• Follow Us on

Home လှိုင်သာယာတွင် စစ်အုပ်ချုပ်ရေးကြေညာပြီးနောက်ရွှေ့ပြောင်းလုပ်သားများနေရပ်ပြန်လည်ထွက်ခွာ

လှိုင်သာယာတွင် စစ်အုပ်ချုပ်ရေးကြေညာပြီးနောက်ရွှေ့ပြောင်းလုပ်သားများနေရပ်ပြန်လည်ထွက်ခွာ

Share this post

ရန်ကုန်၊ မတ် – ၁၆

လှိုင်သာယာမြို့နယ်အား မတ်လ ၁၄ရက်နေ့က စစ်အုပ်ချုပ်ရေးမြို့နယ်အဖြစ် ကြေညာပြီးနောက် ရွှေ့ပြောင်း လာရောက်လုပ်ကိုင်နေသူများ မိမိနေရပ်ကို ပြန်လည်ထွက်ခွာနေလျက်ရှိကြောင်း လှိုင်သာယာမြို့နယ် နေထိုင်သူများထံမှ သိရသည်။

“ဒီမှာလာပြီး အလုပ်လုပ်နေတဲ့သူတွေပါ။ မနေ့ကတည်းက နည်းနည်းချင်းပြန်နေကြတာ။ ဒီနေ့ ပြန်တာတော့ တော်တော်များတယ်။”ဟု လှိုင်သာယာမြို့ခံတစ်ဦးက ပြောသည်။

လက်ရှိ လှိုင်သာယာမြို့နယ် စစ်အုပ်ချုပ်ရေးမြို့နယ် သတ်မှတ်ထားသော်လည်း ဆန္ဒဖော်ထုတ်မှုများ ဆက်လက်ရှိနေသေးခြင်းကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှလည်း ပြစ်ခတ်မှုများ ရှိနေသည့်အတွက် ရွှေ့ပြောင်း နေထိုင်သူများ တစ်ချို့မှာ ပြောင်းရွှေ့နေကြခြင်း ဖြစ်ကြောင်း သိရသည်။

“မိန်းကလေးတွေကြီးပဲဆိုတော့ မနေရဲတာလည်း ပါတာပေါ့။ အခုဆို အလုပ်တွေက နားထားတော့ ဝင်ငွေမရှိဘူး။ ကိုယ့်နယ်မှာဆိုရင် အဆောင်ခ မကုန်တော့ ပြန်ကြတာလည်းပါတာပေါ့”ဟု လှိုင်သာယာမြို့နယ်တွင် ရွှေ့ပြောင်းနေထိုင်သူ တစ်ဦးကပြောသည်။

ပြီးခဲ့သည့် မတ်လ ၁၄ရက်နေ့မှစပြီး လှိုင်သာယာမြို့နယ်အတွင်း သပိတ်စခန်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အင်အားသုံးဖြိုခွင်းမှုများကြောင်း သေဆုံးသူ (၄၀)ကျော်နှင့် ဒဏ်ရာရရှိသူ (၅၀)ကျော်ထိရှိခဲ့သည်။

Photo – credit

#peoplemedia


Share this post