• Follow Us on

Home လွိုင္ၿမိဳ႕နယ္တြင္ အနံ႕ေပ်ာက္သူ ၈၂ ဦးရွိေနၿပီး ေနရာအခက္အခဲေၾကာင့္ ေဆး႐ုံသို႔ ၃၀ ဦးသာတင္ပို႔နိုင္

လွိုင္ၿမိဳ႕နယ္တြင္ အနံ႕ေပ်ာက္သူ ၈၂ ဦးရွိေနၿပီး ေနရာအခက္အခဲေၾကာင့္ ေဆး႐ုံသို႔ ၃၀ ဦးသာတင္ပို႔နိုင္

Share this post

ရန္ကုန္၊ စက္တင္ဘာ ၂၅
ရန္ကုန္တိုင္းေဒသႀကီး၊ လွိုင္ၿမိဳ႕နယ္တြင္ အနံ႕ေပ်ာက္သူ ၈၂ ဦးရွိေနၿပီး ေနရာအခက္အခဲ ေၾကာင့္ ေဆး႐ုံသို႔ ၃၀ ဦးသာတင္နိုင္ေသးေၾကာင္း လွိုင္ၿမိဳ႕နယ္ျပည္သူ႕လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ေက်ာ္ေက်ာ္ဦးက ေျပာ သည္။
အဆိုပါလူနာမ်ားအားထားရွိရန္ ေနရာႏွင့္ေစတနာ့၀န္ထမ္းမ်ား အဆင္သင့္ရွိေနေၾကာင္းကို က်န္းမာေရးဌာနသို႔ တင္ျပေတာင္းဆိုရာ က်န္းမာေရးက ခြင့္မျပဳေၾကာင္း၊ ေဆး႐ုံကိုသြားပါဆိုသျဖင့္ ေဆး႐ုံေတြက လက္မခံနိုင္ေၾကာင္းႏွင့္ အဆိုပါသံသယလူနာမ်ားအတြက္ မည္သို႔စီစဥ္ေဆာင္႐ြက္ရမည္ကို က်န္းမာေရးဌာနက အျမန္ဆုံး ဆုံးျဖတ္ေစေၾကာင္း၊ ဆုံးျဖတ္ခ်က္ကို သိခ်င္ပါတယ္ဟု စက္တင္ဘာ ၂၄ ရက္က ၄င္း၏ လူမႈကြန္ရက္ စာမ်က္ႏွာ၌ ေရးသားထားသည့္ကိစၥႏွင့္ပတ္သက္ၿပီး People Media မွ ေမးျမန္းရာ အထက္ပါအတိုင္း ေျဖၾကားခဲ့ျခင္းျဖစ္သည္။
“အနံ႕ေပ်ာက္တဲ့လူနာေတြကို သူတို႔ဆီကိုပို႔ပါ၊ သူတို႔လက္ခံေပးပါ့မယ္လို႔ေျပာတယ္။ မေန႕ကစၿပီးေတာ့ပို႔ေနၿပီ၊ ဒီေန႕ေရာေပါ့။ ၈၂ ေယာက္မွာ ညက ကြၽန္ေတာ္တို႔ ဒီမနက္နဲ႕ညေပါ့ေနာ္ ၃၀ ေလာက္ပို႔ လိုက္တယ္။ ေဆး႐ုံရွိတဲ့ၿမိဳ႕နယ္ဆိုရင္ အင္းစိန္ေဆး႐ုံဆိုရင္ သူတို႔ရဲ႕ႀကီးၾကပ္မႈရဲ႕ေအာက္မွာ Quarantine စင္တာထပ္ခ်ဲ့ၿပီးေတာ့ ခုသိရသေလာက္ဆိုရင္ အင္းစိန္ အထက ၁ မွာဖြင့္ထားတယ္။ အဲ့ကိုကြၽန္ေတာ္ တို႔ အနံ႕မရတဲ့သူေတြကို ပို႔ေပးရတယ္။ ေဆး႐ုံႀကီးၾကပ္မႈေအာက္မွာရွိတဲ့ Quarantine စင္တာေတြကိုပဲ ပို႔ေပးပါဆိုၿပီး မေန႕ကညေနက က်န္းမာေရးက အဲ့လိုေျပာ တယ္။ က်န္တဲ့ ၅၀ ေက်ာ္ေလာက္ကို Comfirne လိုက္လုပ္ေတာ့ တခ်ိဳ႕ကျပန္ေကာင္းေနၿပီ။ အနံ႕ေတြဘာေတြျပန္ရၿပီး ျပန္ေကာင္းသြားတဲ့သူက ၂၀ ေလာက္ရွိတယ္။ က်န္တဲ့ ၃၀ ေလာက္က အိမ္မွာေနလို႔အဆင္ ေျပတယ္၊ မိသားစုနည္းၾကတဲ့သူေတြဆိုေတာ့ Home Quarantine ပဲလုပ္ထားမယ္ဆိုၿပီး အုပ္ခ်ဳပ္ေရးမႉးေတြက ျပန္အေၾကာင္းျပန္တာရွိတယ္။ ေနာက္ ၁၀ ဦး ေလာက္ေတာ့ ထပ္ပို႔ရမယ္”ဟု လွိုင္ၿမိဳ႕နယ္ ျပည္သူ႕လႊတ္ ေတာ္ကိုယ္စားလွယ္ ဦးေအာင္ေက်ာ္ေက်ာ္ဦး မွ ေျပာသည္။
ဆက္လက္ၿပီး ၄င္းမွ”ေဆး႐ုံေတြကျပည့္သြားတယ္။ လက္မခံနိုင္ဘူးဆိုတဲ့ဟာက ကြၽန္ေတာ္တို႔ေတာ္ေတာ္ေလး အခက္အခဲျဖစ္သြားတာေပါ့။ ကြၽန္ေတာ္တို႔ၿမိဳ႕နယ္မွာရွိတဲ့ လူနာေတြကို ရွာေဖြေဖာ္ထုတ္ၿပီး ေဆး႐ုံကိုပို႔တယ္၊ လက္မခံနိုင္ေတာ့ အခက္အခဲျဖစ္တယ္။ အခုေတာ့ အဲ့ျပသနာကို က်န္းမာေရးက စေျဖရွင္းေနတယ္။ခုဘယ္လိုျဖစ္ေနလည္းဆိုေတာ့ ၂၀ ေလာက္ပို႔ရမွာကို ေဆး႐ုံကျပည့္ေနေတာ့ ခုတင္ႏွစ္လုံးလြတ္ရင္ ႏွစ္ေယာက္ပို႔ပါဆိုရင္ ပို႔ရတယ္။ က်န္တဲ့ ၁၈ ေယာက္ကို အိမ္မွာ Home stay ေနခိုင္းရတယ္”ဟု ဆိုသည္။
၄င္းတို႔အေနႏွင့္ ရန္ကုန္တကၠသိုလ္၀င္းအတြင္းရွိ ေမခေဆာင္တြင္ အဆိုပါလူနာမ်ားကို ေစာင့္ၾကည့္ ကုသေပးရန္ ေနရာျပင္ဆင္ထားတယ္၊ ကုတင္၊ အခင္း၊ေခါင္းအုံး၊ ေရခ်ိဳးခန္း၊ အိမ္သာ၊ လွ်ပ္စစ္မီး အားလုံး အျပည့္အစုံ၊ ေကြၽးေမြးရန္အတြက္လည္း စီစဥ္ထားၿပီးပါၿပီ။ သူတိုကို႔ ကူးစက္ပ်ံ့ပြားမႈ မရွိေအာင္ စုစည္းထားမယ္ ေစာင့္ၾကည့္ေပးမယ္ ျပဳစုေပးမယ္။ ေရာဂါျပင္းထန္ၿပီး ေဆး႐ုံတက္မည့္သူကို ေဆး႐ုံကို လႊဲေပးမယ္။ ဆရာဝန္၊သူနာျပဳ၊ Volunteer ေတြလည္း ရွိေနၿပီး အသင့္ျဖစ္ေန​ၿပီဟု ၄င္း၏လူမႈကြန္ ရက္စာမ်က္ႏွာတြင္ ေရးသားထားသည္။
အလားတူ ယင္း Quarantine Center တြင္ ေဆး႐ုံပို႔ရန္က်န္ရွိသူမ်ားႏွင့္ ထပ္တိုး ေစာင့္ၾကည့္လူနာမ်ားကို ထားရွိသြားမည္ျဖစ္ၿပီးယေန႕ စက္တင္ဘာ ၂၅ ရက္ ညေနပိုင္းတြင္စတင္ထားရွိမည္ျဖစ္ေၾကာင္း သိရသည္။
စင္တင္ဘာ ၂၄ ရက္ ညပိုင္းအခ်ိန္ထိ လွိုင္ ၿမိဳ႕နယ္ထဲတြင္ COVID 19 ပိုးေတြ႕ရွိသူ ၂၄၄ ဦးထိရွိၿပီျဖစ္သည္။
ျမန္မာနိုင္ငံတြင္ စက္တင္ဘာ ၂၅ ရက္ မနက္ပိုင္းအခ်ိန္ထိ အတည္ျပဳလူနာ ၈၅၁၅ ဦး၊ျပန္ လည္ေကာင္းမြန္သူ ၂၃၈၁ ဦးရွိၿပီး ေသဆုံးသူ ၁၅၅ ဦးရွိၿပီျဖစ္သည္။
photo credit – U Aung Kyaw Kyaw Oo Fb
[Unicode]
လှိုင်မြို့နယ်တွင် အနံ့ပျောက်သူ ၈၂ ဦးရှိနေပြီး နေရာအခက်အခဲကြောင့် ဆေးရုံသို့ ၃၀ ဦးသာတင်ပို့နိုင်
……………………………………………….
ရန်ကုန်၊ စက်တင်ဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်တွင် အနံ့ပျောက်သူ ၈၂ ဦးရှိနေပြီး နေရာအခက်အခဲ ကြောင့် ဆေးရုံသို့ ၃၀ ဦးသာတင်နိုင်သေးကြောင်း လှိုင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးက ပြော သည်။
အဆိုပါလူနာများအားထားရှိရန် နေရာနှင့်စေတနာ့၀န်ထမ်းများ အဆင်သင့်ရှိနေကြောင်းကို ကျန်းမာရေးဌာနသို့ တင်ပြတောင်းဆိုရာ ကျန်းမာရေးက ခွင့်မပြုကြောင်း၊ ဆေးရုံကိုသွားပါဆိုသဖြင့် ဆေးရုံတွေက လက်မခံနိုင်ကြောင်းနှင့် အဆိုပါသံသယလူနာများအတွက် မည်သို့စီစဉ်ဆောင်ရွက်ရမည်ကို ကျန်းမာရေးဌာနက အမြန်ဆုံး ဆုံးဖြတ်စေကြောင်း၊ ဆုံးဖြတ်ချက်ကို သိချင်ပါတယ်ဟု စက်တင်ဘာ ၂၄ ရက်က ၄င်း၏ လူမှုကွန်ရက် စာမျက်နှာ၌ ရေးသားထားသည့်ကိစ္စနှင့်ပတ်သက်ပြီး People Media မှ မေးမြန်းရာ အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
“အနံ့ပျောက်တဲ့လူနာတွေကို သူတို့ဆီကိုပို့ပါ၊ သူတို့လက်ခံပေးပါ့မယ်လို့ပြောတယ်။ မနေ့ကစပြီးတော့ပို့နေပြီ၊ ဒီနေ့ရောပေါ့။ ၈၂ ယောက်မှာ ညက ကျွန်တော်တို့ ဒီမနက်နဲ့ညပေါ့နော် ၃၀ လောက်ပို့ လိုက်တယ်။ ဆေးရုံရှိတဲ့မြို့နယ်ဆိုရင် အင်းစိန်ဆေးရုံဆိုရင် သူတို့ရဲ့ကြီးကြပ်မှုရဲ့အောက်မှာ Quarantine စင်တာထပ်ချဲ့ပြီးတော့ ခုသိရသလောက်ဆိုရင် အင်းစိန် အထက ၁ မှာဖွင့်ထားတယ်။ အဲ့ကိုကျွန်တော် တို့ အနံ့မရတဲ့သူတွေကို ပို့ပေးရတယ်။ ဆေးရုံကြီးကြပ်မှုအောက်မှာရှိတဲ့ Quarantine စင်တာတွေကိုပဲ ပို့ပေးပါဆိုပြီး မနေ့ကညနေက ကျန်းမာရေးက အဲ့လိုပြော တယ်။ ကျန်တဲ့ ၅၀ ကျော်လောက်ကို Comfirne လိုက်လုပ်တော့ တချို့ကပြန်ကောင်းနေပြီ။ အနံ့တွေဘာတွေပြန်ရပြီး ပြန်ကောင်းသွားတဲ့သူက ၂၀ လောက်ရှိတယ်။ ကျန်တဲ့ ၃၀ လောက်က အိမ်မှာနေလို့အဆင် ပြေတယ်၊ မိသားစုနည်းကြတဲ့သူတွေဆိုတော့ Home Quarantine ပဲလုပ်ထားမယ်ဆိုပြီး အုပ်ချုပ်ရေးမှူးတွေက ပြန်အကြောင်းပြန်တာရှိတယ်။ နောက် ၁၀ ဦး လောက်တော့ ထပ်ပို့ရမယ်”ဟု လှိုင်မြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦး မှ ပြောသည်။
ဆက်လက်ပြီး ၄င်းမှ”ဆေးရုံတွေကပြည့်သွားတယ်။ လက်မခံနိုင်ဘူးဆိုတဲ့ဟာက ကျွန်တော်တို့တော်တော်လေး အခက်အခဲဖြစ်သွားတာပေါ့။ ကျွန်တော်တို့မြို့နယ်မှာရှိတဲ့ လူနာတွေကို ရှာဖွေဖော်ထုတ်ပြီး ဆေးရုံကိုပို့တယ်၊ လက်မခံနိုင်တော့ အခက်အခဲဖြစ်တယ်။ အခုတော့ အဲ့ပြသနာကို ကျန်းမာရေးက စဖြေရှင်းနေတယ်။ခုဘယ်လိုဖြစ်နေလည်းဆိုတော့ ၂၀ လောက်ပို့ရမှာကို ဆေးရုံကပြည့်နေတော့ ခုတင်နှစ်လုံးလွတ်ရင် နှစ်ယောက်ပို့ပါဆိုရင် ပို့ရတယ်။ ကျန်တဲ့ ၁၈ ယောက်ကို အိမ်မှာ Home stay နေခိုင်းရတယ်”ဟု ဆိုသည်။
၄င်းတို့အနေနှင့် ရန်ကုန်တက္ကသိုလ်၀င်းအတွင်းရှိ မေခဆောင်တွင် အဆိုပါလူနာများကို စောင့်ကြည့် ကုသပေးရန် နေရာပြင်ဆင်ထားတယ်၊ ကုတင်၊ အခင်း၊ခေါင်းအုံး၊ ရေချိုးခန်း၊ အိမ်သာ၊ လျှပ်စစ်မီး အားလုံး အပြည့်အစုံ၊ ကျွေးမွေးရန်အတွက်လည်း စီစဉ်ထားပြီးပါပြီ။ သူတိုကို့ ကူးစက်ပျံ့ပွားမှု မရှိအောင် စုစည်းထားမယ် စောင့်ကြည့်ပေးမယ် ပြုစုပေးမယ်။ ရောဂါပြင်းထန်ပြီး ဆေးရုံတက်မည့်သူကို ဆေးရုံကို လွှဲပေးမယ်။ ဆရာဝန်၊သူနာပြု၊ Volunteer တွေလည်း ရှိနေပြီး အသင့်ဖြစ်နေ​ပြီဟု ၄င်း၏လူမှုကွန် ရက်စာမျက်နှာတွင် ရေးသားထားသည်။
အလားတူ ယင်း Quarantine Center တွင် ဆေးရုံပို့ရန်ကျန်ရှိသူများနှင့် ထပ်တိုး စောင့်ကြည့်လူနာများကို ထားရှိသွားမည်ဖြစ်ပြီးယနေ့ စက်တင်ဘာ ၂၅ ရက် ညနေပိုင်းတွင်စတင်ထားရှိမည်ဖြစ်ကြောင်း သိရသည်။
စင်တင်ဘာ ၂၄ ရက် ညပိုင်းအချိန်ထိ လှိုင် မြို့နယ်ထဲတွင် COVID 19 ပိုးတွေ့ရှိသူ ၂၄၄ ဦးထိရှိပြီဖြစ်သည်။
မြန်မာနိုင်ငံတွင် စက်တင်ဘာ ၂၅ ရက် မနက်ပိုင်းအချိန်ထိ အတည်ပြုလူနာ ၈၅၁၅ ဦး၊ပြန် လည်ကောင်းမွန်သူ ၂၃၈၁ ဦးရှိပြီး သေဆုံးသူ ၁၅၅ ဦးရှိပြီဖြစ်သည်။
photo credit – U Aung Kyaw Kyaw Oo Fb

Share this post