• Follow Us on

Home လူ ၅၀ ထက်ပိုမစုရဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန သတင်းထုတ်ပြန်

လူ ၅၀ ထက်ပိုမစုရဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန သတင်းထုတ်ပြန်

Share this post

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ (People Media)

 

COVID-19 ရောဂါ၏ လက်ရှိဖြစ်ပွားနေသည့် အခြေအနေအရ လူ ၅၀ ဦးထက်ပို၍ မစုရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ယနေ့ နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် သတင်းထုတ်ပြန်သည်။

 

ကူးစက်ရောဂါများကာကွယ်နှိမ်နှင်းရေး ဥပဒေ ပုဒ်မ ၂၁ အရ လူ ၅ ဦးထက် ပိုမစုရ တစ်ကြိမ်၊ လူ ၁၅ ဦးထက် ပိုမစုရ တစ်ကြိမ်၊ လူ ၃၀ ဦးထက် ပိုမစုရ တစ်ကြိမ်ထုတ်ပြန်ခဲ့သော်လည်း လက်ရှိဖြစ်ပွားနေသည့်အခြေအနေ အရ လူ ၅၀ ဦးထက် ပိုမစုရန်ထပ်မံထုတ်ပြန်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။

 

ကျန်မာရေးနှင့် အားကစားဝန်ကြီးဌာနမှ လူ ၅၀ ဦးထက် ပိုမစုရန် သတင်းထုတ်ပြန်သော်လည်း လိုက်နာချင်း မရှိပါက တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင်ပါဝင်သည်။

 

ထို့အတူ တိုင်းဒေသကြီး/ပြည်နယ်များ၌ တပ်မတော်အစိုးရကို ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ပွဲများလည်း နေရာအနှံ ဖြစ်ပေါ်လျက်ရှိသည်။

 

#PeopleMedia #COVID

 

(unicode)

………………………………………






#PeopleMedia #COVID


Share this post