• Follow Us on

Home လွတ်ရက်စေ့ မြန်မာ့ရွှေ့ပြောင်းလုပ်သား ကလေးငယ် ၉ ဦး အပါအဝင် ကျား/မ ၁၁၀ ဦးကို ထိုင်းအစိုးရမှ မြန်မာအစိုးရထံ လွှဲပြောင်း

လွတ်ရက်စေ့ မြန်မာ့ရွှေ့ပြောင်းလုပ်သား ကလေးငယ် ၉ ဦး အပါအဝင် ကျား/မ ၁၁၀ ဦးကို ထိုင်းအစိုးရမှ မြန်မာအစိုးရထံ လွှဲပြောင်း

Share this post

ရန်ကုန်၊ ဖေဖော်ဝါရီ ၂ (People Media)

 

ထိုင်းနိုင်ငံ၌ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံခဲ့ရပြီး လွတ်ရက်စေ့ မြန်မာရွှေ့‌ပြောင်းလုပ်သား ကလေး ငယ် (၉) ဦးအပါအဝင် စုစုပေါင်း ကျား/မ (၁၁၀) ဦးကို ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ထိုင်းအစိုးရမှ မြန်မာအစိုး ရထံ ပြန်လည်လွှဲပြောင်း ပို့ဆောင်ပေးလိုက်သည်။

 

ပြစ်ဒဏ်ကျခံပြီး လွတ်ရက်စေ့ မြန်မာရွှေ့‌ပြောင်းလုပ်သားများဖြစ်သော ကျား(၆၂)ဦး၊ မ(၃၉)ဦး၊ စုစုပေါင်း (၁၀၁) ဦး၊ ကလေး ကျား(၈)ဦး၊ မ (၁) ဦး စုပေါင်း (၁၁၀) ဦးတို့အား ထိုင်းနိုင်ငံ ရနောင်းမြို့မှ မြန်မာနိုင်ငံ ကော့ သောင်းမြို့သို့ ပဲ့ချိတ်လှေ (၆) စီးဖြင့် ပြန်လည်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။

 

ဖေဖော်ဝါရီလ ၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီအချိန်က ထိုင်းနိုင်ငံ၊ ရနောင်းမြို့အုပ်ချုပ်ရေးမှူးအပါအဝင် ထိုင်းနိုင်ငံ တာဝန်ရှိသူများက မြန်မာအလုပ်သမားသံအရာရှိ ဦးရဲလင်းထက်နှင့် တာဝန်ရှိသူများထံ ပြန်လည်လွှဲပြောင်း ပေးခဲ့သည်။

 

#PeopleMedia #မြန်မာရွှေ့ပြောင်းအလုပ်သမားများ

 

(unicode)


…………………………………………………………

 


 


 


 


 



Share this post