• Follow Us on

Home လူ႕ေဘာင္သစ္ပါတီႏွင့္ Federal Training Team(FTT) တို႔က ပူးေပါင္းၿပီး ဖက္ဒရယ္စနစ္ေဆြးေႏြးပြဲ ျပဳလုပ္

လူ႕ေဘာင္သစ္ပါတီႏွင့္ Federal Training Team(FTT) တို႔က ပူးေပါင္းၿပီး ဖက္ဒရယ္စနစ္ေဆြးေႏြးပြဲ ျပဳလုပ္

Share this post

ေအာင္ေအာင္

မႏၲေလး ေအာက္တိုဘာ ၂၁

ဖက္ဒရယ္ စနစ္အေျခခံ သေဘာတရားမ်ား သိရွိနားလည္နိုင္ေရးေဆြးေႏြးပြဲကို မႏၲေလးၿမိဳ႕ ေအာင္ေျမသာစံၿမိဳ႕နယ္ ၂၂လမ္း ၈၉လမ္းႏွင့္၉၀လမ္းၾကားရွိ Ice Land Hotelတြင္ ျပဳလုပ္သည္။

အဆိုပါ ေဆြးေႏြးပြဲကို မႏၲေလးတိုင္းေဒသႀကီး လူ႕ေဘာင္သစ္ပါတီႏွင့္Federal Training Team(FTT)တို႔က ပူးေပါင္း ျပဳလုပ္ျခင္းျဖစ္ၿပီး ေအာက္တိုဘာလ ၂၁ ရက္ေန႕မွ၂၂ရက္ေန႕အထိ ျပဳလုပ္သြားမွာလည္းျဖစ္သည္။

“ျပည္သူလူထုအတြင္းမွာ ဖက္ဒရယ္ဆိုတဲ့ အသိတရားေတြ မူဝါဒေတြ အယူအဆေတြ သိရွိေအာင္ အခုလိုလုပ္ပါတယ္။”ဟု လူ႕ေဘာင္သစ္ ဒီမိုကရက္တစ္ပါတီ ဗဟိုဌာနခ်ဳပ္ ဗဟိုအလုပ္မႈေဆာင္ ေကာ္မတီဝင္ ဦးေက်ာ္ေက်ာ္စိုးကေျပာသည္။

အဆိုပါ ေဆြးေႏြးပြဲတြင္ ဖက္ဒရယ္စနစ္၏ အေျခခံမ်ား ဖက္ဒရယ္စနစ္ႏွင့္ဖြဲ႕စည္းပုံ အေျခခံ ဥပေဒ မတူကြဲျပားမႈမ်ားကို စီမံခန့္ခြဲျခင္း လူနည္းစု အခြင့္အေရးမ်ားကို အကာအကြယ္ေပးျခင္း လုပ္ပိုင္ခြင့္အာဏာမ်ား ခြဲေဝျခင္း ဖက္ဒရယ္စနစ္တြင္ ဘ႑ာေငြေၾကးဆိုင္ရာ စီမံခန့္ခြဲျခင္း စသည္တို႔ ေဆြးေႏြးသြားၾကမည္ျဖစ္သည္။

“ဖက္ဒရယ္ နိုင္ငံေတြမွာ စုံလင္ကြဲျပားလွတဲ့ မတူကြဲျပားမႈေပါင္းစုံ လူမ်ိဳးအရ စသည္ျဖင့္ အဲဒီမတူကြဲျပားမႈေပါင္းစုံကို ဖယ္ဒရယ္နိုင္ငံေတြမွာ ဘယ္လိုစီမံခန့္ခြဲမႈ လုပ္သလည္းဆိုတဲ့ အေၾကာင္းအရာေတြကိုလည္း ေဆြးေႏြးမယ္။”ဟုFederal Training Team(FTT)မွတာဝန္ရွိသူတစ္ဦးကေျပာသည္။

ေဆြးေႏြးပြဲသို႔ နိုင္ငံေရးအင္အားစုမ်ား အရပ္ဖက္လူမႈအဖြဲ႕အစည္းမ်ားႏွင့္ေက်ာက္ဆည္ စဥ့္ကိုင္ ပုသိမ္ႀကီး ျပင္ဦးလြင္ စသည့္ၿမိဳ႕နယ္မ်ားမွ ဖိတ္ၾကားထားသည့္ ေဒသခံတစ္ခ်ိဳ႕ တက္ေရာက္ခဲ့ၾကသည္။

[Unicode]
“လူ့ဘောင်သစ်ပါတီနှင့်Federal Training Team(FTT)တို့က ပူးပေါင်းပြီး ဖက်ဒရယ်စနစ်ဆွေးနွေးပွဲ ပြုလုပ်”

အောင်အောင်
မန္တလေး အောက်တိုဘာ ၂၁

ဖက်ဒရယ် စနစ်အခြေခံ သဘောတရားများ သိရှိနားလည်နိုင်ရေးဆွေးနွေးပွဲကို မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၂၂လမ်း ၈၉လမ်းနှင့်၉၀လမ်းကြားရှိ Ice Land Hotelတွင် ပြုလုပ်သည်။

အဆိုပါ ဆွေးနွေးပွဲကို မန္တလေးတိုင်းဒေသကြီး လူ့ဘောင်သစ်ပါတီနှင့်Federal Training Team(FTT)တို့က ပူးပေါင်း ပြုလုပ်ခြင်းဖြစ်ပြီး အောက်တိုဘာလ ၂၁ ရက်နေ့မှ၂၂ရက်နေ့အထိ ပြုလုပ်သွားမှာလည်းဖြစ်သည်။

“ပြည်သူလူထုအတွင်းမှာ ဖက်ဒရယ်ဆိုတဲ့ အသိတရားတွေ မူဝါဒတွေ အယူအဆတွေ သိရှိအောင် အခုလိုလုပ်ပါတယ်။”ဟု လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဗဟိုဌာနချုပ် ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဦးကျော်ကျော်စိုးကပြောသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ဖက်ဒရယ်စနစ်၏ အခြေခံများ ဖက်ဒရယ်စနစ်နှင့်ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မတူကွဲပြားမှုများကို စီမံခန့်ခွဲခြင်း လူနည်းစု အခွင့်အရေးများကို အကာအကွယ်ပေးခြင်း လုပ်ပိုင်ခွင့်အာဏာများ ခွဲဝေခြင်း ဖက်ဒရယ်စနစ်တွင် ဘဏ္ဍာငွေကြေးဆိုင်ရာ စီမံခန့်ခွဲခြင်း စသည်တို့ ဆွေးနွေးသွားကြမည်ဖြစ်သည်။

“ဖက်ဒရယ် နိုင်ငံတွေမှာ စုံလင်ကွဲပြားလှတဲ့ မတူကွဲပြားမှုပေါင်းစုံ လူမျိုးအရ စသည်ဖြင့် အဲဒီမတူကွဲပြားမှုပေါင်းစုံကို ဖယ်ဒရယ်နိုင်ငံတွေမှာ ဘယ်လိုစီမံခန့်ခွဲမှု လုပ်သလည်းဆိုတဲ့ အကြောင်းအရာတွေကိုလည်း ဆွေးနွေးမယ်။”ဟုFederal Training Team(FTT)မှတာဝန်ရှိသူတစ်ဦးကပြောသည်။

ဆွေးနွေးပွဲသို့ နိုင်ငံရေးအင်အားစုများ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့်ကျောက်ဆည် စဥ့်ကိုင် ပုသိမ်ကြီး ပြင်ဦးလွင် စသည့်မြို့နယ်များမှ ဖိတ်ကြားထားသည့် ဒေသခံတစ်ချို့ တက်ရောက်ခဲ့ကြသည်။


Share this post