• Follow Us on

Home လႊတ္ေတာ္အတုက စစ္ဦးစီးခ်ဳပ္သက္တမ္းမတိုးႏိုင္ဟု ပါကစၥတန္အတိုက္အခံပါတီ ေ၀ဖန္

လႊတ္ေတာ္အတုက စစ္ဦးစီးခ်ဳပ္သက္တမ္းမတိုးႏိုင္ဟု ပါကစၥတန္အတိုက္အခံပါတီ ေ၀ဖန္

Share this post

လႊတ္ေတာ္အတုက ကာကြယ္ေရးဦးစီးခ်ဳပ္ကို သက္တမ္းတိုးဖို႔ ဥပေဒမျပဳႏိုင္ဘူးလို႔ ပါစၥတန္ႏိုင္ငံရဲ႕ ပဥၥမ ေျမာက္အင္အားႀကီးပါတီ JUI-F ရဲ႕ ပါတီဥကၠဌ မူလန္နာ ဖက္ဇူရာဟန္က ေသာၾကာေန႔မွာ ေျပာၾကား လိုက္ပါတယ္။

ျမိဳ႕ေတာ္ ကရာခ်ီက ပါကစၥတန္ေရြးေကာက္ပြဲ ေကာ္မရွင္ရံုးေရွ႕ ဆႏၵျပမႈအတြင္း မိန္႔ခြန္းေျပာၾကားခဲ့ရာမွာ လက္ရွိအစိုးရရဲ႕ အရည္အခ်င္းကင္းမဲ့မႈေတြေၾကာင့္ စစ္တပ္ေခါင္းေဆာင္ပိုင္းေတြဟာ တရား႐ုံးေတြမွာ အခ်ိန္ကုန္အရွက္ရစရာျဖစ္ေနတယ္လို႔ ရာဟန္က ေ၀ဖန္ခဲ့ပါတယ္။

ပါကစၥတန္ ဗဟိုတရား႐ုံးခ်ဳပ္က စစ္ဦးစီးခ်ဳပ္ရဲ႕ ရာထူးသက္တမ္းသက္မွတ္ခ်က္ကို လိုအပ္တဲ့ ဥပေဒျပဳမႈေတြ ေဆာင္ရြက္ဖို႔ အစိုးရကို ညႊန္ၾကားခဲ့ၿပီးေနာက္ ရာဟန္က အခုလို ေ၀ဖန္ခဲ့တာလည္းျဖစ္ပါတယ္။

လက္ရွိအစိုးရရဲ႕ အာဏာတည္ၿမဲေရးတြက္ ျပည္သူ႔အခြင့္အာဏာကို ခိုးယူခြင့္မျပဳႏိုင္ဘူးလို႔လည္း ရာဟန္က ေျပာပါတယ္။ လႊတ္ေတာ္အတုက ထိလြယ္ရွလြယ္တဲ့ဥပေဒျပဳေရးကိစၥေတြကို မေဆာင္ရြက္ႏုိင္ဘူးလို႕လည္း ရာဟန္က ေ၀ဖန္ခဲ့ပါတယ္။

ပါကစၥတန္ ဗဟိုတရားရံုးခ်ဳပ္ဟာ စစ္ဦးစီးခ်ဳပ္ အသစ္ခန္႔အပ္မႈနဲ႔ သက္တမ္းတိုးျမွင့္မႈတို႔ကို ၆ လအတြင္း ဥပေဒျပဳဖို႔ အစိုးရကို ညႊန္ၾကားထားပါတယ္။

အခုလအေစာပိုင္း အစိုးရဆန္႔က်င္ခ်ီတက္ဆႏၵျပပြဲေတြကို ဦးေဆာင္ေနတဲ့ ရာဟန္က လက္ရွိအစိုးရကို ျဖဳတ္ခ်ၿပီး ေရြးေကာက္ပြဲျပန္လည္က်င္းပတဲ့အထိ ဆႏၵျပမႈေတြကို ဆက္လက္ေဆာင္ရြက္သြားမယ္လို႔ ေျပာၾကားထားပါတယ္။

Ref; https://dailytimes.com.pk/

#PeopleMedia #International

(Unicode)
လွှတ်တော်အတုက စစ်ဦးစီးချုပ်သက်တမ်းမတိုးနိုင်ဟု ပါကစ္စတန်အတိုက်အခံပါတီ ဝေဖန်
………………………………………………………

လွှတ်တော်အတုက ကာကွယ်ရေးဦးစီးချုပ်ကို သက်တမ်းတိုးဖို့ ဥပဒေမပြုနိုင်ဘူးလို့ ပါစ္စတန်နိုင်ငံရဲ့ ပဉ္စမ မြောက်အင်အားကြီးပါတီ JUI-F ရဲ့ ပါတီဥက္ကဌ မူလန်နာ ဖက်ဇူရာဟန်က သောကြာနေ့မှာ ပြောကြား လိုက်ပါတယ်။

မြို့တော် ကရာချီက ပါကစ္စတန်ရွေးကောက်ပွဲ ကော်မရှင်ရုံးရှေ့ ဆန္ဒပြမှုအတွင်း မိန့်ခွန်းပြောကြားခဲ့ရာမှာ လက်ရှိအစိုးရရဲ့ အရည်အချင်းကင်းမဲ့မှုတွေကြောင့် စစ်တပ်ခေါင်းဆောင်ပိုင်းတွေဟာ တရားရုံးတွေမှာ အချိန်ကုန်အရှက်ရစရာဖြစ်နေတယ်လို့ ရာဟန်က ဝေဖန်ခဲ့ပါတယ်။

ပါကစ္စတန် ဗဟိုတရားရုံးချုပ်က စစ်ဦးစီးချုပ်ရဲ့ ရာထူးသက်တမ်းသက်မှတ်ချက်ကို လိုအပ်တဲ့ ဥပဒေပြုမှုတွေ ဆောင်ရွက်ဖို့ အစိုးရကို ညွှန်ကြားခဲ့ပြီးနောက် ရာဟန်က အခုလို ဝေဖန်ခဲ့တာလည်းဖြစ်ပါတယ်။

လက်ရှိအစိုးရရဲ့ အာဏာတည်မြဲရေးတွက် ပြည်သူ့အခွင့်အာဏာကို ခိုးယူခွင့်မပြုနိုင်ဘူးလို့လည်း ရာဟန်က ပြောပါတယ်။ လွှတ်တော်အတုက ထိလွယ်ရှလွယ်တဲ့ဥပဒေပြုရေးကိစ္စတွေကို မဆောင်ရွက်နိုင်ဘူးလို့လည်း ရာဟန်က ဝေဖန်ခဲ့ပါတယ်။

ပါကစ္စတန် ဗဟိုတရားရုံးချုပ်ဟာ စစ်ဦးစီးချုပ် အသစ်ခန့်အပ်မှုနဲ့ သက်တမ်းတိုးမြှင့်မှုတို့ကို ၆ လအတွင်း ဥပဒေပြုဖို့ အစိုးရကို ညွှန်ကြားထားပါတယ်။

အခုလအစောပိုင်း အစိုးရဆန့်ကျင်ချီတက်ဆန္ဒပြပွဲတွေကို ဦးဆောင်နေတဲ့ ရာဟန်က လက်ရှိအစိုးရကို ဖြုတ်ချပြီး ရွေးကောက်ပွဲပြန်လည်ကျင်းပတဲ့အထိ ဆန္ဒပြမှုတွေကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ ပြောကြားထားပါတယ်။

Ref; https://dailytimes.com.pk/

#PeopleMedia #International


Share this post