• Follow Us on

Home လႊတ္ေတာ္ဒုဥကၠ႒ ဦးထြန္းထြန္းဟိန္အေနျဖင့္ အခြင့္အေရးကိုညီမွ်ေအာင္ေပးသင့္ေၾကာင္း NLD အမတ္ ေဟာင္း ဦးစိန္၀င္းျပန္လည္တုန္႔ျပန္

လႊတ္ေတာ္ဒုဥကၠ႒ ဦးထြန္းထြန္းဟိန္အေနျဖင့္ အခြင့္အေရးကိုညီမွ်ေအာင္ေပးသင့္ေၾကာင္း NLD အမတ္ ေဟာင္း ဦးစိန္၀င္းျပန္လည္တုန္႔ျပန္

Share this post

ရန္ကုန္၊ ဇြန္ ၁

လႊတ္ေတာ္တြင္ ဦးစိန္၀င္း လႊတ္ေတာ္ထိုင္ခံု၌ ျပန္မထုိင္လွ်င္ အေရးယူမည္ျဖစ္ေၾကာင္း ျပည္သူ႔လႊတ္ေတာ္ ဒုဥကၠ႒ ဦးထြန္းထြန္းဟိန္ေျပာဆုိမႈအေပၚ လႊတ္ေတာ္ဒုဥကၠ႒တစ္ေယာက္အေနျဖင့္ အခြင့္အေရးကိုညီမွ်ေအာင္ ေပးသင့္ေၾကာင္း မအူပင္ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိန္၀င္းကေျပာသည္။

“လႊတ္ေတာ္ဒုကၠ႒တစ္ေယာက္ဟာမွ်တေအာင္ေပးရမယ္။ အခြင့္အေရးကိုညီမွ်ေအာင္ေပးရမယ္။ ဟိုဘက္က လွမိုးကေျပာေနတဲ့ အန္ကယ္ရဲ႕အဆိုေတြကို အစဆံုးပယ္ဖ်က္ပါလို႔သူေျပာရင္ အန္ကယ္ကိုလည္း ေျပာခြင့္ေပး ရမယ္” ဦးစိန္၀င္း(မအူပင္ျပည္သူလႊတ္ေတာ္ကိုယ္စားလွယ္)က ေျပာသည္။

ယေန႔က်င္းပသည့္ ျပည္သူ႔လႊတ္ေတာ္အစည္းအေဝး၌ ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ ဦးတီခြန္ျမတ္ဖယ္ရွားေရး အဆုိအေပၚ ဦးစိန္ဝင္းေဆြးေႏြးမႈ၌ ျပည္သူ႔လႊတ္ေတာ္ဒုဥကၠ႒ဦးထြန္းထြန္းဟိန္က သတိေပးမႈ ျပဳလုပ္ခဲ့ပါ တယ္။

“ေဆြးေႏြးခြင့္ဆိုတာ လႊတ္ေတာ္ဥကၠ႒က ခြင့္ျပဳမွသာ ေဆြးေႏြးလို႔ရတယ္၊ မိုက္မေပးေတာ့ဘူး ထိုင္ပါလို႔ ေျပာရင္ ထိုင္ပါ” ဦးထြန္းထြန္းဟိန္(ျပည္သူ့လႊတ္ေတာ္ဒုဥကၠ႒) ေျပာသည္။

အလားတူ လႊတ္ေတာ္၌ ၎ေဆြးေႏြးခြင့္ကန္႔သတ္ခံလုိက္ရျခင္းသည္ တစ္ဖက္သတ္လုပ္ေဆာင္ျခင္းျဖစ္ ေၾကာင္း ဦးစိန္ဝင္းက ေျပာသည္။ ဦးစိန္၀င္းသည္ ၂၀၁၅ ခုႏွစ္တြင္ NLD ပါတီတြင္တစ္ဦးျဖစ္ၿပီး လက္ရွိ အခ်ိန္တြင္ အမ်ိဳးသားညီညႊတ္ေသာ ဒီမိုကရက္တစ္ပါတီ(အန္၊ယူ၊ဒီ)ပါတီ၀င္တစ္ဦးလည္းျဖစ္သည္။

#PeopleMedia

(unicode)
လွှတ်တော်ဒုဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်အနေဖြင့် အခွင့်အရေးကိုညီမျှအောင်ပေးသင့်ကြောင်း NLD အမတ် ဟောင်း ဦးစိန်ဝင်းပြန်လည်တုန့်ပြန်
…………………………………………………

ရန်ကုန်၊ ဇွန် ၁

လွှတ်တော်တွင် ဦးစိန်ဝင်း လွှတ်တော်ထိုင်ခုံ၌ ပြန်မထိုင်လျှင် အရေးယူမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်ပြောဆိုမှုအပေါ် လွှတ်တော်ဒုဥက္ကဋ္ဌတစ်ယောက်အနေဖြင့် အခွင့်အရေးကိုညီမျှအောင် ပေးသင့်ကြောင်း မအူပင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းကပြောသည်။

“လွှတ်တော်ဒုက္ကဋ္ဌတစ်ယောက်ဟာမျှတအောင်ပေးရမယ်။ အခွင့်အရေးကိုညီမျှအောင်ပေးရမယ်။ ဟိုဘက်က လှမိုးကပြောနေတဲ့ အန်ကယ်ရဲ့အဆိုတွေကို အစဆုံးပယ်ဖျက်ပါလို့သူပြောရင် အန်ကယ်ကိုလည်း ပြောခွင့်ပေး ရမယ်” ဦးစိန်ဝင်း(မအူပင်ပြည်သူလွှတ်တော်ကိုယ်စားလှယ်)က ပြောသည်။

ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ဖယ်ရှားရေး အဆိုအပေါ် ဦးစိန်ဝင်းဆွေးနွေးမှု၌ ပြည်သူ့လွှတ်တော်ဒုဥက္ကဋ္ဌဦးထွန်းထွန်းဟိန်က သတိပေးမှု ပြုလုပ်ခဲ့ပါ တယ်။

“ဆွေးနွေးခွင့်ဆိုတာ လွှတ်တော်ဥက္ကဋ္ဌက ခွင့်ပြုမှသာ ဆွေးနွေးလို့ရတယ်၊ မိုက်မပေးတော့ဘူး ထိုင်ပါလို့ ပြောရင် ထိုင်ပါ” ဦးထွန်းထွန်းဟိန်(ပြည်သူ့လွှတ်တော်ဒုဥက္ကဋ္ဌ) ပြောသည်။

အလားတူ လွှတ်တော်၌ ၎င်းဆွေးနွေးခွင့်ကန့်သတ်ခံလိုက်ရခြင်းသည် တစ်ဖက်သတ်လုပ်ဆောင်ခြင်းဖြစ် ကြောင်း ဦးစိန်ဝင်းက ပြောသည်။ ဦးစိန်ဝင်းသည် ၂၀၁၅ ခုနှစ်တွင် NLD ပါတီတွင်တစ်ဦးဖြစ်ပြီး လက်ရှိ အချိန်တွင် အမျိုးသားညီညွှတ်သော ဒီမိုကရက်တစ်ပါတီ(အန်၊ယူ၊ဒီ)ပါတီဝင်တစ်ဦးလည်းဖြစ်သည်။

#PeopleMedia


Share this post