• Follow Us on

Home လူ ၅ ယောက်ထပ်ပို၍စုဝေးခြင်းကို အရေးပေါ်အမိန့်ဖြင့် ထိုင်းအစိုးရပိတ်ပင်


Share this post









#PeopleMedia

(unicode)
လူ ၅ ယောက်ထပ်ပို၍စုဝေးခြင်းကို အရေးပေါ်အမိန့်ဖြင့် ထိုင်းအစိုးရပိတ်ပင်
………………………………………………

ဘန်ကောက်၊ အောက်တိုဘာ ၁၅

ဘန်ကောက်မြို့မှလမ်းပေါ်ထွက်ဆန္ဒပြမှုများအဆုံးသတ်ရန် ကြာသပတေးနေ့နံနက်ပိုင်းမှစ၍ လူ ၅ ယောက်ထပ်ပိုစုဝေးခြင်းနှင့် အမျိုးသားလုံခြုံရေးကိုထိခိုက်စေနိုင်သည့် သတင်းနှင့် အွန်လိုင်းသတင်း စကားများထုတ်ဝေခြင်းကို ထိုင်းအစိုးရက တားမြစ်လိုက်သည်။

ပြီးခဲ့သည့် ၃ လအတွင်း ဆန္ဒပြပွဲများအရှိန်မြင့်တက်လာပြီး ဗုဒ္ဓဟူးနေ့ညပိုင်းတွင် ဆန္ဒပြသူများက ထိုင်းအစိုးရအိမ်တော်ရှေ့တွင် စုဝေးပြီး ဝန်ကြီးချုပ် ပရာရွတ် ချန်အိုချာ နုတ်ထွက်ရေးတောင်းဆိုခဲ့သည်။

ဆန္ဒထုတ်ဖော်သူများက ထိုင်းဘုရင်၏ယာဉ်တန်းကို နှောင့်ယှက်ခဲ့ပြီးနောက် အရေးယူခြင်းဖြစ်သည်ဟု လည်းပြောသည်။

မနက် ၄ နာရီမှစပြီး အကြီးစားလူထုစုဝေးမှုများကိုတားဆီးသည့်အစီအစဉ်များနှင့် သူတို့ဦးတည်သည့်နေရာကို ဝင်ရောက်ခြင်းမှ လူများကိုတားဆီးရန် အာဏာပိုင်များကိုခွင့်ပြုသည့်စာရွက်စာတမ်းများနှင့်အတူ ကြေညာခြင်းဖြစ်သည်။

အရေးပေါ်အမိန့်အသက်ဝင်ပြီးနောက် အစိုးရအိမ်တော်ရှေ့တွင် စခန်းချထားသည့်ဆန္ဒပြသူများကို ဒိုင်းကာ ထားသည့်အဓိကရုဏ်းနှိမ်နှင်းရေးရဲများက အသာစီးရခဲ့သည်။ ဗုဒ္ဓဟူးနေ့ညပိုင်းတွင် ထိုနေရာ၌ ဆန္ဒထုတ်ဖော်ခဲ့သည့်လူထောင်ချီထဲမှ အများအပြားက ပြန်သွားကြပြီဖြစ်သည်။

ကြာသပတေးနေ့တွင်ပြုလုပ်ရန်ရည်ရွယ်ထားသည့်လူထုစုဝေးမှုများကို တားမြစ်လိုက်ပြီး ကြာသပတေး နေ့မနက်အစောပိုင်းတွင် ဆန္ဒပြခေါင်းဆောင် ၃ ယောက်အပါအဝင် ဆန္ဒပြပွဲတွင်ပါဝင်သူအယောက် ၂၀ ကိုဖမ်းဆီးလိုက်သည်ဟု ထိုင်းရဲတပ်ဖွဲ့ကကြေညာသည်။

Ref : Police clear protest as emergency decree bans gatherings

#PeopleMedia


Share this post