• Follow Us on
Latest News

Home ဝက်လက်မြို့နယ်၌ လမ်းမိုင်းရှင်းလင်းရေးဆောင်ရွက်နေစဉ် အဝေးထိန်းမိုင်း ပေါက်ကွဲပြီး ဝက်လက်မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဝင် ဗိုလ်ကြီး မိုးဇော်လတ် ကျဆုံး

ဝက်လက်မြို့နယ်၌ လမ်းမိုင်းရှင်းလင်းရေးဆောင်ရွက်နေစဉ် အဝေးထိန်းမိုင်း ပေါက်ကွဲပြီး ဝက်လက်မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဝင် ဗိုလ်ကြီး မိုးဇော်လတ် ကျဆုံး

Share this post

စစ်ကိုင်း၊ ဒီဇင်ဘာ ၃၀ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ မန္တလေး-ရွှေဘိုကားလမ်း၊ ဝက်လက်မြို့နယ်လမ်းပိုင်း၌ လမ်း ဘေးမိုင်းများ ထောင်ထားမှုကို ရှင်းလင်းနေစဉ် အခြားသော အဝေးထိန်းမိုင်းပေါက်ကွဲမှုကြောင့် ဝက်လက် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဗိုလ်ကြီးမိုးဇော်လတ် ကျဆုံးခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

 

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၉ ရက်နေ့က မန္တလေး-ရွှေဘိုကားလမ်း၊ ဝက်လက်မြို့နယ်လမ်းပိုင်း၊ စိုင်နိုင်ကြီးရွာအနီး၌ ထောင်ထားသည့် လမ်းဘေးမိုင်းများကို ရှင်းလင်းနေစဉ် အခြားသော အဝေးထိန်းမိုင်းများ ပေါက်ကွဲခဲ့ပြီး ဗိုလ် ကြီး မိုးဇော်လက် ကျဆုံးခဲ့ခြင်း ဖြစ်သည်။

 

အလားတူ ဒေသခံ PDF များသည် မန္တလေး-ရွှေဘိုကားလမ်းပိုင်း၌ မကြာခဏ မိုင်းထောင်၊ မိုင်းခွဲခြင်းပြု လုပ်လျက်ရှိသည်။

 

စစ်ကိုင်းတိုင်းဒေသကြီးသည် PDF အဖွဲ့များ အားကောင်းလျက်ရှိသည့်ဒေသဖြစ်သလို ကျေးရွာအုပ်ချုပ်ရေး အဖွဲ့များ၊ ဒလံဟုစွပ်စွဲခံရသူများ၊ ပြည်ခိုင်ဖြိုးပါတီဝင်များသည် လုပ်ကြံသတ်ဖြတ်ခြင်း ခံရလျက်ရှိသည်။

 

Photo – ပြန်ဆက်

 

#PeopleMedia #စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ #ဝက်လက်မြို့

 

(unicode)


……………………………………………………..

 


 


 


 


 


 


 



Share this post