• Follow Us on

Home လွည္းကူးၿမိဳ႕နယ္ရွိ ျပည္သူက်န္းမာေရးကြင္းဆင္းသင္တန္းဌာနႏွင့္ ဓမၼဒူတေဆကိႏၵာရာမ ေက်ာင္းတိုက္တို႔၌ တပ္မေတာ္က ပိုးသတ္ေဆးဖ်န္းျခင္းမ်ားေဆာင္႐ြက္

လွည္းကူးၿမိဳ႕နယ္ရွိ ျပည္သူက်န္းမာေရးကြင္းဆင္းသင္တန္းဌာနႏွင့္ ဓမၼဒူတေဆကိႏၵာရာမ ေက်ာင္းတိုက္တို႔၌ တပ္မေတာ္က ပိုးသတ္ေဆးဖ်န္းျခင္းမ်ားေဆာင္႐ြက္

Share this post

ရန္ကုန္၊ မတ္ – ၂၆

ျပည္ပနိုင္ငံမ်ားမွ ျပန္လည္ေရာက္ရွိလာ သည့္ ျမန္မာနိုင္ငံသားမ်ားအား Quarantine ေဆာင္႐ြက္ရာတြင္ေနထိုင္ခဲ့သည့္ ရန္ကုန္ တိုင္းေဒသႀကီး၊ လွည္းကူးၿမိဳ႕နယ္၊ က်န္းမာ ေရးႏွင့္ အားကစားဝန္ႀကီးဌာန၊ က်န္းမာေရးလူ႕စြမ္းအားအရင္းအျမစ္ဦးစီးဌာန၊ ျပည္သူ႕ က်န္းမာေရး ကြင္းဆင္းသင္တန္းဌာနရွိ အိပ္ေဆာင္မ်ား အတြင္း/အျပင္ႏွင့္ ပတ္ဝန္းက်င္ ေနရာမ်ား၊ ေရခ်ိဳးခန္း၊ အိမ္သာမ်ား၊ COVID-19 ေရာဂါပိုးေတြ႕ရွိခဲ့သည့္ အမ်ိဳးသား တစ္ဦးေနထိုင္ခဲ့ေသာ အိပ္ေဆာင္ အတြင္း/အျပင္ႏွင့္ ပတ္ဝန္းက်င္ေနရာမ်ား၌ COVID-19 ေရာဂါကူးစက္ျပန႔္ပြားျခင္းမ်ား မျဖစ္ေပၚ ေစေရးအတြက္ ယေန႕နံနက္ပိုင္း တြင္ ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္၊ ေမွာ္ဘီတပ္နယ္ နယ္ေျမခံ ေဆးတပ္ရင္းမွ ပါရဂူမ်ားပါဝင္ေသာ အဖြဲ႕က ပိုးသတ္ေဆးဖ်န္းျခင္းမ်ားေဆာင္ တပ္မေတာ္မွ ေဆာင္႐ြက္ေပးသည္။

ဆက္လက္ၿပီး အဆိုပါေဆးတပ္ရင္းမွ ပါရဂူမ်ားပါဝင္ေသာအဖြဲ႕က ျပည္ပနိုင္ငံမ်ားမွ ျပန္လည္ ေရာက္ရွိလာသည့္ ျမန္မာနိုင္ငံသား မ်ား COVID-19 Quarantine ေဆာင္႐ြက္ လ်က္ရွိသည့္ ေမွာ္ဘီၿမိဳ႕နယ္၊ ေအာက္ဝါးနက္ ေခ်ာင္းေက်း႐ြာရွိ ဓမၼဒူတေဆကိႏၵာရာမ ေက်ာင္းတိုက္ရွိ ၎တို႔၏ အိပ္ေဆာင္မ်ား၊ ေရခ်ိဳးခန္း၊ အိမ္သာမ်ား၊ အဆိုပါ ေက်ာင္းတိုက္အတြင္း/အျပင္ႏွင့္ ပတ္ဝန္းက်င္ေနရာ မ်ားအား ယေန႕ေန႕လယ္ပိုင္းတြင္ ပိုးသတ္ ေဆးဖ်န္းျခင္းမ်ား ေဆာင္႐ြက္ ေပးသည္။

ထို႔ျပင္ အဆိုပါေဆးတပ္ရင္းမွ ပါရဂူမ်ားပါဝင္ေသာအဖြဲ႕သည္ ဓမၼဒူတေဆကိႏၵာရာမ ေက်ာင္းတိုက္၌ ပိုးသတ္ေဆးဖ်န္းျခင္းမ်ား ကို ေန႕စဥ္ေဆာင္႐ြက္သြားမည္ျဖစ္သည္။

#peoplemedia

[Unicode]
လှည်းကူးမြို့နယ်ရှိ ပြည်သူကျန်းမာရေးကွင်းဆင်းသင်တန်းဌာနနှင့် ဓမ္မဒူတဆေကိန္ဒာရာမ ကျောင်းတိုက်တို့၌ တပ်မတော်က ပိုးသတ်ဆေးဖျန်းခြင်းများဆောင်ရွက်
…………………………………………………………………………………..

ရန်ကုန်၊ မတ် – ၂၆

ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာ သည့် မြန်မာနိုင်ငံသားများအား Quarantine ဆောင်ရွက်ရာတွင်နေထိုင်ခဲ့သည့် ရန်ကုန် တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ပြည်သူ့ ကျန်းမာရေး ကွင်းဆင်းသင်တန်းဌာနရှိ အိပ်ဆောင်များ အတွင်း/အပြင်နှင့် ပတ်ဝန်းကျင် နေရာများ၊ ရေချိုးခန်း၊ အိမ်သာများ၊ COVID-19 ရောဂါပိုးတွေ့ရှိခဲ့သည့် အမျိုးသား တစ်ဦးနေထိုင်ခဲ့သော အိပ်ဆောင် အတွင်း/အပြင်နှင့် ပတ်ဝန်းကျင်နေရာများ၌ COVID-19 ရောဂါကူးစက်ပြန့်ပွားခြင်းများ မဖြစ်ပေါ် စေရေးအတွက် ယနေ့နံနက်ပိုင်း တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ မှော်ဘီတပ်နယ် နယ်မြေခံ ဆေးတပ်ရင်းမှ ပါရဂူများပါဝင်သော အဖွဲ့က ပိုးသတ်ဆေးဖျန်းခြင်းများဆောင် တပ်မတော်မှ ဆောင်ရွက်ပေးသည်။

ဆက်လက်ပြီး အဆိုပါဆေးတပ်ရင်းမှ ပါရဂူများပါဝင်သောအဖွဲ့က ပြည်ပနိုင်ငံများမှ ပြန်လည် ရောက်ရှိလာသည့် မြန်မာနိုင်ငံသား များ COVID-19 Quarantine ဆောင်ရွက် လျက်ရှိသည့် မှော်ဘီမြို့နယ်၊ အောက်ဝါးနက် ချောင်းကျေးရွာရှိ ဓမ္မဒူတဆေကိန္ဒာရာမ ကျောင်းတိုက်ရှိ ၎င်းတို့၏ အိပ်ဆောင်များ၊ ရေချိုးခန်း၊ အိမ်သာများ၊ အဆိုပါ ကျောင်းတိုက်အတွင်း/အပြင်နှင့် ပတ်ဝန်းကျင်နေရာ များအား ယနေ့နေ့လယ်ပိုင်းတွင် ပိုးသတ် ဆေးဖျန်းခြင်းများ ဆောင်ရွက် ပေးသည်။

ထို့ပြင် အဆိုပါဆေးတပ်ရင်းမှ ပါရဂူများပါဝင်သောအဖွဲ့သည် ဓမ္မဒူတဆေကိန္ဒာရာမ ကျောင်းတိုက်၌ ပိုးသတ်ဆေးဖျန်းခြင်းများ ကို နေ့စဉ်ဆောင်ရွက်သွားမည်ဖြစ်သည်။

#peoplemedia


Share this post