• Follow Us on

Home လုံခြုံရေးအာမခံမှုနှင့် ပတ်သက်သည့် ရုရှားတောင်းဆိုချက်အား အနောက်အုပ်စုက စာတစ်စောင်ရေးသား တုံ့ပြန်

လုံခြုံရေးအာမခံမှုနှင့် ပတ်သက်သည့် ရုရှားတောင်းဆိုချက်အား အနောက်အုပ်စုက စာတစ်စောင်ရေးသား တုံ့ပြန်

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၂၇ (People Media)

 

ရုရှားနိုင်ငံကတောင်းဆိုထားသည့် လုံခြုံရေးအာမခံချက်ကို တုံ့ပြန်သောအားဖြင့် နေတိုးအဖွဲ့နှင့် အမေရိကန် ပြည်ထောင်စုတို့က စာတစ်စောင်ကို ဇန်နဝါရီလ ၂၆ ရက်နေ့တွင် မော်စကိုရှိ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့လိုက်သည်။

 

ရုရှားနိုင်ငံအနေဖြင့် ယူကရိန်းနှင့် ဂျော်ဂျီယာနိုင်ငံတွင် ယင်းနိုင်ငံများ၏ သဘောတူခွင့်ပြုချက်မရရှိဘဲ ရုရှားတပ် များကို တပ်ဖြန့်ချထားခဲ့ရာ အဆိုပါတပ်များကို ပြန်လည်ရုပ်သိမ်းရန် ရုရှားအစိုးရအား နေတိုးအဖွဲ့အကြီးအကဲ ဂျန်းဆော့လ်တန်းဘာ့ဂျ်က တောင်းဆိုလိုက်သည်။

 

“ရုရှားသမ္မတဗလာဒီမာပူတင်ဟာ လက်ရှိအချိန်မှာပဲဖြစ်ဖြစ် ဖေဖော်ဝါရီလလယ်လောက်မှာပဲဖြစ်ဖြစ် စစ်အင် အားအသုံးပြုတော့မယ့် အရိပ်လက္ခဏာတွေကို ကျွန်မတို့ ထင်ထင်ရှားရှား မြင်နေရပါတယ်။” ဟု အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှားမန်းက ပြောသည်။

 

ဘေဂျင်းအိုလံပစ်ပွဲကို ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် စတင်ကျင်းပရန် ရက်သတ်မှတ်ထားပြီး ယင်းအိုလံပစ်ဖွင့်ပွဲ အခမ်းအနားတွင် ရုရှားသမ္မတဗလာဒီမာပူတင်ကိုယ်တိုင်တက်ရောက်ရန် မျှော်လင့်ထားသည်။ ဘေဂျင်း အိုလံ ပစ်ပွဲက ပူတင်၏အစီအစဉ်ကို ထိခိုက်စေနိုင်မည်ဖြစ်ကြောင်း ရှားမန်းကပြောသလို တစ်ပြိုင်တည်းမှာပင် ပူတင် အနေဖြင့် ယူကရိန်းကိုကျူုးကျော်တိုက်ခိုက်ရန် အပြီးသတ်ဆုံးဖြတ်ချက်ချမှတ်ထားခြင်း ရှိမရှိ မသိရကြောင်း အမေရိကန်အစိုးရက ပြောသည်။

 

အမေရိကန်ပြည်ထောင်စုအနေဖြင့် ယူကရိန်းနိုင်ငံကို ရုရှားနိုင်ငံက အင်အားပြည့်တိုက်ခိုက်လာမှုများမှသည် မျိုးစပ်စစ်ပွဲနှင့် ပုံဖျက်တိုက်ခိုက်များအထိ ရှိရင်းစွဲအခြေအနေမှ ထပ်မံဖြစ်ပွားလာနိုင်သည့် အခြေအနေအမျိုးမျိုး ကို တုံ့ပြန်နိုင်ရန် အသင့်ပြင်ဆင်ထားကြောင်း ဝင်ဒီရှားမန်းက ပြောသည်။

 

ဖေဖော်ဝါရီလ ၄ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကျင်းပမည့် ဘေဂျင်း ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲကာလအတွင်း ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်ခြင်းမပြုရန် ရုရှားသမ္မတပူတင်အား တရုတ်သမ္မတရှီကျင့်ဖိန်က တောင်း ဆိုခဲ့ကြောင်း အစောပိုင်းကာလက အမေရိကန်သတင်းဌာန Bloomberg တွင်ရေးသားဖော်ပြခဲ့သည်။

 

ရုရှားနိုင်ငံက ကျူးကျော်တိုက်ခိုက်လာမည့်အရေးနှင့်ပတ်သက်၍ ထိတ်လန့်တကြားမဖြစ်ရန် ယူကရိန်းနိုင်ငံ သားများကို ယူကရိန်းသမ္မတဗလာဒီမာဇီလန်စကီးက တိုက်တွန်းလိုက်ပြီး ရုရှားနိုင်ငံက ကျူးကျော်တိုက်ခိုက် လာမည့်အန္တရာယ်မှာ လွန်ခဲ့သည့် ရှစ်နှစ်က မိမိတို့ကြုံတွေ့ခဲ့ရသည့်အဖြစ်အပျက်များထက် ပို၍ဆိုးရွားခြင်း မရှိကြောင်း အလေးထားပြောကြားခဲ့သည်။

 

ယူကရိန်းနိုင်ငံအနေဖြင့် မိမိတပ်မတော်အားကောင်းလာစေရန် မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း၊ မည်သည့် အခြေအနေမျိုးကြုံတွေ့လာရပါစေ ယူကရိန်းတပ်မတော်က အသင့်ရှိနေကြောင်း၊ ပဋိပက္ခနှင့်ပတ်သက်၍ ယူက ရိန်းအစိုးရအနေဖြင့် သံတမန်နည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန် ကြိုးစားဆောင်ရွက်နေကြောင်း သမ္မတ ဇီလန်စကီး က ဖြည့်စွက်ပြောသည်။

 

၂၀၂၁ ခုနှစ် အောက်တိုဘာလအကုန်ကတည်းက ရုရှားနိုင်ငံသည် ၎င်းတို့တပ်ဖွဲ့ဝင်များကို ယူကရိန်းနယ်စပ် တွင် အင်အားအလုံးအရင်း စုဖွဲ့ခဲ့ရာ အင်အား ၁၂၇၀၀၀ အထိ တပ်ဖြန့်ချထားခဲ့သည့်အပြင် ယူကရိန်းနယ်စပ် နှင့် ယာယီသိမ်းပိုက်ထားသော နယ်မြေများတွင် ထိုးစစ်ဆင်နိုင်ရန် အင်အားများပြားလှသည့် စစ်လက်နက် ပစ္စည်းများပို့ဆောင်ထားကြောင်းသိရသည်။

 

Ref: NATO Chief Jens Stoltenberg gives press conference after West delivers written response to Russia’s request for security guarantees

 

#PeopleMedia

 

(unicode)


……………………………………………………………..

 


 


 


 


 


 


 


 


 


 


 

Ref: NATO Chief Jens Stoltenberg gives press conference after West delivers written response to Russia’s request for security guarantees

 

#PeopleMedia


Share this post