• Follow Us on

Home လှည်းကူးတွင် ပထွေးဖြစ်သူမှ အသက် ၁၁ နှစ်အရွယ် မယားပါသမီးကို အဓမ္မပြုကျင့်မှုဖြစ်ပွား

လှည်းကူးတွင် ပထွေးဖြစ်သူမှ အသက် ၁၁ နှစ်အရွယ် မယားပါသမီးကို အဓမ္မပြုကျင့်မှုဖြစ်ပွား

Share this post

ရန်ကုန်၊ သြဂုတ် ၅ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ပြည်တော်သာရပ်ကွက်တွင် နေထိုင်သူ ဦးကျော်ကျော်ဝင်း ၄၄ နှစ်သည် မယားပါသမီးဖြစ်သူ အသက် ၁၁ နှစ်အရွယ် မိန်းကလေးကို သြဂုတ် ၄ ရက်နေ့က အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

 

ဖြစ်စဉ်မှာ ပထွေးဖြစ်သူ ဦးကျော်ကျော်ဝင်း၏ မယားပါသမီးဖြစ်သူ အသက် ၁၁ နှစ်အရွယ် မိန်းကလေးတို့သည် နေအိမ်တွင် နှစ်ဦးတည်ရှိနေစဉ် ပထွေးဖြစ်သူမှ အဓမ္မပြုကျင့်နေချိန်စဉ် ဘေးကပ်နေအိမ်မှ မသင်္ကာ၍ ကြည့် လိုက်စဉ် မိန်းကလေးငယ်အား သူ၏ ပထွေးဖြစ်သူမှ အဓမ္မပြုကျင့်နေကြောင်းတွေ့ရ၍ အော်လိုက်ရာ ပထွေး ဖြစ်သူက ထွက်ပြေးခဲ့သဖြင့် ရပ်ကွက်က ဝိုင်းဖမ်းလိုက်ကြောင်း သိရသည်။

 

“မသင်္ကာလို့ အိမ်ပျဉ်ကာထားတဲ့နေရာကဟနေတော့ ကြည့်လိုက်တာပါ။ ကျွန်မက အော်လိုက်တော့ ကျော်ကျော်ဝင်းက ဆင်းပြေးပါတယ်။ ရပ်ကွက်က ဝိုင်းဖမ်းကြတယ်” ဟု အိမ်နီးချင်း မျက်မြင်တွေ့ရှိသူ အမျိုးသမီးတစ်ဦးက ပြောသည်။

 

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကျော်ကျော်ဝင်းဆိုသူကို ရပ်ကွက်မှ ပြည်သူများက ဝိုင်းဖမ်း၍ ရဲစခန်းကို အသိ သက်သေများနှင့် သွားရောက်အပ်နှံခဲ့ပြီး ရဲစခန်းမှ စစ်ဆေးနေလျက်ရှိကြောင်း သိရသည်။

 

#PeopleMedia #အဓမ္မပြုကျင့် #လှည်းကူး

 

(unicode)


……………………………………………………

 


 


 


 


 


 

#PeopleMedia #အဓမ်မပွုကငြ့ျ #လှညျးကူး


Share this post