• Follow Us on

Home လှိုင်မြို့နယ်၌ အမျိုးသားနှစ်ဦး လက်လုပ်မိုင်းပြုလုပ်စဉ် မိုင်းကွဲပြီး တစ်ဦး ပြင်းထန်ဒဏ်ရာရ ကျန်တစ်ဦးမှာ ဒဏ်ရာများဖြင့် တိုက်ပေါ်မှ ထွက်ပြေးသွားဟုဆို

လှိုင်မြို့နယ်၌ အမျိုးသားနှစ်ဦး လက်လုပ်မိုင်းပြုလုပ်စဉ် မိုင်းကွဲပြီး တစ်ဦး ပြင်းထန်ဒဏ်ရာရ ကျန်တစ်ဦးမှာ ဒဏ်ရာများဖြင့် တိုက်ပေါ်မှ ထွက်ပြေးသွားဟုဆို

Share this post

ရန်ကုန်၊ နိုဝင်ဘာ ၂၉ (People Media)

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ရွာမကျောင်းလမ်း၊ တိုက်အမှတ်(၈) ၃ လွှာ၌ နေ ထိုင်သည့် အမျိုးသားနှစ်ဦးသည် လက်လုပ်မိုင်းပြုလုပ်နေစဉ် မိုင်းကွဲပြီး တစ်ဦး သေဆုံးခဲ့သလို တစ်ဦးမှာ ဒဏ်ရာများဖြင့် ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း ဒေသခံတစ်ဦး၏ ပြောဆိုချက်အရ သိရပါတယ်။

“ဖြစ်တာက ဒီနံနက် ၁၁ နာရီလောက်က ဖြစ်တာ။ ဒီတိုက်မှာက အမျိုးသားနှစ်ဦးနေတာ။ လက်လုပ်မိုင်းလုပ်စဉ် မိုင်းကွဲတာ။ တစ်ယောက်က ထိခိုက်ဒဏ်ရာရပြီး ဆင်းပြေးသွားတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိအချိန်၌ ထွက်ပြေးလွတ်မြောက်သွားသည့် အမျိုးသားတစ်ဦးကို လုံခြုံရေးအဖွဲ့များက ရှာဖွေလျက်ရှိပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အမျိုးသားကို တပ်မတော်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရပါတယ်။

အလားတူ ရန်ကုန်မြို့၌ လက်လုပ်ဗုံး ပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်ပွားပြီး လူငယ်အချို့ ဖမ်းဆီးခံခဲ့ရသလို ၎င်းတို့ နေထိုင်ရာ အဆောက်အဦးများကိုလည်း ချိပ်ပိတ်သိမ်းဆည်းခြင်းခံနေရကြောင်း သိရပါတယ်။

Photo – Credit

#PeopleMedia #လှိုင်မြို့နယ်

(unicode)

……………………………………………………