့ပြောင်းနေ ထိုင်ရသူများအတွက် အခြေခံလိုအပ်သော လူသားချင်းစာနာမှု အထောက်အကူပြု ပစ္စည်းများကို ပို့ဆောင် ထောက်ပံ့နိုင်ရန်အတွက် တာဝန်ရှိသူအားလုံးမှ စီစဉ်ဆောင်ရွက်ပေးပါရန် အလေးအနက် တောင်းဆိုပါသည်။

 

လူ့ဂုဏ်သိက္ခာနှင့် အသက်ရှင်သန်မှု အခွင့်အရေးတို့သည် ဘယ်သောအခါမှ၊ မည်သည့်အရာနှင့်မျှ လဲ လှယ်၍မရပါ။

 

သို့ဖြစ်ပါ၍ လူ့အသက်ကို တန်ဘိုးထားရန်နှင့် ဝတ်ပြုကိုးကွယ်မှုဆိုင်ရာ သန့်ရှင်းမြင့်မြတ်သော ဘာသာရေး အဆောက်အအုံများ၊ ဆေးရုံများနှင့် စာသင်ကျောင်းများကို အထူးပင်လေးစားရန် ကျွန်ု်ပတို့ တောင်းဆိုကြောင်း ထုတ်ပြန်ထားသည်။

 

ယုံကြည်မှုကိုအခြေခံသော ဘာသာရေးအဖွဲ့အစည်းဖြစ်သည့် စီဘီစီအမ်သည် ဘုရားသခင်၌ အရာအားလုံး ဖြစ်နိုင်သည်ကို အလေးအနက်ယုံကြည်ကြောင်း၊ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံအတွင်း၌ ငြိမ်းချမ်းမှုတည်ဆောက်နိုင် ရန် ဒေသဆိုင်ရာ ကက်သလစ်သာသနာနယ်အသီးသီးအနေဖြင့် မိမိတို့ တတ်နိုင်သော နည်းလမ်းမျိုးစုံ၊ အထူး သဖြင့် စဉ်ဆက်မပြတ် ဆုတောင်းခြင်းများ ပြုလုပ်ပေးကြရန် အထူးပင် အားပေးတိုက်တွန်းကြောင်း ထုတ်ပြန်ထားသည်။

 

#PeopleMedia #မြန်မာနိုင်ငံတော် ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်

 

(unicode)


………………………………………………………..

 

မန်တလေး၊ ဇနျနဝါရီ ၁၅ (People Media)

 


 


 


 


 


 


 


 


 



Share this post