• Follow Us on

Home လျှပ်စစ်ဓာတ်အားခပေးဆောင်ရာတွင် လွယ်ကူလျှင်မြန်ရေးအတွက် ငွေကောက်ကောင်တာများကို ပိတ်ရက် မရှိ ဖွင့်လှစ်ပေးမယ်လို့ YESC ထုတ်ပြန်

လျှပ်စစ်ဓာတ်အားခပေးဆောင်ရာတွင် လွယ်ကူလျှင်မြန်ရေးအတွက် ငွေကောက်ကောင်တာများကို ပိတ်ရက် မရှိ ဖွင့်လှစ်ပေးမယ်လို့ YESC ထုတ်ပြန်

Share this post

ရန်ကုန်၊ နိုဝင်ဘာ ၆ (People Media)

 

ဓာတ်အားသုံးစွဲသူပြည်သူများအနေဖြင့် လျှပ်စစ်ဓာတ်အားခပေးဆောင်ရာတွင် လွယ်ကူလျှင်မြန်ချောမွေ့စေ ရေးအတွက် ဓာတ်အားခပေးဆောင်ရမည့် ငွေကောက်ကောင်တာများကို ပိတ်ရက်မရှိ ယခု သီတင်းပတ် စနေ နေ့ (၆.၁၁.၂၀၂၁) ရက်နေ့နှင့် တနင်္ဂနွေနေ့ (၇.၁၁.၂၀၂၁) ရက်နေ့တို့တွင် ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း  ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ယနေ့ ထုတ်ပြန်လိုက်သည်။

 

ဓာတ်အားသုံးစွဲသူ ပြည်သူများအနေဖြင့် လျှပ်စစ်ဓာတ်အားခပေးဆောင်ရာတွင် လွယ်ကူလျင်မြန်စေရေး အတွက် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ စီစဉ်ထားပြီး ၈/၂၀၂၁ လ ဓာတ်အားခကို ၃.၁၁.၂၀၂၁ ရက်မှ ၁၅.၁၁.၂၀၂၁ ရက်နေ့အထိ အောက်ပါဘဏ်များ၏ Mobile Application များဖြင့် On Line မှ ဆောင်နိုင်ပါကြောင်း သိရသည်။

 

Online မှ ပေးဆောင်ရာတွင် မြန်မာအရှေ့တိုင်းဘဏ် (MOB)၊ ယူအေဘီဘဏ်(uab)၊ သမဝါယမဘဏ်(CB)၊ ကမ္ဘောဇဘဏ်(KBZ)၊ ဧရာဝတီဘဏ်(AYA)၊ မြန်မာ့ရှေ့ဆောင်ဘဏ်(MAB)၊ Internet Wallet Myanmar (OK$)၊ Mytel Wallet Myanmar International (MytelPay)၊ Myanmar Mobile Money (MMM) နှင့် Myanmar Computer Co.,Ltd တို့မှ ပေးဆောင်နိုင်ကြောင်း သိရသည်။

 

သတ်မှတ်ကာလအတွင်း လျှပ်စစ်ဓာတ်အားခပေးဆောင်ခြင်းမရှိသူများကိုလည်း လျှပ်စစ်ဓာတ်အား ဖြတ် တောက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

 

Photo – cj(လျှပ်စစ်မီတာခ ပေးဆောင်ရန် စောင့်ဆိုင်းနေသည့် ပြည်သူများ)

 

#PeopleMedia #YESC

 

(unicode)


………………………………………………………

 


 


 


 


 


 


 

#PeopleMedia #YESC


Share this post