• Follow Us on

Home လြတ္လပ္ပြင့္လင္းေသာ အင္ဒို-ပစိဖိတ္ေဒသတစ္ခု ျဖစ္ေပၚလာေရး ဂ်ပန္ႏွင့္ ဗီယက္နမ္ ပူးေပါင္းေဆာင္ရြက္မည္

လြတ္လပ္ပြင့္လင္းေသာ အင္ဒို-ပစိဖိတ္ေဒသတစ္ခု ျဖစ္ေပၚလာေရး ဂ်ပန္ႏွင့္ ဗီယက္နမ္ ပူးေပါင္းေဆာင္ရြက္မည္

Share this post

နိုင္ငံတကာ၊ ေအာက္တိုဘာ ၁၉
လြတ္လပ္ပြင့္လင္းေသာ အင္ဒို-ပစိဖိတ္ေဒသတစ္ခု ျဖစ္ေပၚလာေရး အနီးကပ္ ပူးေပါင္းေဆာင္ရြက္ ရန္ ဂ်ပန္ဝန္ႀကီးခ်ဳပ္ ဆူဂါယိုရွီဟိုင္းဒဲက ဗီယက္နမ္ဝန္ႀကီးခ်ဳပ္ ငုယင္စြမ္းဖုကို ေတာင္းဆိုလိုက္သည္။
ယေန႔ ဗီယက္နမ္နိုင္ငံ ဟႏြိဳင္းၿမိဳ႕၌က်င္းပသည့္ ေဆြးေႏြးမႈမ်ားအတြင္း ဝန္ႀကီးခ်ဳပ္ ဆူဂါက ဝန္ ႀကီးခ်ဳပ္ ငုယင္စြမ္းဖုထံ ထိုသို႔ ေမတၱာရပ္ခံခဲ့ျခင္းျဖစ္သည္။ ဆူဂါအား ႀကိဳဆိုပြဲအခမ္းအနားတစ္ရပ္ က်င္းပ ၿပီးေနာက္ ထိပ္သီးေဆြးေႏြးပြဲ က်င္းပခဲ့သည္။
ႏွစ္နိုင္ငံစလုံးက မိတ္ဖက္နိုင္ငံမ်ားျဖစ္ေၾကာင္း၊ ေဒသတြင္း ၿငိမ္းခ်မ္းေရးႏွင့္ တည္ၿငိမ္ေရးအတြက္ ဂ်ပန္နိုင္ငံႏွင့္ပူးေပါင္းရန္ ဗီယက္နမ္နိုင္ငံက ေမၽွာ္လင့္ပါေၾကာင္း ငုယင္စြမ္းဖုက ေဆြးေႏြးပြဲအစ၌ ေျပာ ၾကားခဲ့သည္။ ႏွစ္နိုင္ငံဆက္ဆံေရး ေနာက္တစ္ဆင့္တိုးျမႇင့္ရန္ ေဆြးေႏြးလိုပါေၾကာင္း ၄င္းက ဆိုသည္။
လြတ္လပ္ပြင့္လင္းေသာ အင္ဒို-ပစိဖိတ္ေဒသ ျဖစ္ေပၚလာေရးေမၽွာ္မွန္းခ်က္ျဖင့္ အာဆီယံအဖြဲ႕အပါ အဝင္ အင္ဒို-ပစိဖိတ္ေဒသ၌ ထိေတြ႕ဆက္ဆံမႈ ျပဳလုပ္မည္ျဖစ္ေၾကာင္း၊ ဂ်ပန္အစိုးရ ထိုရပ္တည္ခ်က္ကို ဆက္လက္ထိန္းသိမ္းမည္ျဖစ္ေၾကာင္း ဆူဂါက ငုယင္စြမ္းဖုအား ေျပာၾကားခဲ့သည္။
အင္ဒို-ပစိဖိတ္ေဒသတြင္ ဖြံ့ၿဖိဳးတိုးတက္ေရးႏွင့္ သာယာဝေျပာေရး ႏွစ္နိုင္ငံစလုံးက ပူးေပါင္း လုပ္ေဆာင္မည္ဟု ေမၽွာ္လင့္ပါေၾကာင္း ၄င္းက ဆိုသည္။
ကိုရိုနာဗိုင္းရပ္စ္ ကပ္ေရာဂါ ဆက္လက္ျဖစ္ပြားေနမႈေၾကာင့္ ဂ်ပန္နိုင္ငံအတြက္ ႏွာေခါင္းစည္းႏွင့္ အျခားထုတ္ကုန္မ်ား ေထာက္ပံ့မႈတိုးျမႇင့္ျခင္းအပါအဝင္ ေခါင္းေဆာင္ႏွစ္ဦးက စီးပြားေရးပူးေပါင္းေဆာင္ ရြက္မႈဆိုင္ရာ အျမင္ခ်င္း ဖလွယ္ခဲ့ၾကသည္။
ထို႔အျပင္ ဂ်ပန္ႏွင့္ ဗီယက္နမ္နိုင္ငံတို႔ၾကား စီးပြားေရးလုပ္ငန္း ခရီးသြားလာမႈ ျပန္လည္စတင္ရန္ လည္း ေဆြးေႏြးခဲ့ၾကသည္ဟု ယူဆရသည္။
ယခုခရီးစဥ္က ဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ယူၿပီးေနာက္ပိုင္း ဆူဂါ၏ ပထမဆုံး ျပည္ပခရီးစဥ္ျဖစ္ၿပီး ေအာက္တိုဘာလ ၂၀ ရက္တြင္ အင္ဒိုနီးရွားနိုင္ငံသို႔ သြားေရာက္မည္ျဖစ္သည္။
ကိုးကား – အန္အိတ္ခ်္ေက
Ref; Suga seeks close cooperation with Vietnam
(unicode)
လွတ်လပ်ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသတစ်ခု ဖြစ်ပေါ်လာရေး ဂျပန်နှင့် ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မည်
…………………………………………………….
နိုင်ငံတကာ၊ အောက်တိုဘာ ၁၉
လွတ်လပ်ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသတစ်ခု ဖြစ်ပေါ်လာရေး အနီးကပ် ပူးပေါင်းဆောင်ရွက် ရန် ဂျပန်ဝန်ကြီးချုပ် ဆူဂါယိုရှီဟိုင်းဒဲက ဗီယက်နမ်ဝန်ကြီးချုပ် ငုယင်စွမ်းဖုကို တောင်းဆိုလိုက်သည်။
ယနေ့ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ကျင်းပသည့် ဆွေးနွေးမှုများအတွင်း ဝန်ကြီးချုပ် ဆူဂါက ဝန် ကြီးချုပ် ငုယင်စွမ်းဖုထံ ထိုသို့ မေတ္တာရပ်ခံခဲ့ခြင်းဖြစ်သည်။ ဆူဂါအား ကြိုဆိုပွဲအခမ်းအနားတစ်ရပ် ကျင်းပ ပြီးနောက် ထိပ်သီးဆွေးနွေးပွဲ ကျင်းပခဲ့သည်။
နှစ်နိုင်ငံစလုံးက မိတ်ဖက်နိုင်ငံများဖြစ်ကြောင်း၊ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် ဂျပန်နိုင်ငံနှင့်ပူးပေါင်းရန် ဗီယက်နမ်နိုင်ငံက မျှော်လင့်ပါကြောင်း ငုယင်စွမ်းဖုက ဆွေးနွေးပွဲအစ၌ ပြော ကြားခဲ့သည်။ နှစ်နိုင်ငံဆက်ဆံရေး နောက်တစ်ဆင့်တိုးမြှင့်ရန် ဆွေးနွေးလိုပါကြောင်း ၄င်းက ဆိုသည်။
လွတ်လပ်ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသ ဖြစ်ပေါ်လာရေးမျှော်မှန်းချက်ဖြင့် အာဆီယံအဖွဲ့အပါ အဝင် အင်ဒို-ပစိဖိတ်ဒေသ၌ ထိတွေ့ဆက်ဆံမှု ပြုလုပ်မည်ဖြစ်ကြောင်း၊ ဂျပန်အစိုးရ ထိုရပ်တည်ချက်ကို ဆက်လက်ထိန်းသိမ်းမည်ဖြစ်ကြောင်း ဆူဂါက ငုယင်စွမ်းဖုအား ပြောကြားခဲ့သည်။
အင်ဒို-ပစိဖိတ်ဒေသတွင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝပြောရေး နှစ်နိုင်ငံစလုံးက ပူးပေါင်း လုပ်ဆောင်မည်ဟု မျှော်လင့်ပါကြောင်း ၄င်းက ဆိုသည်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ဆက်လက်ဖြစ်ပွားနေမှုကြောင့် ဂျပန်နိုင်ငံအတွက် နှာခေါင်းစည်းနှင့် အခြားထုတ်ကုန်များ ထောက်ပံ့မှုတိုးမြှင့်ခြင်းအပါအဝင် ခေါင်းဆောင်နှစ်ဦးက စီးပွားရေးပူးပေါင်းဆောင် ရွက်မှုဆိုင်ရာ အမြင်ချင်း ဖလှယ်ခဲ့ကြသည်။
ထို့အပြင် ဂျပန်နှင့် ဗီယက်နမ်နိုင်ငံတို့ကြား စီးပွားရေးလုပ်ငန်း ခရီးသွားလာမှု ပြန်လည်စတင်ရန် လည်း ဆွေးနွေးခဲ့ကြသည်ဟု ယူဆရသည်။
ယခုခရီးစဉ်က ဝန်ကြီးချုပ်အဖြစ် တာဝန်ယူပြီးနောက်ပိုင်း ဆူဂါ၏ ပထမဆုံး ပြည်ပခရီးစဉ်ဖြစ်ပြီး အောက်တိုဘာလ ၂၀ ရက်တွင် အင်ဒိုနီးရှားနိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။
ကိုးကား – အန်အိတ်ချ်ကေ
Ref; Suga seeks close cooperation with Vietnam


Share this post