• Follow Us on

Home လူ ၁၀ ယောက်လျှင် တစ်ယောက်နှုန်း COVID-19 ရောဂါကူးစက်နေနိုင်ကြောင်း WHO ခန့်မှန်း


Share this post

ဂျီနီဗာ၊ အောက်တိုဘာ ၆







#Peoplemedia

(Unicode)
လူ ၁၀ ယောက်လျှင် တစ်ယောက်နှုန်း COVID-19 ရောဂါကူးစက်နေနိုင်ကြောင်း WHO ခန့်မှန်း
…………………………………

ဂျီနီဗာ၊ အောက်တိုဘာ ၆

အကြမ်းဖျင်းအားဖြင့် လူ ၁၀ ယောက်လျှင် တစ်ယောက်နှုန်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရပြီး ကမ္ဘာ့လူဦးရေး အများအပြားကို ဗိုင်းရပ်စ်ကြောင့်ဖြစ်လာသည့် COVID-19 ကြောင့်ထိခိုက်လွယ်စေကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO ကတနင်္လာနေ့တွင်ပြောသည်။

WHO ၏ အရေးပေါ်အခြေအနေများဆိုင်ရာကျွမ်းကျင်သူ မိုက်ရိုင်ယန်က အေဂျင်စီအမှုဆောင်ဘုတ်အဖွဲ့ ကိုပြောခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် အရှေ့တောင်အာရှဒေသတွင် ကူးစက်မှုများမြင့်တက်နေပြီး ဥရောပနှင့်မြေထဲပင်လယ် ဒေသအရှေ့ပိုင်းများတွင် အတည်ပြုလူနာနှင့်သေဆုံးသူများမြင့်တက်နေကြောင်းလည်း ရိုင်ယန်ကပြောသည်။

ရောဂါအကြောင်းတိတိကျကျနှင့်အချိန်မီသတင်းမပေးခဲ့ဘဲ တရုတ်နိုင်ငံဘက်က နောက်ကျခဲ့ကြောင်းလည်း အမေရိကန်ပြည်ထောင်စုဘက်ကပြောသည်။

သို့သော် ကုလသမဂ္ဂကျန်းမာရေးအေဂျင်စီအဆင့်ဆင်နှင့် သေသေချာချာဆက်သွယ်ခဲ့ကြောင်း တရုတ် အမျိုးသားကျန်းမာရေးကော်မရှင်မှ ကျန်းယန်ကပြောသည်။

Ref : One in 10 may have caught COVID-19, as world heads into ‘difficult period’: WHO

#Peoplemedia


Share this post