• Follow Us on

Home လွိုင်ကော်မြို့၌ တောင်ယာလုပ်ရန် ခြုံရှင်းရာမှာ မိုင်းပေါက်ကွဲမှုဖြစ်ပွားရာ ၃ ဦး ဒဏ်ရာရရှိ

လွိုင်ကော်မြို့၌ တောင်ယာလုပ်ရန် ခြုံရှင်းရာမှာ မိုင်းပေါက်ကွဲမှုဖြစ်ပွားရာ ၃ ဦး ဒဏ်ရာရရှိ

Share this post

လွိုင်ကော၊ အောက်တိုဘာ ၁၃ (People Media)

 

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ကုန်းသာကျေးရွာတွင် တောင်ယာလုပ်ရန် ခြုံရှင်းရာ ပေါက်ကွဲမှုဖြစ်ပွားပြီး အမျိုးသားသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံက သိရပါတယ်။

 

“တောင်ယာလုပ်ဖို့ဆိုပြီးတော့ ခြုံရှင်းတာကနေ ထပေါက်တာ ပြီးခဲ့တဲ့လတုန်းကကျန်ခဲ့တဲ့မိုင်းတွေထင်တယ်။ ၃ ယောက်တော့ ထိတယ်။ အသက်အန္တရာယ်တော့ စိုးရိမ်စရာမရှိဘူး” ဟု ဒေသခံတစ်ဦးက ပြောပါတယ်။

 

အဆိုပါ ပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦးမှာ ဘယ်လက်ကောက်ဝတ် ပေါက်ပြဲဒဏ်ရာ ကျန်အမျိုးသား နှစ်ဦးမှာ ဘယ်ခြေသလုံး မိုင်းအစဖောက်ဝင်ဒဏ်ရာ၊ ညာခြေသလုံး လက်မဝက်ခန့်ပေါက်ဒဏ်ရာများ ရရှိခဲ့ ကြောင်း သိရပါတယ်။

 

Photo – Credit

 

#PeopleMedia #လွိုင်ကော်

 

(unicode)


………………………………………………………………………

 


 


 


 


 

Photo – Credit

 



Share this post