• Follow Us on
Latest News

Home လျှပ်စစ်ဓာတ်အားဖြန့်မှုကို အချိန်ဇယားဖြင့် အတိအကျ ထုတ်ပြန်ပေးမည်

လျှပ်စစ်ဓာတ်အားဖြန့်မှုကို အချိန်ဇယားဖြင့် အတိအကျ ထုတ်ပြန်ပေးမည်

Share this post

ရန်ကုန်၊ မတ် ၁၅

 

လျှပ်စစ်ဓာတ်အားဖြန့်မှုကို အချိန်ဇယားဖြင့် အတိအကျ ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ သိရသည်။

 

“လျှပ်စစ်ဓာတ်အားဖြန့်‌ဝေမှုကို လက်ရှိ Shut Down ကာလပြီးရင် အချိန်ဇယားနဲ့ အတိအကျ ပေးနိုင်ဖို့ ထုတ်ပြန်ကြေညာပေးမယ်။ ဒါပေမဲ့ လျှပ်စစ်ကို အချိန်ဇယားနဲ့ ဖြန့်ဖြူးပေးမယ့်နေရာမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေတော့ ရှိတယ်။ အချိန်ပိုင်းပေးတာဖြစ်တဲ့အတွက် မီးလာရင် ဓာတ်အားဝိုင်းသုံးကြတဲ့အတွက် ပုံမှန်ပေးတဲ့ ပမာဏထပ် နှစ်ဆသုံးဆပိုသုံးတာရှိတယ်။ ဒါကြောင့် အဲ့အချိန်မှာ ဓာတ်အားလိုင်းရဲ့ ထရန်ဖော်မာ တွေ ချို့ယွင်းပျက်စီးမှုမဖြစ်‌အောင် ဓာတ်အားဖျက်လိုက်ရတာရှိတယ်။ အဲ့ဒါကြောင့် ခဏပဲမီးလာပြီး ပြန်ပျက် သွားတဲ့ကိစ္စတွေရှိပါတယ်။ အဲ့ဒါကြောင့် သီးခံပေးဖို့ မေတ္တာရပ်ခံပါတယ်” ဟု YESC မှ တာဝန်ရှိသူတစ်ဦးက‌ ပြောသည်။

 

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်ထားရာတွင် မတ်လ ၁၂ ရက်မှ မတ်လ ၁၈ ရက်နေ့အတွင်း ဝန်အားထိန်းညှိ လျော့ချမောင်းနှင်ခြင်းအတွက် အချို့သောနေရာများတွင် အပိုင်းလိုက်၊ အချိန်ပိုင်းအလိုက်  ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

လက်ရှိ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများကြောင့် စက်ရုံ၊ အလုပ်ရုံများမှာ အဆင်မပြေမှုများ ဖြစ်ပေါ် နေလျက်ရှိသလို ရပ်ကွက်တစ်ချို့တွင်လည်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများကြောင့် ရေရရှိရန် အခက်အခဲများလည်း ဖြစ်ပေါ်နေလျက်ရှိသည်။

 

(unicode)


…………………………

 


 


 


 


 



Share this post