• Follow Us on

Home လွိုင်လင်မြို့နယ်တွင် လိုင်စင်မဲ့ကားတစ်စီးပေါ်မှ ကျပ်သိန်း (၁၅၀၀၀) နီးပါးတန်ဖိုးရှိ ဘိန်းညိုမှုန့်များနှင့် လက်နက်ခဲယမ်းများ ဖမ်းမိ

လွိုင်လင်မြို့နယ်တွင် လိုင်စင်မဲ့ကားတစ်စီးပေါ်မှ ကျပ်သိန်း (၁၅၀၀၀) နီးပါးတန်ဖိုးရှိ ဘိန်းညိုမှုန့်များနှင့် လက်နက်ခဲယမ်းများ ဖမ်းမိ

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၇

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ ကွတ်ချိုးကျေးရွာအနီးတွင် လိုင်စင်မဲ့ကားတစ်စီးပေါ်မှ ကျပ်သိန်း (၁၅၀၀၀) နီးပါးတန်ဖိုးရှိ ဘိန်းညိုမှုန့်များနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

ဖေဖော်ဝါရီလ (၁၆)ရက်က လုံခြုံရေးတပ်ဖွဲ့ဝင်များသည် သတင်းအရ လွိုင်လင်မြို့နယ်၊ ကွတ်ချိုးကျေးရွာ အနီးတွင် စိုင်းဆွမ်မောင်း မောင်းနှင်လာသည့် Hilux Revo လိုင်စင်မဲ့ယာဉ်အား စစ်ဆေးခဲ့သည်။

 

ထိုသို့စစ်ဆေးခဲ့ရာတွင် မော်တော်ယာဉ်၏ ကြမ်းခင်းအောက်၌ သိုဝှက်သယ်ဆောင်လာသည့် ဒေသကာလ ပေါက်ဈေး ငွေကျပ် ၁၄၈၂၀သိန်းတန်ဖိုးရှိ ဘိန်းညိုမှုန့် (၂၄၇) ထုပ်၊ ယာဉ်မောင်း၏ ခါးကြားတွင် ထိုးထားသည့် ပစ္စတို (၁)လက်၊ ကားထိုင်ခုံနောက်ကျောမှ ပစ္စတို (၂)လက်၊ ကျည်အိမ် (၃)ခုနှင့် ကျည်တောင့် (၁၅၀) တောင့်တို့ကို ဖမ်းဆီးရမိခဲ့သည်။

 

ထို့နောက်တွင် ဘိန်းညိုမှုန့်များ၊ လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် စိုင်းဆွမ်မောင်းကို မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ၊ တရားမဝင် လက်နက်ကိုင်ဆောင်မှု ဆိုင်ရာဥပဒေများဖြင့် အရေးသွားမည်ဖြစ်ပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ် နေကြောင်းလည်း သိရသည်။

 

#PeopleMedia

 

(unicode)


………………………………………………

 


 


 


 


 


 

#PeopleMedia


Share this post