• Follow Us on

Home လှည်းကူးမြို့PDF မှ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များ၏ အမည်များကို ကြေညာပြီးနောက် အုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ချို့ နှုတ်ထွက်

လှည်းကူးမြို့PDF မှ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များ၏ အမည်များကို ကြေညာပြီးနောက် အုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ချို့ နှုတ်ထွက်

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၅ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် PDF အဖွဲ့မှ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၏ နာမည်စာ ရင်းများကို ခြိမ်းခြောက်ကြေညာပြီးနောက် အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ချို့ နှုတ်ထွက်စာတင်ပြခဲ့ကြောင်း သိရ သည်။

 

ပြီးခဲ့သည့် စက်တင်ဘာလ ၈ ရက်နေ့တွင် လှည်းကူးမြို့နယ် PDF မှ ပြည်သူများအပေါ် သစ္စာဖောက်၊ ဒလန်လုပ်သည့် အောက်ပါ လောက်ကောင်များအား ပြစ်ဒဏ်စီရင်ချမှတ်ဖြစ်ကြောင်း နာမည်စာရင်းနှင့် တကွကြေညာခဲ့သည်။

 

အဆိုပါ ကြေညာချက်အောက်ဆုံးတွင် သစ္စာဖောက်ဒလန်များသည် ပြည်သူ့ရင်ခွင်သို့ ခိုလှုံနိုင်သည့် နောက်ဆုံး အခွင့်အရေးအဖြစ် လှည်းကူးမြို့ PDF အဖွဲ့၏ Facebook Page Messenger သို့ ရမာန်ကြီး တစ်ပတ်အတွင်း အယူခံလွှာ တင်သွင်းနိုင်ပြီး သတ်မှတ်ရက်ကျော်လွန်ပါက စီရင်ချက်ကို ပြင်းထန်စွာချမည်ဖြစ်ကြောင်း ထုတ် ပြန်ခဲ့သည်။

 

ယင်းကဲ့သို့ ထုတ်ပြန်ပြီးနောက် စက်တင်ဘာလ ၁၀ ရက်နေ့တွင် PDF အဖွဲ့ ထုတ်ပြန်ထားသည့် နာမည်စာရင်း တွင် ပါဝင်သူနှစ်ဦးမှ အယူခံလွှာတင်သွင်းလာကြောင်း၊ ယင်း PDF အဖွဲ့မှ ထုတ်ပြန်ခဲ့ပြီး၊ စက်တင်ဘာလ ၁၂ ရက်နေ့တွင် PDF အဖွဲ့မှ ကြေညာထားသူစာရင်းများထဲမှ သုံးဦးမှာ ထပ်မံ အယူလွှာတင်သွင်းလာကြောင်း ယင်းအဖွဲ့မှ ကြေညာထားသည်။

 

ယမန်နေ့ တစ်ရာဝန်းကျင်ကလည်း လှည်းကူးမြို့၊ ရိပ်သာရပ်ကွက်၊ ရုံးဟောင်းလမ်းထိပ်တွင်   ကွမ်းယာရောင်း ချနေသည့် မတင်တင်ငြိမ်းအား ဒလန်ဟုဆိုကာ ဦးခေါင်းအား သေနတ်ဖြင့် ချိန်ရွယ်ပစ်သတ်ခဲ့ခြင်းကြောင့် ယင်းအမျိုးသမီးမှာ နေရာ၌ပင် သေဆုံးခဲ့ရသည်။

 

#PeopleMedia #လှည်းကူးမြို့

 

(unicode)


……………………………………………………………………….

 


 


 


 


 


 


 



Share this post