• Follow Us on

Home လှည်းကူးမြို့၊ ရိပ်သာရပ်ကွက်၌ ကွမ်းယာရောင်းနေသည့်အမျိုးသမီး ဒလန်ဟု စွပ်စွဲခံရပြီးနောက် သေနတ်ဖြင့် ပစ်သတ်ခံရ

လှည်းကူးမြို့၊ ရိပ်သာရပ်ကွက်၌ ကွမ်းယာရောင်းနေသည့်အမျိုးသမီး ဒလန်ဟု စွပ်စွဲခံရပြီးနောက် သေနတ်ဖြင့် ပစ်သတ်ခံရ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၅ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့၊ ရိပ်သာရပ်ကွက်၊ ရုံးဟောင်းလမ်းထိပ်၌ ကွမ်းယာရောင်းချနေသည့် မတင်တင်ငြိမ်းသည် ပြီးခဲ့သည့်ရက်ပိုင်းက လူမှုကွန်ယက်၌ ဒလန်ဟု စွပ်စွဲခံရပြီး မနေ့က သေနတ်ဖြင့် လုပ်ကြံ သတ်ဖြတ်ခြင်းခံခဲ့ရသည်။

 

“သူရောင်းနေရှာတာက ကွမ်းယာပါ။ အဲ့အတွက်သူ့မှာ လာဝယ်တဲ့ ဝယ်သူကို ရွေးချယ်ခွင့် ဘယ်လိုရှိမှာလဲ။ ရဲလည်းရောင်းမှာပဲ စစ်သားလဲရောင်းမှာပဲ။ တော်လှန်ရေးရဲဘော်လည်း ရောင်းမှာပဲ။ မရှိလို့မှ လမ်းဘေးမှာ ဈေးရောင်းနေရတာလေ။ အဲ့ဒါကို ဒလန်ဆိုပြီး ပစ်သွားတာ။ တော်တော်စိတ်မကောင်းဖြစ်ရတယ်။ တော် လှန်ရေးဆိုတာ လမ်းကြောင်းလွဲနေပြီ။ ဒလန်လို့ အမည်အတပ်ခံရရင် ဟုက်တယ် မဟုတ်ဘူး သေချာမသိပဲ လိုက်သတ်နေသလို ဖြစ်နေပြီ” လို့ ယင်းဒေသခံ ပြည်သူတစ်ဦးက ပြောသည်။

 

ဖြစ်စဉ်မှာ ယမန်နေ့ နေ့လည်ပိုင်းက လှည်းကူးမြို့နယ် ရန်ကုန်-ပဲခူး ကားလမ်းမကြီးဘေးတွင် သေဆုံးသူ အမျိုးသမီးမှာ ကွမ်းယာဆိုင် ဖွင့်လှစ်ရောင်းချနေစဉ် အမည်မသိသူတစ်ချို့မှ သေနတ်ဖြင့် ဦးခေါင်းအား ချိန်ရွယ်ပစ်ခတ်ခဲ့ခြင်းကြောင့် အဆိုပါနေရာ၌ပင် သေဆုံးသွားကြောင်း သိရသည်။

 

အဆိုပါ အခင်းဖြစ်ပွားရာနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ လာရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး၊ သေဆုံးသူ၏ ရုပ်အလောင်းကိုတော့ ကရုဏာရှင်လူမှုကူညီရေးအသင်းက လာရောက်သယ်ဆောင်သွားကြောင်း သိရသည်။

 

အဆိုပါ အမျိုးသမီးကို စက်တင်ဘာ ၁၀ ရက်ကလည်း ၎င်းရှိသည့် ကွမ်းယာဆိုင်သို့ အမည်မသိအဖွဲ့မှ  သေနတ်ဖြင့် လာရောက်ပစ်ခတ်ခဲ့သော်လည်း ထိမှန်ခဲ့ခြင်းမရှိခဲ့ကြောင်း သိရသည်။

 

#PeopleMedia #ဒလန်ဟုစွပ်စွဲခံရသူ

 

(unicode)


…………………………………………………………………………

 


 


 


 


 


 


 



Share this post