• Follow Us on

Home လျှပ်စစ်မီတာခ ပေးဆောင်ရန် ကျန်ရှိသည့် စက်ရုံ၊ အလုပ်ရုံများကို လျှပ်စစ်မီးဖြတ်တောက်ရန် မန္တလေးတိုင်း အစိုးရစီစဉ်

လျှပ်စစ်မီတာခ ပေးဆောင်ရန် ကျန်ရှိသည့် စက်ရုံ၊ အလုပ်ရုံများကို လျှပ်စစ်မီးဖြတ်တောက်ရန် မန္တလေးတိုင်း အစိုးရစီစဉ်

Share this post

မန္တလေး၊ နိုဝင်ဘာ ၃ (People Media)

 

မန္တလေးတိုင်းဒေသကြီးရှိ လျှပ်စစ်မီတာခပေးသွင်းရန် ကျန်ရှိသည့် စက်ရုံ၊ အလုပ်ရုံများကို လျှပ်စစ်မီးဖြတ် တောက်ရန် မန္တလေးတိုင်းဒေသကြီးအစိုးရမှ စီစဉ်ထားကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရပါတယ်။

 

အလားတူ နိုဝင်ဘာ (၂) ရက်နေ့၌ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ လျှပ်စစ်ဓါတ်အားခ ပေးသွင်းရန် ကျန်ရှိသည့် စက်ရုံ၊ အလုပ်ရုံ လုပ်ငန်းရှင်များနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူများ၊ မြို့နယ်စီမံရေးအဖွဲ့တာဝန်ရှိသူများသည် စက်မှုတက္ကသိုလ်(မန္တလေး)၌ တွေ့ဆုံခဲ့ကြပါတယ်။

 

အဆိုပါ တွေ့ဆုံပွဲ၌ မြို့နယ်လျှပ်စစ်မန်နေဂျာဖြစ်သူ ဦးသက်နိုင်က “လျှပ်စစ်မီတာခပေးငွေရန် အမြန်ဆုံး ပေးသွင်းရေး၊ အခက်အခဲရှိပါက မြို့နယ်လျှပ်စစ်မန်နေဂျာနှင့် လာရောက်ဆွေးနွေးပြီး ပေးသွင်းနိုင်ရေးနှင့် လျှပ်စစ်မီတာခဘေများ ပေးသွင်းရန် ပျက်ကွက်ပါက ဥပဒေနှင့် အညီဆောင်ရွက်သွားမယ်လို့”ပြောဆိုခဲ့သည်။

 

အလားတူ မန္တလေးတိုင်းဒေသကြီးအတွင်း၌ လျှပ်စစ်မီတာခ ပေးသွင်းရန် ကျန်ရှိသည့် လုပ်ငန်းရှင်များကို ခရိုင်၊မြို့နယ် အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူက အစည်းအဝေးပြုလုပ်ပြီး ခေါ်ယူတွေ့ဆုံလျက်ရှိနေကြောင်း မကွေးတိုင်းဒေသကြီးအစိုးရထံမှ သိရသည်။

 

Photo – မန္တလေးတိုင်းအစိုးရ

 

#PeopleMedia #မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ #လျှပ်စစ်မီတာခ

 

(unicode)


……………………………………………………………

 

မန်တလေး၊ နိုဝငျဘာ ၃ (People Media)

 


 


 


 


 

Photo – မန်တလေးတိုငျးအစိုးရ

 

#PeopleMedia #မန်တလေးတိုငျးဒသေကွီးအစိုးရအဖှဲ့ #လြှပျစဈမီတာခ


Share this post