• Follow Us on

Home လႊတ္ေတာ္ထဲ အိပ္ငိုက္ၿပီး လစာထုတ္ယူေန တဲ့ အမတ္ေတြမျဖစ္ေစဖို႔ ျပည္ခိုင္ၿဖိဳးပါတီ အမတ္ေလာင္းေျပာ

လႊတ္ေတာ္ထဲ အိပ္ငိုက္ၿပီး လစာထုတ္ယူေန တဲ့ အမတ္ေတြမျဖစ္ေစဖို႔ ျပည္ခိုင္ၿဖိဳးပါတီ အမတ္ေလာင္းေျပာ

Share this post

နန္႔မြန္းၿမိဳ႕၊ စက္တင္ဘာ ၁၇

လာမည့္ ေရြးေကာက္ပြဲမွာ ျပည္သူမ်ားအေနျဖင့္ ပါတီကိုလည္းၾကည့္၊ လူကိုလည္းၾကည့္၊ မူကိုလည္းၾကည့္ၾကရန္ႏွင့္ လႊတ္ေတာ္ထဲဝင္ၿပီးအိပ္ငိုက္ၿပီးလစာယူသည့္ အမတ္မ်ားမျဖစ္ၾကေစဖို႔ မဲဆႏၵရွင္ျပည္သူေတြအေနႏွင့္ သတိထားၿပီးဦးေႏွာက္ႏွင့္ ေရြးခ်ယ္ၾကဖို႔ ျပည္နယ္စု ႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီမွ မိုးညႇင္းၿမိဳ႕ နယ္ အမွတ္ ၈၊ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးေဌးဝင္းက ေျပာလိုက္သည္။

ယေန႔နံနက္ ၉နာရီအခ်ိန္ နန္႔မြန္ၿမိဳ႕ေပၚရွိ ေထာပတ္ကုန္းရပ္ကြက္၊ေက်ာက္စရစ္ကုန္းရပ္ကြက္၊တိုက္ကုန္းရပ္ကြက္၊နတ္ႀကီးကုန္းရပ္ ကြက္တို႔တြင္ မဲဆႏၵရွင္ျပည္သူမ်ားအား စည္း ႐ုံးေဟာေျပာစဉ္ မဲႏၵနယ္ေျမအမွတ္(၈)အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း ဦးေဌးဝင္းက ေျပာၾကားလိုက္ျခင္းျဖစ္သည္။

“ပါတီကိုလည္းၾကည့္ပါ လူကိုလည္းၾကည့္ပါ မူကိုလည္းၾကည့္ၾကပါ လႊတ္ေတာ္ထဲဝင္ၿပီးအိပ့့္ငိုက္ၿပီးလစာယူတဲ့ အမတ္ေတြမျဖစ္ၾကေစဖို႔ မဲဆႏၵရွင္ျပည္သူေတြအေနနဲ႔သတိထားၿပီးဦးေႏွာက္နဲ႔ယွဉ္ကာ ေရြးခ်ယ္နိင္ပါေစ”ဟု ၎ ကေျပာသည္။

ထို႔အျပင္ ျပည္သူမ်ားအေနျဖင့္ မိမိရင္ဘတ္ ထဲက တန္ဖိုးထားေသာ ပါတီႏွင့္ ပုဂၢိဳလ္ကို မဲ ထည့္ေရြးခ်ယ္ၾကဖို႔ မိုးညႇင္းၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္ ၂၊ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ေလာင္း ဦးစိန္ဝင္းက ေျပာသည္။

” အသည္းၾကားကမဲတစ္ျပား မဟုတ္ဦးေႏွာက္ ထဲကေတြးၿပီး ရင္ဘတ္ထဲကခ်စ္တဲ့ပါတီကပုဂၢိဳလ္ကို တန္ဖိုးရွိတဲ့မဲတစ္ျပား ျဖစ္ေအာင္ ေရြးခ်ယ္နိင္ၾကပါေစ”ဟု ဦးစိန္ဝင္းက ေျပာသည္။

ကခ်င္ျပည္နယ္၊မိုးညႇင္းၿမိဳ႕နယ္၊နန္႔မြန္းၿမိဳ႕ ၿမိဳ႕ေပၚေနရာ(၄)ေနရာတြင္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီမွ မဲဆႏၵရွင္ျပည္သူမ်ားကို ကိုယ္စားလွယ္ေလာင္းမိတ္ဆက္ႏွင့္ စည္း႐ုံးမဲဆြယ္မူက်င္ပခဲ့ၿပီး က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနက ခ်မွတ္ခဲ့ေသာစည္းကမ္းအတိုင္း က်င္းပျပဳ လုပ္ခဲ့ေၾကာင္း သိရသည္။

ေမာင္ေမာင္(ကခ်င္ေျမ)

#PeopleMedia #EPN #2020election

(unicode)
လွှတ်တော်ထဲ အိပ်ငိုက်ပြီး လစာထုတ်ယူနေ တဲ့ အမတ်တွေမဖြစ်စေဖို့ ပြည်ခိုင်ဖြိုးပါတီ အမတ်လောင်းပြော
……………………………………………………………..

နန့်မွန်းမြို့၊ စက်တင်ဘာ ၁၇

လာမည့် ရွေးကောက်ပွဲမှာ ပြည်သူများအနေဖြင့် ပါတီကိုလည်းကြည့်၊ လူကိုလည်းကြည့်၊ မူကိုလည်းကြည့်ကြရန်နှင့် လွှတ်တော်ထဲဝင်ပြီးအိပ်ငိုက်ပြီးလစာယူသည့် အမတ်များမဖြစ်ကြစေဖို့ မဲဆန္ဒရှင်ပြည်သူတွေအနေနှင့် သတိထားပြီးဦးနှောက်နှင့် ရွေးချယ်ကြဖို့ ပြည်နယ်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မိုးညှင်းမြို့ နယ် အမှတ် ၈၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဌေးဝင်းက ပြောလိုက်သည်။

ယနေ့နံနက် ၉နာရီအချိန် နန့်မွန်မြို့ပေါ်ရှိ ထောပတ်ကုန်းရပ်ကွက်၊ကျောက်စရစ်ကုန်းရပ်ကွက်၊တိုက်ကုန်းရပ်ကွက်၊နတ်ကြီးကုန်းရပ် ကွက်တို့တွင် မဲဆန္ဒရှင်ပြည်သူများအား စည်း ရုံးဟောပြောစဉ် မဲန္ဒနယ်မြေအမှတ်(၈)အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဌေးဝင်းက ပြောကြားလိုက်ခြင်းဖြစ်သည်။

“ပါတီကိုလည်းကြည့်ပါ လူကိုလည်းကြည့်ပါ မူကိုလည်းကြည့်ကြပါ လွှတ်တော်ထဲဝင်ပြီးအိပ့့်ငိုက်ပြီးလစာယူတဲ့ အမတ်တွေမဖြစ်ကြစေဖို့ မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့သတိထားပြီးဦးနှောက်နဲ့ယှဉ်ကာ ရွေးချယ်နိင်ပါစေ”ဟု ၎င်း ကပြောသည်။

ထို့အပြင် ပြည်သူများအနေဖြင့် မိမိရင်ဘတ် ထဲက တန်ဖိုးထားသော ပါတီနှင့် ပုဂ္ဂိုလ်ကို မဲ ထည့်ရွေးချယ်ကြဖို့ မိုးညှင်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၂၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် လောင်း ဦးစိန်ဝင်းက ပြောသည်။

” အသည်းကြားကမဲတစ်ပြား မဟုတ်ဦးနှောက် ထဲကတွေးပြီး ရင်ဘတ်ထဲကချစ်တဲ့ပါတီကပုဂ္ဂိုလ်ကို တန်ဖိုးရှိတဲ့မဲတစ်ပြား ဖြစ်အောင် ရွေးချယ်နိင်ကြပါစေ”ဟု ဦးစိန်ဝင်းက ပြောသည်။

ကချင်ပြည်နယ်၊မိုးညှင်းမြို့နယ်၊နန့်မွန်းမြို့ မြို့ပေါ်နေရာ(၄)နေရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မဲဆန္ဒရှင်ပြည်သူများကို ကိုယ်စားလှယ်လောင်းမိတ်ဆက်နှင့် စည်းရုံးမဲဆွယ်မူကျင်ပခဲ့ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ချမှတ်ခဲ့သောစည်းကမ်းအတိုင်း ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။

မောင်မောင်(ကချင်မြေ)

#PeopleMedia #EPN #2020election


Share this post