• Follow Us on

Home လွိုင်ကော်ပြည်သူ့ဆေးရုံကြီးရှိ Non-CDM ဆရာဝန်၊ သူနာပြုများကို လွိုင်ကော်လူမိုက်ကြီးများအဖွဲ့မှ လက် ပစ်ဗုံးနှင့်အတူ သတိပေးစာပေးပို့

လွိုင်ကော်ပြည်သူ့ဆေးရုံကြီးရှိ Non-CDM ဆရာဝန်၊ သူနာပြုများကို လွိုင်ကော်လူမိုက်ကြီးများအဖွဲ့မှ လက် ပစ်ဗုံးနှင့်အတူ သတိပေးစာပေးပို့

Share this post

နေပြည်တော်၊ သြဂုတ် ၃၀ (People Media)

 

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ပြည်သူ့ဆေးရုံကြီးရှိ Non-CDM ဆရာဝန်၊ သူနာပြုများမှ လူနာများကို လျစ်လျူရှုထားသည့်အတွက် လွိုင်ကော်လူမိုက်ကြီးများအဖွဲ့မှ လက်ပစ်ဗုံးနှင့်အတူ သတိပေးစာပေးပို့ခဲ့သည်။

 

အဆိုပါသတိပေးစာတွင် ယင်းဆေးရုံကြီးတွင်ကုလသလျက်ရှိသည့် လူနာများကို သက်ဆိုင်ရာ Non-CDM ဆရာဝန်၊ သူနာပြုများမှ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝမပေးဘဲ လျစ်လျူရှုထားသည့်အတွက် မလို အပ်ဘဲ အသက်ဆုံးရှုံးမှုများရှိနေသည်ကို ကြားသိနေရကြောင်း ရေးသားထားသည်။

 

ဆက်လက်ပြီး Non-CDM ဆရာဝန်၊ သူနာပြုဝန်ထမ်းများအနေဖြင့် နောက်နောင်ထိ ယခုလိုဆက်ဖြစ်နေပါက သင်တို့ကိုယ်တိုင်အပါအဝင် သင်တို့မိသားစုအသက်အန္တရာယ်ကို အာမခံမည်မဟုတ်ကြောင်း လွိုင်ကော်လူ မိုက်ကြီးများအဖွဲ့မှ သတိပေးစာတွင် ဖော်ပြထားသည်။

 

အလားတူ ၎င်းတို့အဖွဲ့မှ ဆေးရုံကြီးအဆောက်အဦများကို လုံးဝပစ်မှတ်ထားမည်မဟုတ်ကြောင်း ဖော်ပြထား သည်။

 

#PeopleMedia #လွိုင်ကော် #လွိုင်ကော်လူမိုက်ကြီးများ

 

(unicode)


……………………………………………………………………

 


 


 


 


 


 



Share this post