• Follow Us on

Home လွ်ပ္စစ္၀န္ႀကီးဌာနမွာ အစိုးရအား ကန္႔လန္႔တိုက္ လုပ္ေဆာင္ျခင္းမဟုတ္ေၾကာင္း ဒုအၿမဲတမ္းအတြင္း ၀န္ေျပာ

လွ်ပ္စစ္၀န္ႀကီးဌာနမွာ အစိုးရအား ကန္႔လန္႔တိုက္ လုပ္ေဆာင္ျခင္းမဟုတ္ေၾကာင္း ဒုအၿမဲတမ္းအတြင္း ၀န္ေျပာ

Share this post

ရန္ကုန္၊ ေမ – ၁၆

လွ်ပ္စစ္၀န္ႀကီးဌာနမွာ အစိုးရအား ကန္႔လန္႔တိုက္ လုပ္ေဆာင္ျခင္းမဟုတ္ေၾကာင္း လွ်ပ္စစ္ႏွင့္ စြမ္းအင္၀န္ႀကီးဌာန ဒုတိယအၿမဲတမ္းအတြင္း၀န္ ဦးစိုးျမင့္မွ ရွင္းလင္းေျပာၾကားခဲ့သည္။

COVID-19 ေရာဂါကာလတြင္ အိမ္သံုးလွ်ပ္စစ္မီးသံုးစြဲမႈ ယူနစ္ ၁၅၀ အထိ ဧၿပီလတြင္ အခမဲ့ေပးသြားမည္ ျဖစ္ေၾကာင္း အစိုးရမွေၾကညာခဲ့သည္။ ယခုအခါတြင္ ယခင္လေတြထက္ မီတာခ ပိုမိုက်သင့္ေပးေဆာင္ေနရမႈ မ်ားျဖစ္ပြားလာသည့္အတြက္ ယခုလ ေမ ၁၅ ရက္ေန႔တြင္ လွ်ပ္စစ္ႏွင့္စြမ္းအင္၀န္ႀကီးဌာနမွ ေနျပည္ေတာ္ သတင္းစာရွင္းလင္းပြဲတြင္ အထက္ပါအတိုင္း ၀န္ခံေျပာၾကားခဲ့ျခင္းျဖစ္သည္။

“ကၽြန္ေတာ္၀န္ႀကီးဌာနအေနနဲ႔ အစိုးရကို ကန္႔လန္႔တိုက္လုပ္ေဆာင္တာ မဟုတ္ပါဘူး။ ကၽြန္ေတာ္တို႔ရဲ႕ အားနည္းခ်က္က ၀န္ထမ္းမေလာက္ဘူး။ ဘာလို႔ခန္႔ႏိုင္ေအာင္ မလုပ္လဲ။ အခုခန္႔ႏိုင္ေအာင္ လုပ္ေနပါၿပီ။ ခန္႔လည္းခန္႔ဖို႔ ခြင့္ျပဳေနပါၿပီ။ အစက ခန္႔ဖို႔ဟာေလးကို ႏိုင္ငံေတာ္အစိုးရရဲ႕ ဘတ္ဂ်က္အေန အထားအရ ကၽြန္ေတာ္တို႔ႏိုင္ငံေတာ္အစိုးရရဲ႕ မူ၀ါဒခ်မွတ္ဖို႔ ကၽြန္ေတာ္တို႔ေစာင့္ေနတာပါ။ အခုေတာ့ ရၿပီ။ မီတာသမားေတြလည္း ခန္႔ဖို႔ ကၽြန္ေတာ္တို႔ စီမံေဆာင္ရြက္ေနၿပီ”ဟု ၎မွေျပာသည္။

ဆက္လက္ၿပီး ၎မွ “ယခင္လကမွန္းဖတ္ခဲ့တဲ့ မီတာခေတြနဲ႔ ေနာက္ဆံုးလ ဧၿပီလေရာက္ေတာ့မွ ေပါင္းထည့္လိုက္တယ္။ ေလ်ာ့ေပး ရတဲ့ကာလေရာက္ေတာ့ အျပည့္အ၀ဖတ္လိုက္တယ္လို႔ ကၽြန္ေတာ္၀န္ခံပါတယ္။ တကယ္လို႔ မသံုးဘဲပိုေပးေနရ တယ္ဆိုရင္ သက္ဆိုင္ရာၿမိဳ႕နယ္႐ံုးကိုသြားၿပီး ခ်က္ခ်င္းတိုင္ေပၚတက္ဖတ္လို႔ရပါတယ္” ဟု ဆိုသည္။

အလားတူပင္ ျပည္သူေတြ အိမ္မွာေနသည့္အခ်ိန္ပိုမ်ားျခင္းေၾကာင့္ လွ်ပ္စစ္ဓာတ္အားသံုးစြဲမႈမွာ ျမင့္တက္ခဲ့ၿပီး ဧၿပီလအတြင္း တစ္ႏိုင္ငံလံုးမွာ တစ္ေန႔လွ်င္ ၃၆၀၀ မဂၢါ၀ပ္အထိ သံုးစြဲခဲ့ၿပီး ၀န္ႀကီးဌာနသမိုင္းတြင္ အျမင့္ဆံုး စံခ်ိန္ျဖစ္ေၾကာင္းလည္း ေျပာၾကားခဲ့သည္။

Photo – Credit

#PeopleMedia

(unicode)
လျှပ်စစ်ဝန်ကြီးဌာနမှာ အစိုးရအား ကန့်လန့်တိုက် လုပ်ဆောင်ခြင်းမဟုတ်ကြောင်း ဒုအမြဲတမ်းအတွင်း ဝန်ပြော
………………………………………………………

ရန်ကုန်၊ မေ – ၁၆

လျှပ်စစ်ဝန်ကြီးဌာနမှာ အစိုးရအား ကန့်လန့်တိုက် လုပ်ဆောင်ခြင်းမဟုတ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိုးမြင့်မှ ရှင်းလင်းပြောကြားခဲ့သည်။

COVID-19 ရောဂါကာလတွင် အိမ်သုံးလျှပ်စစ်မီးသုံးစွဲမှု ယူနစ် ၁၅၀ အထိ ဧပြီလတွင် အခမဲ့ပေးသွားမည် ဖြစ်ကြောင်း အစိုးရမှကြေညာခဲ့သည်။ ယခုအခါတွင် ယခင်လတွေထက် မီတာခ ပိုမိုကျသင့်ပေးဆောင်နေရမှု များဖြစ်ပွားလာသည့်အတွက် ယခုလ မေ ၁၅ ရက်နေ့တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ နေပြည်တော် သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ဝန်ခံပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်ဝန်ကြီးဌာနအနေနဲ့ အစိုးရကို ကန့်လန့်တိုက်လုပ်ဆောင်တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ အားနည်းချက်က ဝန်ထမ်းမလောက်ဘူး။ ဘာလို့ခန့်နိုင်အောင် မလုပ်လဲ။ အခုခန့်နိုင်အောင် လုပ်နေပါပြီ။ ခန့်လည်းခန့်ဖို့ ခွင့်ပြုနေပါပြီ။ အစက ခန့်ဖို့ဟာလေးကို နိုင်ငံတော်အစိုးရရဲ့ ဘတ်ဂျက်အနေ အထားအရ ကျွန်တော်တို့နိုင်ငံတော်အစိုးရရဲ့ မူဝါဒချမှတ်ဖို့ ကျွန်တော်တို့စောင့်နေတာပါ။ အခုတော့ ရပြီ။ မီတာသမားတွေလည်း ခန့်ဖို့ ကျွန်တော်တို့ စီမံဆောင်ရွက်နေပြီ”ဟု ၎င်းမှပြောသည်။

ဆက်လက်ပြီး ၎င်းမှ “ယခင်လကမှန်းဖတ်ခဲ့တဲ့ မီတာခတွေနဲ့ နောက်ဆုံးလ ဧပြီလရောက်တော့မှ ပေါင်းထည့်လိုက်တယ်။ လျော့ပေး ရတဲ့ကာလရောက်တော့ အပြည့်အဝဖတ်လိုက်တယ်လို့ ကျွန်တော်ဝန်ခံပါတယ်။ တကယ်လို့ မသုံးဘဲပိုပေးနေရ တယ်ဆိုရင် သက်ဆိုင်ရာမြို့နယ်ရုံးကိုသွားပြီး ချက်ချင်းတိုင်ပေါ်တက်ဖတ်လို့ရပါတယ်” ဟု ဆိုသည်။

အလားတူပင် ပြည်သူတွေ အိမ်မှာနေသည့်အချိန်ပိုများခြင်းကြောင့် လျှပ်စစ်ဓာတ်အားသုံးစွဲမှုမှာ မြင့်တက်ခဲ့ပြီး ဧပြီလအတွင်း တစ်နိုင်ငံလုံးမှာ တစ်နေ့လျှင် ၃၆၀၀ မဂ္ဂါဝပ်အထိ သုံးစွဲခဲ့ပြီး ဝန်ကြီးဌာနသမိုင်းတွင် အမြင့်ဆုံး စံချိန်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

Photo – Credit

#PeopleMedia


Share this post