• Follow Us on

Home ဝက်လက်မြို့၌ ပြည်ခိုင်ဖြိုးပါတီဝင် လင်မယားနှစ်ဦး သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံရ

ဝက်လက်မြို့၌ ပြည်ခိုင်ဖြိုးပါတီဝင် လင်မယားနှစ်ဦး သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံရ

Share this post

စစ်ကိုင်း၊ အောက်တိုဘာ ၁၄ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ရှိမ်းမကားကျေးရွာတွင် နေထိုင်သည့် ပြည်ခိုင်ဖြိုး ပါတီဝင် လင်မယားနှစ်ဦးသည် ယနေ့ နံနက်ပိုင်းက သေနတ်ဖြင့် လုပ်ကြံခံရပြီး သေဆုံးခဲ့ပါတယ်။

 

ယနေ့ နံနက် ၁၁ နာရီအချိန်ခန့်၌ အဆိုပါ လင်မယားနှစ်ဦးသည် ဝက်လက်-ရှိမ်းမကားလမ်း၌ လုပ်ကြံခံရခြင်း ဖြစ်ပြီး အဆိုပါလုပ်ကြံမှုသည် ၎င်းတို့လက်ချက်ဖြစ်တယ်လို့ ဒေသခံ PDF အဖွဲ့က ထုတ်ပြန်ထားပါတယ်။

 

“အသတ်ခံရတာက ဟုတ်ပါတယ်။ ရွာကို ပြန်တဲ့လမ်းမှာ အသတ်ခံရတာ။ သတ်တဲ့သူတွေက အုပ်ချုပ်ရေးမှူး တွေကို လုပ်ကြံနေတဲ့ ဖောင်းဒိုင်း ဖောင်းဒိုင်း ဖောင်းဒိုင်းအဖွဲ့လို့လည်း သိရတယ်” ဟု ဝက်လက်မြို့နယ် ဒေသခံတစ်ဦးက ပြောပါတယ်။

 

စစ်ကိုင်းတိုင်းဒေသကြီး၌ ရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ပြည်ခိုင်ဖြိုးပါတီဝင်များ နှင့် အရပ်သားများကို မကြာခဏ လုပ်ကြံသတ်ဖြတ်ခြင်းခံရလျက်ရှိပါတယ်။

 

Photo – CJ

 

#PeopleMedia #ဝက်လက်မြို့နယ်

 

(unicode)


…………………………………………………………

 


 


 


 


 


 

Photo – CJ

 



Share this post